Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆီးရီးယား စစ်စခန်းများကို အစ္စရေးတိုက်ခိုက်

$
0
0


တဲလ်အဘစ်၊ မတ် ၁၈

ဂိုလန်ကုန်းမြင့်ဒေသ၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အစ္စရေး စစ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ကို လက်စားချေသည့် အနေနှင့် ဆီးရီးယား စစ်စခန်းများကို အစ္စရေးစစ်တပ်က ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား စစ်ဌာနချုပ်တစ်ခု၊ လေ့ကျင့်ရေး နေရာတစ်ခုနှင့် အမြောက်စခန်းတစ်ခုတို့ အပါဝင် အခြားသော စစ်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ထုတ်ပြန်သည်။

အင်္ဂါနေ့ ဗုံးပေါက်ကွဲမှုတွင် အစ္စရေး တပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီးနောက် ယခုကဲ့သို့သော လက်စားချေ တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံရေး မငြိမ်သက်မှုများ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ အစ္စရေးနှင့် ဆီးရီးယား တပ်ဖွဲ့ဝင်များသည် ဂိုလန် ကုန်းမြင့်ဒေသရှိ အပစ်အခတ် ရပ်စဲရေးမျဉ်းကို ကျော်လွန်ပြီး မကြာခဏ အပြန်အလှန် တိုက်ခိုက်လျက်ရှိသည်။

လက်ရှိ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ဆီးရီးယား စစ်စခန်းများကို ညအချိန် လေယာဉ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယား ထိန်းချုပ်ထားသည့် နယ်မြေအတွင်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ဝင်ရောက် ကူညီခဲ့တဲ့ ဆီးရီးယား စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဂိုလန် ကုန်းမြင့်ဒေသမှာ ဆီးရီးယား အနောက်တောင်ပိုင်းတွင် ရှိသည့် ကျောက်ထူထပ်သော တောင်ကုန်းဒေသ ဖြစ်ပြီး နိုင်ငံရေးနှင့် မဟာဗျူဟာရေးရာ အရေးပါသည့် နယ်မြေတစ်ခု ဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်း စစ်ပွဲ အဆုံးသက်ခါနီး ကာလတွင် ဂိုလန် ကုန်းမြင့်ဒေသကို ဆီးရီးယားနိုင်ငံထံမှ အစ္စရေးတို့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆီးရီးယားနှင့် အစ္စရေး နှစ်နိုင်ငံမှာ စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေတွင်သာ ရှိနေသေးပြီး ကီလိုမီတာ ၇၀ ရှည်လျားသည့် စစ်ရပ်စဲရေးဇုန်ကို ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များက စောင့်ကြပ် ပေးနေရသည်။

သို့သော်လည်း ဆီးရီးယား ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည့် ကာလမှစ၍ အစိုးရ တပ်ဖွဲ့ဝင်များနှင့် သူပုန် တပ်ဖွဲ့ဝင်များမှာ နှစ်နိုင်ငံကြားရှိ ကြားခံနယ်ကို မကြာခဏ ဖြတ်ကျော် ဝင်ရောက်လျက် ရှိသည်။

အဆိုပါ နယ်ခြားဒေသမှာ အစ္စရေးနိုင်ငံအပေါ် ရန်လိုသော ဂျီဟတ်ဝါဒီများ၊ ရှီးယားဟစ်ဇဘိုလာ စစ်သွေးကြွများနှင့် ပြည့်နက်နေကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်မဲ့ဇုန်အနီးရှိ ခြံစည်းရိုးအနီး ဝင်ရောက် ဗုံးထောင်ရန် ကြိုးပမ်းသော ဟစ်ဇဘိုလာ စစ်သွေးကြွနှစ်ဦးကို အစ္စရေး တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ရသည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများကို ဆီးရီးယား အစိုးရအဖွဲ့က ယခုအချိန်ထိ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပေ။
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆေးစွမ်းထက်သော မြက်မုန်ညှင်းပင်


လုလုအောင် HD အသစ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တပ်မတော်(ရေ)၏ Combined Fleet Exercise (Sea-Shield 2014)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>