Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ခင်ဗျားတို့  ပြောတဲ့  စစ်အာဏာရှင်

$
0
0


=====================
တပ်မတော် ကို အမြင်မကြည်လင်တဲ့ သူတွေနဲ့ ……
ဆွေးနွေး ငြင်းခုန် ကြလို့ …
တပ်မတော်ဘက်က ပြန်ပြီး မေးခွန်းထုတ်တဲ့ အခါတိုင်း….
အတွေ့ များလေ့ ရှိတဲ့စကားလုံးက ……
ငါတို့ က စစ်အာဏာရှင်ကို မုန်းတာ….
စစ်သားတွေကို မမုန်းဘူးဆိုတဲ့  စကားလုံးပါပဲ……

အဲဒီအခါမှာ…..
စစ်အာဏာရှင်ဆိုတာ ဘယ်သူလဲဆိုတဲ့  ….
မေးခွန်းတစ်ခု ထွက်ပေါ်လာပါတော့တယ်……

ပြောရရင်တော့ ….
အတော် သနားစရာကောင်းပါတယ်….
ကဲ ..ပြောပါအုန်း …..
စစ်အာဏာရှင်က ဘယ်သူ တွေလဲ …..
ဘယ်သူ့ ကို စစ်အာဏာရှင်လို့ သတ်မှတ်မလဲလို့ ….
မေးခွန်းထုတ်လိုက်တဲ့ အခါတိုင်း….
အိုးနင်းခွက်နင်း ဖြစ်ကုန်တော့တာပါပဲ…..

သန်းရွှေ မောင်အေး ပြောတဲ့ သူ က ပြော…..
လက်ရှိ ကာချုပ် လို့ ဆိုသူ က ဆို ..
ဗိုလ်ချုပ် တွေ လို့ စွပ်စွဲသူက စွပ်စွဲ …..
ဟ…အရာရှိ အားလုံးပေါ့ကွ လို့ …..
ဝါးလုံးနဲ့ သိမ်းရိုက်သူက ရိုက်…..
နည်းနည်း စဉ်းစားတတ်တဲ့ သူကတော့
နောက်ဆက်တွဲ လာတော့မယ့် မေးခွန်းတွေကို သဘောပေါက်ပြီး …..
ရူးသလို ပေါသလို …..
အတိတ်မေ့သလို ရွှေပျောက်သလို လုပ်ပြီး……
တစ်ချိုးတည်း လစ်ပါတယ်…..

နိုင်ငံတိုင်းက တပ်မတော် အားလုံးဟာ….
လုပ်ငန်း လိုအပ်ချက်အရ…..
အာဏာရှင်စနစ် နဲ့ ပဲ ဖွဲ့ စည်း အုပ်ချုပ်ခြင်း ခံရပါတယ်…..

မတစ်ထောင်သား တွေကို ….
လူသတ် လက်နက်တွေ ထုတ်ပေးထားရတာ ဖြစ်လို့ ….
လူတစ်ဦးချင်းရဲ့  ခံစားချက်ကို လဲ …..
အလေးပေး စဉ်းစားလို့ မရနိုင်ဘူးဆိုတာ….
သေချာ စဉ်းစားကြည့်ရင်လဲ…
သဘောပေါက်ပါလိမ့် မယ်…..

ရာထူးအဆင့်လိုက် အုပ်ချုပ်…..
ပေးတဲ့ အမိန့် ကို နာခံ….
မတရားတဲ့ အမိန့် လို့ ယူဆလို့ …..
မနာခံချင်ဘူး ဆိုရင်တောင်မှ…
လုပ်ထုံးလုပ်နည်းတွေ နဲ့ အညီ ….
စနစ်တကျပဲ မလိုက်နာဖို့  ငြင်းပယ်ဖို့ လုပ်ရတဲ့ အကြောင်း …..
အခါခါ ရှင်းပြထားပြီးလဲ ဖြစ်ပါတယ်…

အဲတော့ ဆိုရရင်….
စစ်တပ်ဆိုတဲ့ အဖွဲ့ အစည်းဟာ….
ဒီမိုကရေစီ ..အနှစ် ၃၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ….
အနောက် နိုင်ငံကြီးတွေ မှာတောင်မှ….
ကျန်တဲ့ အဖွဲ့ အစည်းတွေနဲ့ ယှဉ်ရင်…..
ဒီမိုကရေစီ အလေ့အထ အနည်းဆုံး အဖွဲ့ အစည်းပါ….
အာရှနိုင်ငံတွေ ဆိုရင်တော့ ….
စဉ်းစားကြည့်ရုံနဲ့ တင် ….
ဘယ်လိုဆိုတာ သဘောပေါက်နိုင်ပါတယ်….

