Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်

$
0
0

 
 
နေအိမ်မီးလောင်မှု အတွက် အိမ်ထောင်ဦးစီးဖြစ် သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် ကို မီးပေါ့ဆစွာသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေအိမ်မီးလောင်မှုဖြစ်ပွား ခဲ့သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်အား အောင်မြေသာစံမြို့နယ် ရဲတပ် ဖွဲ့မှူးက တရားလိုပြုလုပ်ကာ မီးပေါ့ဆစွာသုံးစွဲမှုအတွက် အိမ် ထောင်ဦးစီးအနေဖြင့် ဖြေရှင်း ပေးရန် နယ်မြေပိုင်ရဲစခန်းဖြစ် သည့် အမှတ်(၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ် နည်းအရ မီးပေါ့ဆစွာသုံးစွဲမှုအ တွက် အိမ်ထောင်ဦးစီးဖြစ်တဲ့ ဝန်ကြီးချုပ်ကို အမှုဖွင့်တာဖြစ်ပါ တယ်’’ဟု ၎င်းရဲအရာရှိက ပြော သည်။

မီးပေါ့ဆစွာသုံးစွဲမှုပြစ်မှု ပုဒ်မ ၂၈၅ သည် မီးလောင်မှု ကြောင့် ဆုံးရှုံးရသည့် ပစ္စည်း တန်ဖိုးအနည်းအများပေါ်မူတည် ကာ ဒဏ်ငွေရိုက် အရေးယူနိုင် သည့် ပြစ်မှုပုဒ်မဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် နေထိုင်လျက်ရှိသော မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၆၅) လမ်း၊ (၂၃)လမ်းနှင့် (၂၄)လမ်း ကြားရှိ နေအိမ်အဆောက်အအုံ မှာ ဧပြီ ၁၉ ရက် ည ၈ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နှစ်ထပ်အဆောက်အ အုံ၏အပေါ်ထပ်ပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ ကျပ် ၁၁ သိန်းတန်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း အမှုတွဲတွင် ဖော်ပြထားသည်။

နေအိမ်အပေါ်ထပ်ရှိ လေ အေးပေးစက်အတွက် အသုံးပြု ရန် တပ်ဆင်ထားသော Safe Guard အပူလွန်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု မီး လောင်မှု အမှုတွဲတွင်ဖော်ပြထား သည်။ မီးလောင်မှုဖြစ်ပွားရသည့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်စစ်ဆေးနေဆဲဖြစ် သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ သော အဆောက်အအုံမှာ ယခင် က တရားရေးဌာန၏ ဧည့်ဂေဟာ ဖြစ်ကြောင်း၊အစိုးရသစ်အပြောင်း အလဲတွင် ယင်းအဆောက်အအုံ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နေ အိမ်အဖြစ် သတ်မှတ်ခဲ့ပြီး လက် ရှိအချိန်တွင် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲ မြင့်နေထိုင်နေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေးရက်အကြာတွင် ဝန်ကြီးချုပ်ကိုယခုကဲ့သို့ အမှုဖွင့်အရေးယူခြင်းဖြစ်သည်။

Author: မောင်တာ

From: 7DAY DAILY

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...