Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈ နှစ်သားလေးနဲ့ အတူအိပ်ခဲ့တဲ့ အမျိုးသမီး ထောင် ၂ နှစ်ကျ

$
0
0

အသက် ၈ နှစ်သား ယောက်ျားငယ်နဲ့ လိင်ဆက်ဆံလို့ ထောင် ကျသူ မစ္စ လော်ရင်း မောရစ်၊ ဓာတ်ပုံ- The Mirror



အခုကိစ္စက အသက် ၈ နှစ်သာ ရှိသေးတဲ့ ယောက်ျာလေးငယ် တဦးနဲ့ အသက် ၁၆ နှစ် မိန်းကလေးတို့ ကိစ္စပါ။

အခု အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကလေး တယောက်အမေ မစ္စ လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်
အောက် လူငယ်လေး တဦးနဲ့ လိင်ဆက်ဆံခဲ့တာကြောင့် စွဲချက် ၃ ခု နဲ့ ပြီးခဲ့လက တရားစွဲခံခဲ့ရပြီး ဗြိတိန်နိုင်ငံ Worcester တရားရုံးက ပြစ်မှု ထင်ရှားရှိ တာတွေ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

လော်ရင် မောရစ်ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက အသက် ၈ နှစ်အရွယ် လူငယ်ကလေးနဲ့ အတူ အိပ်ပြီး ၂ နှစ်ကျော် ကာလအတွင်း အကြိမ် ၅၀ ကျော် လိင် ဆက်ဆံခဲ့တယ်လို့ The Mirror သတင်းတပုဒ် မှာ တွေ့ပါတယ်။

တရားရုံးကတော့သူ့ကို ထောင်ဒဏ်နဲ့ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါပြီ။ ဒါပေမယ့် သူက တရားရုံး မှာ ပြန်လျှောက်ထား ရာမှာတော့ သူ ၁၆ နှစ် သမီးတုန်းက အသက် ၈ နှစ်သားနဲ့ အတူအိပ်ပြီး လိင်ဆက် ဆံခဲ့တာကို မှားမှန်းသိလို့ သူ ဆက်မ လုပ်တော့ပဲ ရပ်ပစ်ခဲ့တယ်လို့ သူက တရားသူကြီးကို တင်ပြတယ်။

တရားသူကြီး Robert Juckes QC က ဒါဟာ ရှက်ဖွယ်လိလိဖြစ်တယ်လို့ သူ့ကို ပြောလိုက်ပြီး ပြစ်မှုမြောက် လို့ ထောင် ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။

ထောင်ဒဏ်အပြင် လော်ရင်း မောရစ်ကို အသက် ၁၆ နှစ်အောက် ယောက်ျားလေးတွေနဲ့ အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်လည်း အမိန့်ချမှတ်ပါတယ်။

အသက် ၁၆ နှစ်အောက် ယောက်ျားလေး မိဘတွေရဲ့ ခွင့်ပြုချက် မရှိရင် ဆက်သွယ်ခွင့်တောင် မရှိပါဘူး တဲ့။
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>