ဒီနေ့ လေယာဉ်သတင်းတွေ လိုက်ဖတ်ရင်း ထူးဆန်းတဲ့အရာတစ်ခုတွေ့ခဲ့ရတယ် အဲဒါလေးဖတ်ကြည့်ပါဦး
“ ကျွန်တော်တို့လေယာဉ်ပြန်ပေးဆွဲခံရအပြီးမှာ အမည်မသိတဲ့ စစ်ဖက်ဖက်ဆိုင်ရာ လူတွေရဲ့ ဖမ်းဆီးထိမ်းသိမ်းခြင်းကိုခံခဲ့ရတယ် ။ ကျွန်တော်က IBM အတွက်အလုပ်လုပ်နေသူတစ်ဦးပါ ။ လေယာဉ်ပြန်ပေးဆွဲတုန်းက ကျွန်တော့် ဆဲလ်ဖုန်းကို ကျွန်တော်ပေါင်ကြားထဲ ၀ှက်ထားခဲ့တယ် ။ ကျွန်တော်အခု တခြားခရီးသည်တွေနဲ့တစ်နေရာစီမှာပါ ကျွန်တော့်မှာ အခု ဆဲလ်ဖုန်းရှိတယ် ကျွန်တော့်နာမည် Philiop Wood ပါ ကျွန်တော်ထင်တာကတော့ ကျွန်တော် ဆေးအရှိန်တွေရယ် ကြောင့် ဘာကိုမှ သဲသဲကွဲကွဲမတွေးနိုင်သေးဘူး ”
မှတ်ချက်ပေးသူအချို့ထဲမှာတစ်ယောက်ကတော့ ဒါဟာ British Indian Ocean Territory ရဲ့လက်ချက်လို့ဆိုတယ် ။ တည်နေရာကတော့ Diego Garcia Airport မှာ ပါတဲ့ ။
အဲဒီလူက ဖိုရမ်တစ်ခုမှာ အင်တာနက်ရခိုက် လှမ်းအကူအညီတောင်းတင်ခဲ့တဲ့ပုံပါ ။ သူတင်ခဲ့တဲ့ဖိုရမ်လင့်ကတော့ http://archive.4plebs.org/pol/thread/27834494/#27834944
ဖြစ်ပါတယ် ။
ရေးခဲ့သူ Philiop Wood ရဲ့ စာမျက်နှာကတော့ http://www.nydailynews.com/news/world/texas-family-missing-malaysia-airlines-passenger-hope-alive-article-1.1723968
ဖြစ်ပါတယ် ။
သူက ပုံတစ်ပုံနဲ့တင်ခဲ့တာပါ ။ ဘာမှမရှိတဲ့အမည်းရောင်သက်သက်ပုံတစ်ပုံပါ ။ ဒီတော့အဲဒီပုံကို ကျွမ်းကျင်သူတွေစစ်ဆေးကြည့်တဲ့အခါ
ကင်မရာ - Apple Iphone 5
မှန်ဘီလူး - iPhone 5 back camera 4.12mmf/2.4 shot at 4.1 mm
Flash - ပိတ်ထားသောအခြေအနေ
နေ့ရက် - မာ့ခ်ျ ၁၈ရက် ၂၀၁၄ 8:49 PM
တည်နေရာ - Latitude/longitude 7 ' 18” 58.3” south , 72 ' 25 ' 35.6” East
File - 320x240 JPEG
“ ဓါတ်ပုံက စိတ်ဝင်စားဖို့ကောင်းပါတယ် ဘာကြောင့်လည်းဆိုတော့ လုံးဝ အနက်ရောင်ပုံလည်းမဟုတ်ဘူး အဲဒီမှာ noise လေးတွေမြင်ရမယ် အကြီးချဲ့ကြည့်ရင်ပေါ့ သူက အ၇မ်းမှောင်နေတဲ့အခန်းထဲရောက်နေတဲ့ပုံပါ ။
ဓါတ်ပုံရိုက်ယူတဲ့နေ့ကတော့ မာ့ခ်ျလ ၁၈ ရက်နေ့ ၂၀း၄၉ နာရီမှာဖြစ်ပါတယ် ။
Wood Philip ဆိုတဲ့အသက် ၅၁ နှစ်လူဟာ တကယ်ပဲ USA ကနေလာတဲ့ခရီးသွားတစ်ယောက်ပါပဲ ။ ဒီသတင်းကို ဘယ် ဆိုက်မှာမှအကျယ်တ၀င့်မရေးထားပါဘူး ။ ကျွန်တော့်ဖတ်မိတဲ့လင့်ကတော့
http://infopanaz.blogspot.sg/2014/03/gempar-benarkah-ini-posting-penumpang.html
မှာဖြစ်ပါတယ် ။
======================================
ဒီတသင်းသာ မှန်နေမယ်ဆိုရင်တော့ လေယာဉ်ဟာ တကယ်ပဲ Diego Garcia Airport မှာ ၀ှက်ထားတာဖြစ်နိုင်ပါတယ် ။ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ လေယာဉ်တစ်စီးလုံးအစဖျောက်ထားပုံပါပဲ ။ ပြန်ပေးဆွဲပုံစံမျိုးနဲ့လူတွေအားလုံးကို ခွဲခြား ထိမ်းသိမ်းပြီးနောက်မှာ ဆဲလ်ဖုန်းကံကောင်းစွာ ပါသွားတဲ့ ၀ုဒ်ဖီးလစ်က အင်တာနက်အမြန်ဖွင့်ပြီး သူရှိနေတဲ့နေရာ ( အလုံပိတ်အမှောင်ခန်း ) ထဲမှာဓါတ်ပုံရိုက်ပြီး ဖိုရမ်တစ်ခုမှာ အကူအညီတောင်းခဲ့တာပါ ။
စိတ်ဝင်စားစရာအရမ်းကောင်းပါတယ် ။ မသမာ မှုကိုသာ မလေးအစိုးရ တကယ်လုပ်ခဲ့ရင် သို့မဟုတ် Terroist တွေ တကယ်လုပ်ခဲ့ရင် တော့
လူအားလုံးအသက်ရှင်ဖွယ်ရှိသေးတယ်လို့ မျှော်လင့်မိတယ် ။ ဒီသတင်းအမှန်ဖြစ်နိုင်ပါစေ ။ အဲဒီလင့်ကိုလည်း ကျွန်တော် ဘာတွေများထပ်တက်လာမလဲစောင့်ကြည့်နေပါတယ် ။
www.mmdailystar.com