တပ်ထဲက ဗိုလ်ချုပ်တွေ အကုန်ထုတ်….
ဖြစ်မလားဗျာ…..
နောက်လာမယ့် လူကရော…
ဒီစနစ် ဒီခေတ် ….
ဒီရေခံ မြေခံ….
ဒီလုပ်ငန်း လိုအပ်ချက်တွေ အတွင်းမှာ…..
ဒီလိုပဲ ဆက် အုပ်ချုပ်ရမှာပါပဲ….

ဒါကြောင့် အရှင်းဆုံးပြောရရင်…..
စစ်တပ်မှာ
အာဏာရှင်ဆိုတာ လိုက်ရှာရှင်တော့…..
ကာချုပ် ကနေ အောက်ဆုံး ရဲဘော်ထိ ….
အကျုံးဝင်ပါတယ်……
ရဲဘော်မှာတောင်….
ကိုယ်ပိုင်နံပါတ် စီနီယာ ကျတဲ့သူက……
ဂျူနီယာ ကျတဲ့ သူကို အမိန့် ပေးရတတ်လို့ ပါ…..။

ဒါဆို …လူတွေ မုန်းနေတဲ့  အာဏာရှင်တွေက…..
မိုးပေါ်က ကျလာသလားလို့ မေးရင်….
မဟုတ်ပါဘူး…..
စနစ်ကနေ မွေးဖွားပေးလိုက်တာလို့ ….
ရှင်းချင်ပါတယ်…….

တပ်မတော် ဟာ…..
တိုင်းပြည် ပြိုကွဲတော့မယ့် အခြေအနေလို့ ယူဆလို့ 
(သူ့ အမြင်ပေါ့ဗျာ ... ဇွတ်ဝင်ငြင်းဖို့ လုပ်မနေနဲ့ အုန်း)….
အာဏာကို ထိန်းသိမ်းရယူလိုက်တဲ့  အတွက်….
အုပ်ချုပ်ရေးအာဏာ ( အစိုးရအဖွဲ့ )….
ဥပဒေပြုရေး အာဏာ ( လွှတ်တော်)….
တရားစီရင်ရေး အာဏာ ( တရားရုံးချုပ် ) စတဲ့ …..
အာဏာသုံးရပ်ကို သူတစ်ဦးတည်းက ချုပ်ကိုင်လိုက်ပါတယ်….

ခဏတစ်ဖြုတ်ဆိုရင် သိပ်မသိသာပေမယ့် ….
ငြိမ်းချမ်းရေး ရဖို့ ….
တပ်က အင်အားရှိမှ ရမယ်ဆိုတဲ့ အယူအဆ အရ…..
တပ်ကို တည်ဆောက်ချိန်မှာ…
၂၂ နှစ်လောက် ကြာသွားခဲ့ပြီး ….
အာဏာရှင် စနစ်ရဲ့ ဆိုးကျိုးတွေကို ….
တိုင်းပြည်ရော…..
သူကိုယ်တိုင်ပါ ခံစားရပါတော့တယ်….

အခု လူအများ ၀ိုင်းလက်ညှိးထိုးနေကြတဲ့ …
မသမာမှုတွေဟာ လူကြောင့် ဖြစ်လာတာမဟုတ်ပဲ ….
Check & Balance ပျက်သွားတဲ့ စနစ်တွေကြောင့် ….
အလွယ်တကူ လုပ်လို့ ရသွားပြီး….
ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်….

