ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာပွဲမှာ
ဖြည့်စွက်ဆုံးဖြတ်ချက်တစ်ခုအနေနဲ့ ရိုညာတွေကို လူနည်းစုအခွင့်အရေးပေးပြီး နိုင်ငံသား
အသိအမှတ်ပြုပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း သတင်းလေးဖတ်လိုက်ရပါတယ်.. ဒါဟာ အမေရိကန်ကို ကိုယ်စားပြုတဲ့ အသံဟုတ်.. မဟုတ်ကတော့ ဖြန့်ကျက်တွေးဖို့ လိုပါတယ်..
UN မှာ မြန်မာ့လူအခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ မဖတ်ကြားခင် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာပဲ ဂျွန်ကယ်ရီက မြန်မာ့လူ့အခွင့်အရေးတိုးတက်မှု့ ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်.. ဒါ့အပြင် သူ့ဌာနလက်အောက်မှာရှိတဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဗျူရို DRL အနေနဲ့ မြန်မာကို အကူအညီပေးသွားဖို့ ညွှန်ကြားခဲ့ပါတယ်..
မတ်လ ၁၂ ရက်နေ့မှာ အမေရိကန် နိုင်ငံရေးသံအရာရှိ Mr.Clint Fenning ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များ.. နိုင်ငံရေးနဲ့ လူမှု့ ရေးအဖွဲ့ အစည်း အသီးသီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်.. အမေရိကန်သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်မှာ ပြောကြားခဲ့တဲ့ ရိုညာစကားလုံးအတွက်လဲ တောင်းပန်
သွားပါတယ်.. နိုင်ငံတကာမှာ သုံးစွဲနေကျ စကားလုံးအဖြစ်နဲ့ သုံးစွဲခဲ့ခြင်း ဖြစ်ပြီး နောက်နောင်
ရှောင်ရှားသွားမယ်လို့လဲ ကတိပေးပြောကြားခဲ့ပါတယ်..
ဒါကတော့ လက်ရှိ မြန်မာ.အမေရိကန် တရားဝင်ဆက်ဆံရေးရဲ့ အခြေအနေကို သုံးသပ်ပြတာပါ.. ဒီအချိန်မှာ အတိုက်အခံ အမတ်တွေများတဲ့ အောက်လွှတ်တော်ကနေ ဒီစကားမျိုးထွက်လာတာ သိပ်တော့ မထူးဆန်းပါဘူး.. မြန်မာအစိုးရဘက်ကတော့ ဒီပြောကြားချက်အပေါ် တရားဝင် ကန့်ကွက်လိုက်ပါတယ်.. ဒီနေရာမှာ တစ်ခုသတိထားဖို့က ရိုညာလော်ဘီများအနေနဲ့ အမေရိကန်နိုင်ငံရေး လောကထဲ စိမ့်ဝင်လာနေတဲ့ အနေအထားပါ..
ရိုညာခေါင်းဆောင် ထွန်းခင်ဟာ ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းကစပြီး အောက်လွှတ်တော်အမတ် အသိုင်းအဝိုင်းကြား စတင်ဝင်ရောက်စည်းရုံးပါတယ်.. သမိုင်းအချက်အလက် အမှားတွေပေးပြီး မျက်ရည်ခံထိုးတာ အောင်မြင်တယ်လို့ ပြောရပါမယ်.. အမာခံ အမတ်တွေ ရခဲ့ပါတယ်.. ဝါကာအူဒင်ကြီးကတော့ ခြေလှမ်းကျဲတယ်လို့ ပြောရမှာပါ.. အိမ်ဖြူတော် ပန်းဥယျာဉ် ထိမ်းသိမ်းစောင့်ရှောက်ရေး ကန်ထရိုက်တစ်ခုကို ရအောင်ယူပြီး ခြေချနိုင်ခဲ့ပါတယ်..
အားလုံးရဲ့နောက်ကွယ်မှာတော့ အာရပ်အထောက်အပံ့တွေ ပါဝင်နေပါတယ်.. ငွေကြေးချမ်းသာလာပြီး
နိုင်ငံတကာမှာ လူကြီးလူကောင်းအဖြစ်ဝင်ဆံ့ဖို့ ကြိုးစားနေတဲ့ အာရပ်သူဋ္ဌေးများအတွက် Rohingya Issue ဟာ စိတ်ဝင်စားစရာ အကြောင်းအရာဖြစ်လာပါတယ်.. ဘာကြောင့်လဲဆိုရင် မွတ်ဆလင်ကမ္ဘာ သတင်းများနဲ့ ပတ်သက်ရင်သွေးစွန်းပြီး အများစိတ်မချမ်းမြေ့စရာတွေကြားထဲမှာ ရိုညာကိစ္စက သနားကရုဏာသက်စရာ.. မျက်ရည်ချူစရာ ဖြစ်နေပါတယ်.. လူအများစိတ်ဝင်စားစရာ ဖြစ်နေပါတယ်.. ဒီအချိန်တိုလေး အတွင်းမှာ အလှူငွေ ဒေါ်လာသန်းရာနဲ့ချီပြီး ရလာတယ်.. နိုင်ငံတကာဖိအားတွေရဖို့ ပိုကြိုးစားလာကြတယ်..
ဒီပြဿနာဟာ ကျွန်တော်တို့ ရေရှည် ဖြေရှင်းသွားရမဲ့ ကိစ္စပါ.. စိတ်ရှည်ဖို့ လိုပါတယ်.. မျက်စိဖွင့် နားစွင့်ထားဖို့ လိုပါမယ်.. အချင်းချင်း စည်းလုံးကြဖို့ လိုပါမယ်.. စိတ်ခံစားမှု့ နောက်မလိုက်ပဲ အချက်အလက်ကျကျ တုန့်ပြန်တတ်ကြဖို့ လိုပါမယ်.. ရန်သူဟာ ကျွန်တော်တို့ရဲ့ အားနာတတ်တဲ့ စိတ်ပျော့ကွက်မျိုးနဲ့ ပေါက်ကွဲလွယ်တတ်တဲ့ စိတ်မျိုးကို သိနေပါတယ်.. အကြံကြီးကြီးနဲ့ ထောင့်စေ့အောင် ချဉ်းကပ်လာတဲ့ ရန်သူကို အထင်သေး.. သတိလစ်လိုက်တာနဲ့ ပေးဆပ်လိုက်ရမှာတွေက အတိုင်းအဆမရှိ ကြီးမားပါတယ်.....။
Photo : VOA News
www.mmdailystar.com