မအူကုန်း ဘုန်းကြီးယောင်ယောင် ကိစ္စမှာ ဖေ့စဘုတ်စာမျက်နှာတွေပေါ်မှာ သတင်းလိမ်တွေ၊ ချွန်တွန်းတဲ့ သတင်းတွေနှင့် ရဟန်းသံဃာကို နာမည်ဖျက်၊ အပုတ်ချနေတဲ့ သူတွေသည် မည်သူမည်ဝါလို့ သဲသဲကွဲကွဲ သိလိုက်ရတယ်။ သံဃာထုကို အစော်ကားခံရလို့ မကျေနပ်ပေမယ့် ဒီလိုသိရတာကိုပဲ အမြတ်တစ်ခုလို့ ကြံဖန်ကျေနပ်လိုက်ပါတယ်။
ဒီလူတွေရဲ့ စိတ်ဓာတ်အောက်တန်းကျပုံကလည်း သြချလောက်ပါပေတယ်။ လက်သစ် မာဂဏ္ဍီများလို့ ဆိုလို့ရလောက်တယ်။
အရူးတစ်ယောက် သူ့ဟာသူ စိတ်ဖောက်ပြန်လို့ အော်ချင်ရာ အော်တာကို ရဟန်းက ဘာသာခြားကို ဆဲဆိုကြိမ်းမောင်းနေပါတယ်။ ဒါကို မူဆလင်များက ခန္တီ နှင့် သည်းခံပြီး အသာတကြည် ရဲလက်အပ်လိုက်တယ်...ပေါ့လေ။ ရေးတဲ့ပုံကိုက လုပ်ကြံသတင်းရေးတဲ့အပြင် ချွန်တွန်းလိုက်သေးတယ်။ ဘုန်းကြီးက သူများဘာသာ စော်ကားတဲ့သူ။ မူဆလင်က သူတော်ကောင်းပေါ့လေ။ ရေးကြတဲ့ပုံက။
ဒီလို ရဟန်းသံဃာကို မဟုတ်မမှန် စွပ်စွဲ၊ အပုတ်ချနေပုံမျိုးနှင့်ကတော့ဗျာ....
Ye Htutmyat ပြောတဲ့အတိုင်း
လိုအပ်လာတော့ ဘုန်းဘုန်း
မလိုအပ်တော့ ကတုံးကတုံး
ငရဲအိုးကြီးကတော့ ပြုံးပြုံး ... ကြီး စောင့်နေပါလိမ့်မယ်ဗျာ။
ဟင်း ဟင်း နောက်ဆုံး အမှန်တရားလည်း ပေါ်ပေါက်လာ၊ သူတို့ယုတ်မာ၊ စဉ်းလဲတာတွေလည်း ထင်ရှားသွား ဆိုတဲ့အချိန်ကျတော့ မိုးကြိုးပစ် ထန်းလက်နှင့်ကာ ကြသေးသဗျ။
"သင်္ကန်း ဘယ်က ရသလဲ"တဲ့။
သင်္ကန်းရနိုင်တဲ့ နည်းလမ်းကတော့ အများကြီးပဲဗျ။ တကယ်စဉ်းစားရမှာက "အရူးကို ဘယ်သူက သင်္ကန်းဝတ်ပေးလိုက်နိုင်မလဲ"။
ငါးမျှားတံမှာ ငါးစာတပ်တာ ငါးမျှားတဲ့သူပေါ့ဗျာ။ အဖြေက ရှင်းပါတယ်။
သံဃာ နှင့် အမျိုးသားရေးသမားတွေကတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အလုပ်မျိုး မလုပ်နိုင်ဘူးဆိုတာ ကလေးတောင် စဉ်းစားတတ်တယ်။
တည့်တည့်ပြောလိုက်ရလျှင်
ဘုန်းကြီးက မူဆလင်ကို ဆဲတဲ့သတင်းကို လိုချင်လို့၊ (တနည်း) သံဃာထုကို လုပ်ကြံသတင်းရေး အပုတ်ချချင်လို့
အရူးကို သင်္ကန်းစည်းပေးပြီး ကုလားတောကို ပို့ပေးလိုက်တဲ့သူဟာ
အဲဒီသတင်းကို ဝမ်းသာအားရဖွကြတဲ့ ဒေဝဒတ်လက်သစ်၊ စိဉ္ဇမာန လက်သစ်၊ မာဂဏ္ဍီလက်သစ်ကြီးများ ဖြစ်ကြောင်းပါ။
From:Myo Min Thantဒီလူတွေရဲ့ စိတ်ဓာတ်အောက်တန်းကျပုံကလည်း သြချလောက်ပါပေတယ်။ လက်သစ် မာဂဏ္ဍီများလို့ ဆိုလို့ရလောက်တယ်။

www.mmdailystar.com