Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မွတ်စလင်အင်တာနက်သတင်းစာမျက်နှာ RB News နှင့် အင်တာနက် စာမျက်နှာတို့တွင် ဖော်ပြချက်များ သတင်းမှားများ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ထုတ်ပြန်

$
0
0
ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးယားတန်း အလယ်ရွာနှင့် အနောက်ရွာ တို့တွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ မွတ်စလင်အင်တာနက်သတင်းစာမျက်နှာ RB News နှင့် အင်တာနက်စာမျက်နှာတို့တွင် ဖော်ပြချက်များအတွက် တိကျသေချာသော သက်သေမတွေ့ရှိ ခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်ကို မြန်မာငြိမ်းချမ်းရေး စင်တာ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီအထိ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“ကျွန်တော်တို့ ကော်မရှင်က ကွင်းဆင်းလေ့လာ စုံစမ်းသိရှိရသမျှမှာ လူတွေအသတ်ခံရတယ်ဆိုတာ ဘယ်သူမှ တိကျတဲ့ သက်သေတွေ သေဆုံးသူတွေနဲ့ သူတို့စာရင်းတွေ မတွေ့ခဲ့ရပါဘူး။ တကယ်လို့ သက်သေတိတိကျကျ ရှိတယ်ဆိုရင် ကျွန်တော် တို့ ကော်မရှင်ကိုလာပြီး တင်ပြနိုင်ပါတယ်။ တင်ပြလာရင်ကျွန်တော်တို့ ဒါကိုစစ်ဆေး သွားမှာပါ” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။ အခင်းဖြစ်ပွားခဲ့ချိန်က မွတ်စလင်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ၎င်း၏ဇနီးဖြစ်သူက ထွက်ဆိုခဲ့ သော်လည်း အဆိုပါအမျိုးသားမှာ မောင်းတောရဲစခန်း၌ ထိန်းသိမ်းခံခဲ့ရခြင်းသာဖြစ်ပြီး ယခုအခါ ပြန်လည်လွတ်မြောက် သွားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောခဲ့သည်။

“ကျွန်တော်တို့ ကော်မရှင်အဖွဲ့က စစ်ဆေးတွေ့ရှိချက်တွေကို UN အပါ အ၀င် INGOs တွေဘယ်သူကမှ မယုံကြည်ကြဘူး။ အဲ့ဒါကျွန်တော်တို့ကို စော်ကားနေသလိုပဲ။ ဒီလိုပဲ ရခိုင်မှာဖြစ်ပွားခဲ့တာတွေကို ကြည့်ရင်သူတို့နဲ့ အစိုးရတာဝန်ရှိသူတွေကြား ပူးပေါင်း ဆောင်ရွက်ရမည့်အစား တစ်ဖက်နဲ့ တစ်ဖက် ရန်သူလိုပြုမူနေ တာတွေက ပြသနာကို ပိုမိုကြီးထွားစေပါတယ်။” ဟု ကော်မရှင် ဥက္ကဌ ဒေါက်တာ သာလှကျော်က ပြောသည်။

ဒုချီးယားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သတ်၍ အဆိုပါအစီရင်ခံစာ၌ လက်နှက်များနှင့် အတူ ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ယနေ့တိုင်ပျောက်ဆုံးနေဆဲဖြစ်ပြီး အသက်ရှင်နိုင်ရန် အခွင့်အလမ်း နည်းပါးကြောင်း၊ ဒုချီးရာတန်း အနောက်ကျေးရွာမီးလောင်မှုသည် မိမိအိမ်ကို မိမိပြန်လည် မီးရှို့ခြင်းထက် နိုင်ငံရေးအမြတ် ထုတ်လိုသည့် အဖွဲ့အစည်းတစ်ခုမှ ပြုလုပ်သည်ဟုသာ ယူဆရကြောင်း ကော်မရှင်ထုတ်ပြန်ချက်မှ သိရသည်။ အလားတူ ၎င်းဖြစ်စဉ်ဖြစ်ပွားနေချိန်တွင် လူအများပြေးလွားကြခြင်း၊ ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်ကို ၀င်ရောက် စီးနင်းရှာဖွေခြင်းကြောင့် ထိခိုက်အနာတရ ဖြစ်ပွားနိုင်မည့် အခြေအနေ တွေ့ရှိရကြောင်းကိုလည်း သတင်း ထုတ်ပြန်ထားသည်။ “အိမ်ခြေ ၃၅ အိမ် လူပေါင်း ၁၅၀ လောက်ပဲရှိတဲ့ ရွာပတ်လည်မှာ လူ တစ်သောင်းကျော်ရှိတဲ့ မူဆလင်ရွာတွေ ရှိနေတဲ့ကြားက အပြင်လူက လာပြီးမီးမရှို့နိုင်ဘူး။ ပြီးတော့ နွား ၁၀ ကောင်လောက်ပျောက် တယ်ဆိုတဲ့ အိမ်က နွား ၁၀ ကောင်မွေးလောက်တဲ့ တင်းကုတ်မျိုးမရှိဘူး။ လူတွေ သတ်ခံရပြီး မြုတ်ထားတယ်ဆိုတဲ့နေရာတွေကို တောနင်ပြီးရှာတာ ဘာမှ မတွေ့ခဲ့ရဘူး။” ဟု ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျှန်က ပြောဆိုခဲ့သည်။ နှစ်ဖက်လူ့အဖွဲ့အစည်း ယုံကြည်မှုတည်ဆောက်နိုင် ရန်အတွက် အစိုးရအနေနှင့် ပွင့်လင်းမြင်သာသော လုပ်ငန်း အစီအစဉ်များ ချမှတ်ပေးရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ထိရောက်မှန်ကန်စွာ အကောင်အထည်ဖော် ရန်အစရှိသည်တို့ကို အဆိုပါ အစီရင်ခံစာ၏ သုံးသပ်အကြံပြုချက်များ၌ ဖော်ပြထားခဲ့သည်။ “ကျွန်တော် ကော်မရှင်မှာ ပါဝင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာ သက်သေခိုင်လုံမှု မရှိပါဘူး။

ကျွန်တော်တို့ကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ယုံကြည်မှု မရှိတာက ကော်မရှင်မှာ ပါဝင်သူတွေကို စော်ကားနေသလို ဖြစ်နေတယ်။” ဟု မောင်းတောမြို့နယ် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ မွတ်စလင်လူမျိုး ဦးလှသိန်းက ပြောသည်။ အခင်းဖြစ်ပွားရာဒေသရှိ ဒေသခံများနှင့် အစိုးရတာဝန်ရှိသူ စုစုပေါင်း (၁၇၅ ဦး) ကိုတွေ့ဆုံမေးမြန်းခြင်း၊ ဖြစ်စဉ်များအား တိုက်ရိုက်ကွင်းဆင်းလေ့လာမှုအဖြစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ဒုချီးယားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သတ်၍ အမှန်တရားပေါ်ပေါက်ရန် ဒေါက်တာ သာလှရွှေ ဥက္ကဌ အဖြစ်ဦးစီးသည့် အဖွဲ့ဝင် (၁၁) ဦး ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>