Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်အလံကို အလေးပြုသင့်မပြုသင့်

$
0
0
အလံအကြောင်းဖတ်မိတာတစ်ခုလောက်ပြောချင်တယ်။ အခု Hot Topic ဖြစ်နေတဲ့ အလေးပြုတယ် မပြုဘူးကိစ္စမဟုတ်ပါဘူး။ အဲဒီနေရာမှာ ကိုယ်တိုင်လည်းရှိခဲ့တာမဟုတ်တော့ သိလည်းမသိသလို ထင်မြင်ယူဆချက်လည်းမရှိပါဘူး။ ပြောချင်တာက အဲဒါနဲ့ဆက်စပ်ပြီး အခုတလောခဏခဏဖတ်မိနေတဲ့ တချို့တွေရဲ့ပြောစကားပါ။ စစ်အစိုးရက သူတို့စိတ်ကြိုက်ပြောင်းခဲ့တဲ့အလံကြီးကို ဘာလို့အလေးပြုရမှာလဲ။   ပြည်သူ့ အလံမှမဟုတ်ဘဲ။ သုံးရောင်ချယ်ပိတ်စကြီးကို ငါတို့တော့ အလေးမပြုနိုင်ပါဘူး။ စသဖြင့်ပေါ့။ ဆိုလိုတာကတော့ အခုအလံက ပြည်သူ့ဆန္ဒမပါလို့ အလေးမပြုနိုင်ဘူး။ အရင်အလံဆိုရင်တော့ အလေးပြုမယ်ပေါ့။


အရင်အလံက ၁၉၇၄ ဦးနေ၀င်းအစိုးရလက်ထက်မှာပြောင်းခဲ့တာ။ အဲဒီမတိုင်ခင်သုံးတာက အနီရောင်အောက်ခံမှာ ကြယ်ဖြူတစ်လုံးကို ကြယ်ဖြူ ၅လုံးပတ်လည်ဝိုင်းထားတဲ့အလံကို အသုံးပြုခဲ့တယ်။ ကွန်မြူနစ်အလံကို မြင်ဖူးကြမယ်ထင်တယ်။ သူလည်းအနီရောင်အောက်ခံကိုပဲအသုံးပြုတယ်။ ပြီးတော့ တူနဲ့ တံစဉ်ကို ကန့်လန့်ဖြတ်ထားတယ်။ ဦးနေ၀င်းက ကပေါက်တိကပေါက်ချာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ Burmese Way Of Socialism (ဗမာ့နည်းဗမာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်) ဆိုပြီးသူများယောင်တိုင်း ယောင်လို့ရအောင် အလံကို ဆိုရှယ်လစ်လိုလို ကွန်မြူနစ်လိုလို ပုံစံကြီးပြောင်းပစ်လိုက်တာ။ တကယ်တမ်းက အလံမှာပါတဲ့ စက်သွားက တူကိုကိုယ်စားပြုပြီး၊ စပါးနှံက တံစဉ်ကိုကိုယ်စားပြုတာပဲလေ။ ပုံစံမတူပေမယ့် အဓိပ္ပါယ်ကိုယ်စားပြုတာက တူတူပါပဲ။ နောက်ပြီး ကွန်မြူနစ်အလံလို သူလည်း တစ်ခုနဲ့တစ်ခု ကန့်လန့်ဖြတ်ထပ်ထားတာပါပဲ။

ဆိုလိုချင်တာက အရင်အလံမကောင်းဘူး၊ အခုအလံကောင်းတယ်ပြောနေတာမဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ Mindset ကိုပဲပြောတာပါ။ အခုအလံက စစ်အစိုးရကြိုက်တာလုပ်လို့ အလေးမပြုဘူးဆိုတဲ့သူတွေက အရင်အလံတုန်းကလည်း လှိုက်လှိုက်လှဲလှဲပြုခဲ့တာမျိုး ရှိမယ်မထင်ပါဘူး။ အခုအလံက စစ်အစိုးရကိုကိုယ်စားပြုလို့ အလေးမပြုဘူးဆိုတော့ အရင်ဦးနေ၀င်းအစိုးရလုပ်ခဲ့တဲ့ ဆိုရှယ်လစ်အလံကြီးက ဒီမိုကရေစီနဲ့ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့သဘောလား။ ပြည်သူ့ဆန္ဒနဲ့လုပ်ခဲ့တယ်ဆိုတဲ့သဘောလား။

