Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုက်ဂျီးရီးယား အစ္စလာမ်မစ် စစ်သွေးကြွသူပုန်များ ရွာသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

$
0
0







နိုက်ဂျီးရီးယားမှ အစ္စလာမ္မစ် စစ်သွေးကြွသူပုန် ဘိုကိုဟာရမ်ဟု ယူဆရသည့် လူအုပ်စုသည် ကျေးရွာတစ်ရွာကို ဝင်ရောက် တိုက်ခိုက်ကာ ဒါဇင်ပေါင်းများစွာသော အရပ်သားများကို သတ်ဖြတ်သွား ခဲ့ကြောင်း မျက်မြင်သက်သေ များ၏ ပြန်လည် ပြောပြချက်အရ BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

သေနတ်သမားများသည် အစ်ဇ်ဂီ ကျေးရွာမှ အရပ်သားများကို တစ်နေရာတွင် စုလိုက်ပြီး ပစ်သတ်ခဲ့ကြခြင်း ဖြစ်ကာ နောက်ပိုင်းတွင်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရှာကာ တွေ့သူများကို သတ်ပစ်ခဲ့ကြသည်။

ယင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ နောက်ကွယ်တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ ရှိနေသည်ဟု ယူဆကြောင်း နိုက်ဂျီးရီးယား အရာရှိများက ပြောကြားသည်။

နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အစ္စလာမ္မစ်ပြည်နယ် ထူထောင်ရန် အတွက် လက်နက်ကိုင် တိုက်ခိုက်နေသော ဘိုကိုဟာရမ်စစ် သွေးကြွများသည် အလွန်အမင်း အကြမ်းဖက်မှု၊ မည်သူ့ကိုမှ မချန် တိုက်ခိုက်မှု တို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

အခင်းဖြစ်ပွားသော ပြည်နယ်သည် ဘော်နိုပြည်နယ်ဖြစ်ပြီး လွှတ်တော်အမတ်က အစုလိုက်အပြုံလိုက် လူသတ်မှုကြောင့် သေဆုံးသူ ၁၀၆ ဦးရှိကြောင်း BBC ကို ပြောကြားခဲ့သည်။

ရွာကို လာရောက်တိုက်ခိုက်သော စစ်သွေးကြွများသည် အင်အားတစ်ရာခန့် ရှိကြောင်း၊ ငါးနာရီကြာ လူသတ်ပွဲပြုလုပ်သွား ခဲ့ကြောင်း၊ စစ်တပ်က လာရောက် ကူညီနိုင်ခြင်း မရှိပါကြောင်း အဆိုပါ လွှတ်တော်အမတ် အလီအန်ဒူမီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း စစ်တပ်ကို သူပုန်များက ချုံခို တိုက်ခိုက်ခဲ့ရာ စစ်သားကိုးဦး သေဆုံးသွားခဲ့ပြီး စစ်တပ်လည်း အဆိုပါနေရာမှ ဆုတ်ခွာသွားခဲ့သည်။

ရွာလုံးကျွတ် လူသတ်မှုမှ ထွက်ပြေးလွတ်မြောက်လာသူ များ၏ ပြောပြချက်အရ သေဆုံးသူ များမှာ သေနတ်ဖြင့် အပစ်ခံရခြင်း၊ လည်လှီးခံရခြင်းတို့ ကြုံခဲ့ရသည်ဟု သိရသည်။

"အလောင်းတွေအားလုံး လမ်းပေါ်မှာပဲ ရှိပါတယ်။ သွားပြီး မသင်္ဂြိုဟ်ရဲ သေးပါဘူး။ အကြမ်းဖက်သမား တွေက ချုံခိုပြီး စောင့်နေနိုင် ပါသေးတယ်"ဟု ကျေးရွာ ဒေသခံ အဘူဘေကာအူစမန်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်သွေးကြွများသည် ဆိုင်ကယ်များ၊ ထရပ်ကားများဖြင့် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ များက အတည်ပြုပေးကြသည်။

လေဂို့စ်၊ ဖေဖော်ဝါရီ ၁၈

Min Kyan Sit
19 2 2014

From: Angle Black Angle

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>