အလွယ်ဆုံး ဥပမာပြရရင် …..
စစ်အုပ်ချုပ်ရေး ကာလက ….
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ….
အာဏာရှင်လို့ ဆိုနိုင်ပါတယ်….
အခု သူ့ ကို အားပြိုင်နေတဲ့ …..
လွှတ်တော်….
အတိုက်အခံ……
တိုင်းရင်းသား…..
တရားရုံးချုပ် (မပီပြင်သေးပါဘူး)…
စတာတွေကြောင့် …..
အာဏာရှင် မဟုတ်တော့တဲ့ …..
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဖြစ်လာပါတယ်……

သုံးသပ် ကြည့်ရ သလောက်ကတော့ ….
လက်ရှိ အတိုက်အခံအတော်များများဟာ…..
ဒီမိုကရေစီကို လိုချင်တာမဟုတ်ပဲ …..
တော်လှန်ရေးကို လိုချင်တာ ဖြစ်ပုံ များပါတယ်….
မြန်မာ့ နွေဦးကို သဘောမကျပါဘူး ….
အာရပ် နွေဦးကိုပဲ နှစ်ခြိုက်ပါတယ်….

ဒါမှ သွေးထွက်သံယို တွေ …
ဂလဲ့ စားချေမှုတွေ ….
ပြည်သူ နာမည်တပ်ထားတဲ့ …
အာဃာတ ခုံရုံး တွေ…..
ဖြစ် လာတော့ မ ကိုး…။

အတိုက်အခံ အုပ်စုတွေ နဲ့ မီဒီယာ တစ်ချို့ ခင်ဗျား…..…..
ခင်ဗျားတို့ စဉ်ဆက်မပြတ် ရေးသားနေတဲ့ စာတွေကို ကြည့်ပြီး …..
မေးခွန်းတစ်ခု ထုတ်လိုပါတယ်……

ခင်ဗျားတို့ 
အရင် ချေးခြောက် တွေကိုပဲ ရေ အထပ်ထပ်နူး….
ရိုးသားတဲ့ လူထုကို ….
အမုန်းတရားတွေကို မူးနေအောင် သောက်ခိုင်းပြီး….
တော်လှန်ရေးကြီး နောက်တစ်ခု …..
ဆင်နွဲ ချင်နေတာလား …ခင်ဗျာ….

အရင် ခေတ်ရဲ့ မသမာမှုတွေကို ဖော်ထုတ်အရေးယူဖို့ က…..
တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး ….
ဒီမိုကရေစီ အသားကျလာမယ့် အရေးထက် ….
နံပါတ်စဉ် အရှေ့ မှာ ပိုရှိသလားဗျာ…..

ဒီလိုပြောလို့ ....
ဒါတွေကို ကာကွယ်ချင်လို့ လို့  မထင်ပါနဲ့ …..
ခင်ဗျားတို့ လုပ်လို့ ရရင် …
လုပ်နိုင်တဲ့ အခြေအနေကြရင် လုပ်ကြပါ ….
ပြန်ဖော်ထုတ်ပါ…….အရေးယူပါ….
အခု လက်ရှိ…..
ပန်းထိမ် မတတ်ခင်တော့ ….
ရွှေခိုး မသင်ချင်ကြပါနဲ့ အုန်းဗျာ….

အဲဒီခါ ကျရင် ကျုပ်တို့ စစ်တပ်ထဲက ….
အာဏာရှင် အကြီး အသေး အလတ်လေးတွေကလဲ….
ခင်ဗျားတို့ ကို …
အားကြိုးမာန်တက် မထောက်ခံပဲ ရှိမလားဗျာ….

နောက်ဆုံးအနေနဲ့ တစ်ခုမေးချင်တာတာက….
ခင်ဗျားတို့ ပြောပြောနေတဲ့ ….
အခု လက်ရှိ စစ်တပ်ထဲက အာဏာရှင်ဆိုတာ ….
ဘယ်ကောင်ကြီးလဲ ဗျာ…..
ကျွန်တော့်ကို လက်ညှိးထိုးပြပေးပါဦး……..။

( အာဏာရှင် ပေါက်စ ရဲမိုး )
 
From: Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837