Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးဝင်းတင် အသုဘ အကြောင်းပြု၍ အမြတ်ထုတ်မှုများကြောင့် တင်းမာမှုများ မြင့်တက်

$
0
0



ယနေ့ ပြုလုပ်သည့် ရေဝေးသုဿာန် ဦးဝင်းတင်၏ အသုဘတွင် နာမည်ကြီးလိုသူများ၊ လုပ်စားကြသူများနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဦးဝင်းတင်၏ ဈာပနကို အစအဆုံးတာဝန်ယူဆောင်ရွက်ပေးသည့် နာရေး ကူညီမှုအသင်းဥက္ကဌ၊ ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဦးကျော်သူက ကြိုတင်၍ အတန်တန် သတိပေးခဲ့သည့်ကြားမှ နိုင်ငံရေးလုပ်စားများ၊ နာမည်ကြီးလို၍ ၀င်ရောက် စွက်ဖက်သူများကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မြင့်မြတ်သူတစ်ဦးရဲ့ နောက်ဆုံးခရီးကို ငြိမ်းချမ်း၊သိမ်မွေ့ ၊နူးညံ့၊နွေးထွေး၊လွမ်းဆွတ်စွာဖြင့် အားလုံးစည်းလုံးညီညွတ်စွာပို့ ဆောင်ပါရစေဗျာ ။အခု မြင်နေရပြီ...ပွဲဆူအောင်၊ ပွဲပျက်အောင်၊သွေးထိုးလှုံ့ ဆော်မယ့်သူတွေ... သူတို့ ကိုငါတို့ တွေဦးအောင် ၀ိုင်းအုပ်ထားကြ! ရန်သူနဲ့ မတိုက်ရဘဲ မင်းတို့ နဲ့ တိုက်ရမယ်ဆိုလည်း ငါ ကတော့ လျှော့တိုက်မယ်လို့ တော့ မထင်လိုက်နဲ့ ဟေ့။ အသေရရအရှင်ရရဘဲကွ။ ဒီနေရာမှာဗြဟ္မစိုရ် တရားတွေဘာတွေ ငါမသိတော့ဘူးဆိုတာ မင်းတို့ နားလည်ထား” ဟူ၍ ဦးကျော်သူက စိန်ခေါ်ပြောကြားခဲ့သည်။
ဦးဝင်းတင်၏ ရုပ်အလာင်းကို သန့်စင်ပေးရာတွင်လည်း မိမိဓါတ်ပုံပါအောင် ရိုက်ခိုင်းပြီး အများပြည်သူ သိရှိစေရန် ဖြန့်ဝေခဲ့သော မိုးသီးဇွန်နှင့် ယင်းဓါတ်ပုံကို ထပ်ဆင့်ဖြန့်ဖြူးပေးကြသော NLD ပါတီထောက်ခံသူများအပေါ် တွင်လည်း အချင်းချင်း အချင်းများလျက် ရှိကြောင်း သိရှိရသည်။

ဦးဝင်းတင်၏ အသုဘတွင် နေရာရလိုသူများ၊ အခေါင်း လုထမ်းသူများ၊ ယခင်က နီးစပ်ခဲ့ခြင်းမရှိခဲ့ဘဲ အသုဘရောက်မှ အရေးပါ အရာရောက်လိုသူများ စသည်တို့မှာလည်း အသုဘအကြောင်းပြ ဆူပူလှုပ်ရှားလိုသူများနှင့် ရောထွေးကာ ဦးသန့်ဈာပနကဲ့သို့ လူထုအုံကြွမှု ဖြစ်ပေါ်လာစေရန် ကြိုးပမ်းမှုများ ရှိလာခဲ့သည်။
“သေတဲ့သူက သေသွားပြီ။ ဒါတွေသိလို့လည်း ဦးဝင်းတင်က မသေခင်မှာ ကြီးကြီးကျယ်ကျယ် မလုပ်နဲ့ အကြာကြီးမထားနဲ့ ချက်ချင်း အကျဉ်းရုံးပြီး အလောင်းမြေချဖို့ မှာသွားခဲ့တာ လို့ ထင်ပါတယ်။ အခုတော့ သူ ကြိုတင် စိုးရိမ်ခဲ့သလို ဖြစ်လာခဲ့ပြီ လို့ ပြောရမှာပေါ့။ နေကလည်း အရမ်းပူတယ်။ လူတွေကလည်း များတယ်။ တောကြောင်တွေကလည်း လက်ခမောင်းတွေ ခတ်တယ်။ ပြဿနာ မဖြစ်ဘဲ ပြီးသွားရင်ပဲ ကံကောင်းလှပြီ” ဟု ဦးဝင်းတင်အား လေးစား၍ နယ်မှ လာရောက်သူတစ်ဦးက ပြောကြားသည်။
အဓိကအချက်မှာ မျက်နှာ၇လိုသူများ၊ နေရာလိုချင်သူများ၊ ဓါတ်ပုံများတွင် ပါဝင်စေရန် လုပ်စားလိုသူများ များပြားလွန်းနေပြီး တမင်သက်သက် ဆူပူမှု ဖြစ်စေရန် လုပ်ဆောင်နေသူများ ရှိနေကြောင်း၊ ဦးဝင်းတင် သေတဲ့အထိ ပြဿ နာများ ကျန်ရစ်ခဲ့သည် ဟု ပြောဆိုခံရခြင်းမျိုး မဖြစ်စေလိုကြောင်း၊ ပရိဒေ၀တောက်လောင်နေသည့် ဦးဝင်းတင်၏ မိသားစု အသိုင်းအ၀ိုင်းကိုလည်း အားနာရန် လိုအပ်ကြောင်း ၄င်းက ပြောဆိုသည်။

“အခုဟာက ဦးဝင်းတင် ဆန္ဒသာမက သူ့မိသားစုရဲ့ ဆန္ဒတွေပါ ဘေးရောက်နေတယ်။ နိုင်ငံရေးသမားတွေကတော့ နိုင်ငံရေး အမြတ်ထုတ်ဖို့ပဲ စဉ်းစားကြမှာပေါ့။ အသုဘမှာလည်း မိသားစုက နေရာ မရဘူး။ နိုင်ငံရေးသမားတွေက ပရိုမိုးရှင်းလုပ်နေသလား အောက်မေ့ရတယ်။ အသုဘကို အမြတ်ထုတ်ကြတဲ့သူတွေကတော့ အော့နှလုံးနာစရာ သိပ်ကောင်းပါတယ်။ ၈၈ တွေရော NLD တွေရော အကုန်လုံးပါပဲ။ ကြည့်ရတာက ဦးဝင်းတင် ဈာပနက အဓိက မဟုတ်ဘဲ သူတို့ ပုံရိပ်မြှင့်တင်ရေး အတွက် အသုံးချနေကြတာ လို့ပဲ ယူဆမိပါတယ်။ နိုင်ငံရေးသမားဆိုတာ အသုဘတောင် မချန်ကြပါဘူး ဆိုတာ မှန်တယ်” ဟု အခြားနိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက် ပေးသည်။
From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...