Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်အလံကို အလေးမပြုသူကိုနိုင်ငံသားအဖြစ် မသတ်မှတ်နိုင်ကြောင်း မကွေးဆရာတော်မှ မိန့်ကြား

$
0
0



မကွေးဆရာတော် အရှင်ဦးပါမောက္ခက မိမိနိုင်ငံ၏ တည်ဆဲဥပဒေကိုမလိုက်နာ၊ မိမိနိုင်ငံ၏အလံကို အလေးမပြုသူများကို အမိနိုင်ငံ၏ နိုင်ငံသားအဖြစ် သတ်မှတ်ရန်အပြင်းအထန် ကန့်ကွက်ကြောင်း ကို မတ်လ ၂၆ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားခဲ့သည်။

"နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်တဲ့အရေးကို နိုင်ငံရေးလို့ခေါ်တယ်။ ကျုပ်တို့နိုင်ငံရေးကို ပြည်ပမှဝင်ရောက်စွက်ဖက်တာ ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ မိမိက နိုင်ငံသားတော့ခံယူချင်တယ် နိုင်ငံရဲ့ တည်ဆဲဥပဒေကိုတော့ဖြင့် မလိုက်နာ နိုင်ငံတော်အလံအလေးမပြုတဲ့သူ
တွေကို ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံသားဖြင့် မသတ်မှတ်နိုင်ပါ"ဟု ဆရာတော် ဦးပါမောက္ခခက ဆန္ဒဖော်ထုတ်ပွဲတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Dhakka Tribume ၏ ရေးသားချက်ဖြစ်သည့်ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသများကို စစ်တကောင်းနယ်မြေ အဖြစ်ထည့်သွင်း ရန် ကြေညာချက်ကို ဘုန်းကြီးများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့မှအပြင်းအထန်ကန့်ကွက် ကြောင်း ဆန္ဒပြပွဲတွင် သဘောထား ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် လူအင်အား ၅၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြပြီး ဗဟန်းမြို့နယ် ဘင်္ဂလားဒေ့ရှ်သံရုံး တွင် စုရပ်ထားကာ ထိုနေရာမှ မြေနီကုန်း ပြည်သူ့ရင်ပြင်ထိ နေ့လည် ၁ နာရီ၌ စုဝေးဆန္ဒပြခဲ့ကြသည်။

From: Myanmar times

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ထိုင်းနိုင်ငံဟာ လှပဆဲလို့ သင်ထင်နေဆဲလား. (လိပ်ကျွန်းလူသတ်မှု တွင် အသတ်ခံရသူ...


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


TTA Oreo Gapp Installer


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...