မောင်တောမြို့ နယ်အတွင်း မတ်၉ရက်က ဖြစ် ပွား ခဲ့ သော ဒုချီးရာတန်ရွာမီးလောင်မှုမှာ မီးရှို့မှုဖြစ်ပြီး မီးရှို့သူ ဘင်္ဂါလီ လူမျိုး ဆော်လီမူလာဆိုသူမှာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြောင်း ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့မှသိရသည်။
““မတ်၉ရက်က ဒုချီးရာတန်ရွာ မှာ ဖြစ်ပွားခဲ့တဲ့မီးလောင်မှုကို စစ်ဆေး ကြည့်တော့ ဘင်္ဂါလီလူမျိုး ဆော်လီ မူလာဆိုတဲ့သူက သူ့အိမ်ကို ဓာတ်ဆီ လောင်းပြီး မီးရှို့ခဲ့တာဆိုတာကိုသိရ တယ်။ အဲဒီလူက ဒုချီးရာတန်ရွာမှာ ဖြစ်ခဲ့တဲ့ ရဲတပ်ကြပ် ကြီးအောင်ကျော် သိန်းအသတ် ခံရမှုနဲ့ပတ်သတ်ပြီး သံ သယရှိလို့ ဖမ်းဆီးစစ်ဆေးခံရတဲ့အ ဖွဲ့ထဲမှာပါတဲ့သူ။ ဒါပေမဲ့ နိုင်ငံတကာ ကနေ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုပြီး အော်နေလို့ အာမခံနဲ့ပြန်လွှတ် ပေးထားတဲ့အချိန်မှာ အိမ်ကို မီးရှို့ပြီး ဘင်္ဂလားဒေရှ့်နိုင် ငံဘက်ကို ထွက်ပြေး သွားတာ””ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင် က ပြောသည်။
ဆက်လက်၍ ဘင်္ဂါလီများအနေ ဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေး ချမ်းမှု ပျက်ပြားစေရန် အတွက် ပြည်ပ အဖွဲ့အစည်းအချို့၏ အကူအ ညီများ အားရယူကာ အကွက်ကျကျ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းင်းက ထပ်မံပြောကြားသည်။
ထိုမီးလောင်မှုမှာ မတ်၉ရက် နံနက် ၁ဝနာရီ ၅မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးသတ်ဦးစီးဌာနမှမီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ် မှုကြောင့် အဆိုပါနေ့ နံနက်၁၁နာရီ ၄၅မိနစ်တွင် မီးငြိမ်းသွားခဲ့သော်လည်း ထိုမီးလောင် မှုကြောင့် ဗလီတစ်လုံး နှင့် အိမ်ခြေ(၁၂)လုံး မီးလောင်ပျက် စီးခဲ့ကာ ကျပ်၆၄သိန်းကျော်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
““အခုဒုချီးရာတန်းမှာ နံနက်ပိုင်း နဲ့ နေ့ခင်းပိုင်းတွေဆိုရင် မိန်းမတွေနဲ့ ကလေးတွေပဲကျန် တယ်။ ယောက်ျား တွေ တစ်ယောက်မှမရှိတော့ဘဲ တစ် ဖက်နိုင်ငံမှာ သွားပုန်းနေတယ်။ ည ရောက်မှ ပြန်ရောက် လာတာမျိုးတွေ လဲရှိတယ်။ သူတို့ဘာသာသူတို့ သွား နေတာကို ဒီဖက်ကပဲ သတ်နေလို့၊ မတရားဖမ်းဆီးနေလို့ ထွက်ပြေးနေ ရတဲ့ပုံစံမျိုးနဲ့ နိုင်ငံတကာမီဒီယာအ ချို့ကနေ မဟုတ်မမှန်ရေးသားနေကြ တာက အကွက်ကျကျလုပ်နေတယ် လို့ယူဆတယ်””ဟု ဦးဝင်းမြိုင်က ထပ်မံ ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ မောင် တောမြို့နယ်ရှိ ဆင်သေပြင်ကျေးရွာ တွင် မတ်၁၀ ရက် နေ့လည် ၁နာရီ ၃၅မိနစ်၌ ဆင်သေပြင်ကျေးရွာနေ ဦးရော်ချီးဒူလာ၏ ဓနိမိုး၊ ထရံကာနေ အိမ်တွင် မီးဖိုမီးကြင်းမီးကျန်မှတစ် ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆင်သေ ပြင်ကျေးရွာရှိ ဓနိမိုးထရံကာမြေစိုက် အိမ် ၃၂လုံးနှင့် ထိုရွာနှင့်ကပ်လျက် ရှိသော ဖန်မြောင်းကျေးရွာသို့ ဆက် လက်မီးကူးစက်ခဲ့ပြီး အိမ်ခြေရ၁လုံး ထပ်မံမီးကူးစက်လောင် ကျွမ်း ခဲ့ကြောင်း နှင့် အဆိုပါကျေးရွာရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ၎င်းင်းကျေး ရွာတွင် နေထိုင်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ် မှုကြောင့် ယင်းနေ့ညနေငါးနာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။
““လောလောဆယ်ကတော့ ဒီမီး လောင်မှုကို ပေါ့ဆမီးလို့ပဲ တင်ထား တယ်။ ဒါပေမယ့် ရှို့မီးဟုတ်၊ မဟုတ် ဆိုတာကို စုံစမ်းရေးအဖွဲ့နဲ့အတူ သွား စစ်ဆေးရဦးမယ်။ လတ်တလောအနေ နဲ့ မီးစလောင်တဲ့ အိမ်က ဦးရော်ချီဒူ လာဆိုတဲ့ လူကလဲ ထွက်ပြေးနေ တယ်။ သူ့မိန်းမဖြစ်တဲ့ ဒေါ်ခူရှီဒါဘေ ဂေါင် ကို ကြိမ်ချောင်ရဲစခန်းမှာ (ပ) ၆/၂၀၁၄၊ ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်ပြီး ထိန်းသိမ်း စစ်ဆေးနေ တယ်””ဟု ရခိုင် ပြည်နယ်မီးသတ်ဦးစီးဌာမှ အဆင့်မြင့် မီးသတ်အရာရှိတစ်ဦးက ပြောသည်။
www.mmdailystar.com