တကယ်တော့ အလံဆိုတာ ဘယ်လိုပဲပြောင်းလဲလာလာ နိုင်ငံတော်ကို ကိုယ်စားပြုပါတယ်။ မကြိုက်ခွင့်ရှိတယ်။ ဒါပေမယ့် စစ်အစိုးရအလံမို့လို့ အလေးမပြုနိုင်ပါဘူးဆိုတဲ့အကြောင်းပြချက်ကတော့ နည်းလမ်းမကျလှဘူး။

 ဒီအလံဟာ တရားဝင်ဖြစ်နေသရွေ့နိုင်ငံတော်ကိုကိုယ်စားပြုနေသေးသရွေ့ကိုယ့်သဘောနဲ့တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နိုင်ငံတော်ကို လေးစားသောအားဖြင့်တော့ အလေးပြုနေရမှာပါပဲ။ နယူးဇီလန်အလံနဲ့ သြစတြေးလျအလံတွေကိုမြင်ဖူးမယ်ထင်ပါတယ်။ အပြာနောက်ခံနဲ့ ဘယ်ဘက်ထောင့်အပေါ်မှာ ယူနိုက်တက်ကင်းဒမ်းကို ကိုယ်စားပြုတဲ့ ယူနီယံဂျက်တံဆိပ်နဲ့လေ။ အခုနယူးဇီလန်ကတော့ သူတို့အလံပုံစံကိုပြောင်းတော့မယ်လို့ ကြားမိပါတယ်။ ယူနိုက်တက်ကင်းဒမ်းကို ဥသျှောင်အဖြစ်အလေးပြုနေရတဲ့ပုံစံကို ကြိုက်ပုံမရဘူး။ ဒါပေမယ့် မပြောင်းနိုင်သေးတဲ့အချိန်၊ သူတို့အလံနိုင်ငံတော်ကို ကိုယ်စားပြုနေသေးတဲ့အချိန်ထိတော့ အလေးပြုနေတုန်းပဲထင်တာပဲ။ အလံကြီးက ဗြိတိန်အလံကြီးကွာ အလေးမပြုဘူးဆိုတဲ့သူတွေ ရှိမယ်မထင်ဘူး။ အလံကိုမကြိုက်လို့ အလေးမပြုဘူးကွာဆိုတဲ့သူတွေစဉ်းစားကြည့်ဖို့ပါ။

ကုန်းဘောင်မင်းဆက်မှာတော့ မြန်မာ့အလံဟာ ဥဒေါင်းတစ်ကောင်တည်းပုံစံပါ။ ဗြိတိန်အုပ်ချုပ်မှုပြီးတော့ ကြယ်ငါးလုံးအလံမတိုင်ခင်မှာ အခုလိုသုံးရောင်ချယ်နောက်ခံနဲ့ ဥဒေါင်းကို သုံးဖူးတယ်လို့ဖတ်ဖူးခဲ့တယ်။ အလံတွေကတော့ အမျိုးမျိုးပြောင်းနေတာပဲ။ ဒါပေမယ့် အလံတစ်ခုဟာ မြန်မာနိုင်ငံတော်ကို တရားဝင်ကိုယ်စားပြုနေသရွေ့တော့ ကျွန်တော့်အနေနဲ့ လှိုက်လှိုက်လှဲလှဲအလေးပြုနေဦးမှာပါပဲ။


From: သူရိန်လှိုင်ဝင်း 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>