Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်များကြောင့် မီဒီယာကိုမီဒီယာဖြင့်တုံ့ပြန်ရန် ဆရာတော်ဦးဝီရသူက မီဒီယာသင်တန်းပေး

$
0
0
 ပြည်တွင်းပြည်ပ သတင်းမီဒီယာ များတွင် ရေးသားဖော်ပြနေသာ သတင်း များသည် တစ်ဖက်စောင်း နင်း ရေးသား ဖော်ပြချက်များဖြစ်နေသောကြောင့် မီဒီ ယာကို မီဒီယာဖြင့်တုံ့ပြန်နိုင်ရန် သတင်း မီဒီယာသင်တန်းများ ပို့ချနေကြောင်း မန္တလေးမစိုးရိမ်တိုက်ဆရာတော် ဦးဝီရ သူက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ဖုန်းဖြင့် မိန့်ကြားသည်။

''မီဒီယာတွေက သတင်းမျှမျှတတ မရှိဘူး။ တစ်ဖက်စောင်းနင်းတယ်။ နိုင်ငံ ရေးမှာလည်း တစ်ဖက်စောင်းနင်း နိုင်တယ်။ ရခိုင်လူမျိုးတွေဟာဆိုရင် ရုပ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှုတွေ များတဲ့အတွက် မီဒီယာကိုမီဒီယာနဲ့ ပြန် တုံ့ပြန်တဲ့ သဘောအနေနဲ့ သင်တန်းပေး ရတာဖြစ်ပါတယ်''ဟု ဆရာတော်က မိန့် သည်။

အထူးသဖြင့် ဆရာတော်ဦးဝီရသူ ပို့ချပေးနေသည့် သတင်းမီဒီယာ သင် တန်းတွင် သတင်းရေးသားမှု၊ သတင်းစု ဆောင်းမှု၊ သတင်းတည်ဆောက်ပုံ၊ ဖေ့စ် ဘွတ်ခ်အသုံးပြုခြင်းဖြင့် အကျိုးရှိပုံ၊ အ ကာအကွယ် ရယူပုံနှင့် ဓာတ်ပုံ၊ ကင်မရာ ပိုင်းဆိုင်ရာ အသုံးပြုပုံဟူ၍ အပိုင်း သုံး ပိုင်း ပါဝင်သည်ဟု ဆိုသည်။

ဆရာတော်ဦးဝီရသူ၏ သတင်းမီဒီ ယာသင်တန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းသမားများကွန်ရက် အတွင်းရေး မှူးလည်းဖြစ်၊ လက်ရှိသတင်းမီဒီယာသင် တန်းဆရာလည်းဖြစ်သူ ဦးမြင့်ကျော်က ''သတင်းမီဒီယာတွေမှာ လိုအပ်ချက်တွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါကြောင့်လဲ သတင်းမီဒီယာဖွံ့ဖြိုးရေး အတွက် တတ် နိုင်သလောက်လုပ်တာပါ''ဟု ပြောသည်။

ယင်းကဆက်လက်ပြီး''သတင်းရေး သားမှုဖော်ပြချက်တွေက မမျှတဘူးလို့ ဆိုရအောင်လဲ မျှတဖို့လို့ ပြောတဲ့သူတွေ ကိုယ်တိုင်ကရော တကယ်မျှတမှုရှိရဲ့လား ဆိုတာ မေးစရာရှိပါ တယ်။ ဟောပြော တဲ့ သူတွေ ကိုယ်တိုင်ကလဲ ကိုယ့်ရဲ့အယူ အဆတွေက တကယ်မျှတမှုရှိရဲ့လားဆို တာ ပြန်စဉ်းစား သင့်တယ်''ဟု မှတ်ချက် ပေးသည်။

ဆရာတော်ဦးဝီရသူအနေဖြင့် ယခု လိုမီဒီယာသင်တန်းများကို ရခိုင်ပြည်နယ် တွင်သာ အဓိက သင်ကြားပေးသွားမည် ဖြစ်ပြီး ယခုအခါ သင်တန်းပေါင်း ၁ဝခု ခန့် သင်ကြားပေးခဲ့ပြီးဖြစ်ကာ သင်တန်း တစ်ခုလျှင် သင်တန်းသား ၅ဝ မှ ၁ဝဝ ကြားရှိသည်ဟု သိရသည်။


From: Yangon Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>