Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၈ မျိုးဆက်နှင့် NLD ပါတီဝင်များက ယာဉ်မောင်းတစ်ဦးအား မင်းမဲ့စရိုက်ဆန်စွာ ထိုးကြိတ်ရိုက်နှက်

$
0
0
ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်မော်တော်ယာဉ် ပြဿနာဖြစ်ပွားရာမှ လိုက်ထရပ်ပေါ်တွင် လိုက်ပါလာသည့် ၈၈ မျိုးဆက်အဖွဲ့ဝင်များနှင့် NLD ပါတီဝင်များက ခရီးသည်တင်ယာဉ်မောင်းအား မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်း၍ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မှ ပဲခူးသို့ မောင်းနှင့် လာသော ခရီးသည်တင်ယာဉ် (ယာဉ်အမှတ် 4G-1335) နှင့် ရန်ကုန်မှ ဝေါသို့ သွားရောက်မည့် လိုက်ထရပ်မော်တော်ယာဉ်တို့ အင်းတကော်တွင် ပြဿနာ ဖြစ်ပွားခဲ့ရာမှ လိုက်ထရပ် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ၈၈ မျိုးဆက်များ၊ NLD ပါတီဝင်များက ခရီးသည်တင်ယာဉ်မောင်း ဦးကိုကိုရှိန်အား လူအုပ်စုဖြင့် ၀ိုင်း၍ ထိုးကြိတ် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

"NLD အဖွဲ့တွေ၊ ၈၈ အဖွဲ့တွေ ၀ိုင်းပြီး ရိုက်ကြ ထိုးကြလုပ်တာပါ။ အမှန်က ကားချင်း ငြိသွားတာလေးပါ။ သူတို့က လူအုပ်များတယ် ဆိုပြီး သာမန် ပြည်သူတစ်ဦးကို ဒီလိုမျိုး မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုနဲ့ ရမ်းကား စော်ကားတာ မဖြစ်သင့်ပါဘူး။ ဦးကိုကိုရှိန် ဆိုရင် ဖူးရောင် ပေါက်ပြဲ ခေါင်းလည်း ကွဲသွားတယ်။ သွေးတွေလည်း အလိမ်းလိမ်းနဲ့ တစ်ကယ့်ကို လူမိုက်တွေ။ ပါလာတဲ့ ခရီးသည်တွေက ၀ိုင်းပြီး တောင်းပန်တာတောင် ခရီးသည်တွေကို ရိုက်ထုတ်လိုက်ကြသေးတယ်"ဟု ယာဉ်ပေါ်တွင် ပါလာသည့် ခရီးသည် တစ်ဦးက ပြောဆိုသည်။

"သူတို့ဘာသာ ၈၈ ပဲ ဖြစ်ဖြစ်၊ NLD ပဲ ဖြစ်ဖြစ် ပြည်သူလူထုကို ဒီလိုမျိုး နိုင့်ထက်စီးနင်း မင်းမဲ့ဆန်ဆန် အနိုင်ကျင့်တာမျိုးကတော့ လုံးဝ လက်မခံနိုင်ပါဘူး။ ဒါတောင် ဒီကောင်တွေ အာဏာ မရသေးဘူး။ ဒေါ်စု လွှတ်တော်ထဲ ရောက်ရုံပဲ ရှိသေးတယ်။ ဒီလိုမျိုး ရမ်းကား စော်ကားနေတာ။ NLD သာ အာဏာရကြည့် ပြည်သူတွေ ဘ၀ တွေးဝံ့စရာတောင် မရှိတော့ဘူး။ ဒီမိုကရေစီ တဲ့ ဘာ ဒီမိုကရေစီလဲ။ ထောင်ကျတန်းကျတာကိုပဲ ဂုဏ်ယူမဆုံး လုပ်နေကြတာ။ ကိုယ့်ဟာကိုယ် သောက်သုံးမကျလို့ ထောင်ကျတာကိုပဲ ချီးကျူးရမလိုလို။ ထောင်ကျတာ ဂုဏ်ယူနေမှတော့ ဘယ်လိုလုပ် ဦးနှောက် ရှိမလဲ။ စဉ်းစားသာကြည့်"ဟု ပဲခူးမြို့နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

"NLD က သူတို့ပဲ အာဏာရရင် ချက်ချင်း ချမ်းသာတော့မယ့် ပုံစံမျိုး ပြောပြီး စည်းရုံးနေတာ။ ကိုယ်လုပ်မှကိုယ်စားရမှာ။ အခုဆိုရင် ဘုန်းကြီးတွေကို စော်ကားမော်ကား လုပ်၊ မွတ်ဒေါင်းတွေကို ကာကွယ်ပေး။ အခုဆိုရင် အုပ်စုဖွဲ့ပြီး ပြည်သူလူထုကို ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်လာပြီ။ ကိုယ့်ပြည်သူကို ပြန်ပြီး စော်ကားမိုက်ရိုင်းနေတာတွေ ပိုပိုပြီး များလာပြီ။ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့ သောက်ကျင့်တွေ ပေါ်လာနေပြီ။ သာသနာကို စော်ကားတဲ့ပါတီ၊ လူထုကို အနိုင်ကျင့်တဲ့ပါတီ ဘယ်လိုမှ ဇာတ်သိမ်း မကောင်းနိုင်ဘူး မှတ်"ဟု အင်းတကော်မှ သံဃာတော် တစ်ပါးက မိန့်သည်။

From:ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>