Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ခိုးဝင်ဘင်္ဂါလီများအရေး ပြတ်သားစွာကိုင်တွယ်ရန်နှင့် သမ္မတ၏ ရပ်တည်ချက်ကို တစ်မျိုးသားလုံး ထောက်ခံပေးရန် လိုအပ်ဟု ဦးနေဝင်း၏မြေး ပြောကြား

$
0
0

မြန်မာနိုင်ငံတွင်းသို့ခိုးဝင်လာသောဘင်္ဂါလီများနှင့်ပတ်သက်ပြီးပြတ်ပြတ်သားသားကိုင်တွယ်ခြင်းမပြုပါက မိမိနိုင်ငံ သူတစ်ပါးလက်တွင်း ပါသွားသကဲ့သို့ ဖြစ်နိုင်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂါလီ အရေးပြောကြားချက်များကို တစ်မျိုးသားလုံးက ညီညီညွတ်ညွတ်ဖြင့် ထောက်ခံပေးရန် လိုအပ်ကြောင်း ဦးနေဝင်း၏မြေး အကြီးဆုံး ကိုအေးနေဝင်းက ပြည်မြန်မာ သတင်းဂျာနယ်သို့ ပြောကြားလိုက်သည်။

ဘင်္ဂါလီအရေးမှာ တစ်စိမ့်စိမ့်ဖြင့်တွေးပါက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်နေပြီး ယင်းအရေးကို ဖြေရှင်းရန် မှာ ၁၉၈၂ နိုင်ငံသားဥပဒေက အဆုံးအဖြတ်ဖြစ်ကြောင်း ယင်းဥပဒေကို ဆန့်ကျင်သူများအား ဘင်္ဂါလီအရေး တွင် ပါဝင်ဆွေးနွေးခွင့်မရှိအောင် တားမြစ်ရမည်ဖြစ်ကြောင်းလည်း ကိုအေးနေဝင်းက ပြောကြားသည်။

“ရှည်ရှည်ဝေးဝေးပြောစရာတောင်မလိုဘူး၊ ဘင်္ဂါလီကိစ္စကို ပြတ်ပြတ်သားသားမကိုင်တွယ်ဘဲ ဟိုလူ့ မျက်နှာချိုးသွေး၊ ဒီလူ့မျက်နှာချိုသွေး လုပ်နေလို့ကတော့ ကိုယ့်နိုင်ငံ သူများလက်ထဲ ပါသွားဖို့ပဲရှိ တယ်။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့် ဖောဖောသီသီချပေးလို့ကတော့ ကိုယ့်တိုင်းပြည် ရဲ့ ဆုံးဖြတ်ခွင့် ကို သူတို့လက်ထဲ အပ်လိုက်တာနဲ့ အတူတူဖြစ်သွားမယ်” ဟု ၄င်းက ပြောကြားသည်။

တိုင်းပြည်တစ်ခုကို သိမ်းပိုက်ရာတွင် ယခင်ကာလများကဲ့သို့ စစ်တိုက်ပြီး သိမ်းပိုက်ခြင်းထက် နယ်မြေ များတွင်ဒုက္ခသည်အဖြစ်ခိုလှုံခွင့်တောင်းခြင်းမှတစ်ဆင့်နိုင်ငံသားဖြစ်ခွင့်တောင်းပြီး ပြည်နယ်တိုင်း ဒေသကြီး တစ်ခုမှသည် နိုင်ငံတစ်ခု ခွဲထွက်သည်အထိ စိတ်ရှည်လက်ရှည် စီမံနိုင်သော အခြေအနေမျိုးများ ဖြစ် လာနိုင်သည်ဟု ၄င်းက ပြောကြား သည်။

အမေရိကန်နိုင်ငံတွင် နိုင်ငံသားခံယူသွားသောဘင်္ဂါလီများမှာ မြေးမြစ်များလက်ထက်တွင်အမေရိကန်
နိုင်ငံသားစိတ်ဝင်သွားကြသော်လည်း မြန်မာနိုင်ငံတွင် ရှိနေသော ခိုးဝင်ဘင်္ဂါလီများမှာ မြေးမြစ်များ လက် ထက်တိုင်အောင် မြန်မာစိတ် မပေါက်ကြသေးကြောင်း ၄င်းကဆိုသည်။

“အမျိုးသားရေးမဏ္ဍိုင်အရ ၁၉၈၂ ဥပဒေနဲ့ တင်းကျပ်စွာ ကိုင်တွယ်ရမယ်။ ဒီဥပဒေကို စောဒကတက်ချင်တဲ့ ဘယ်သူ့ကိုမဆို ပါဝင်ဆွေးနွေးခွင့် မရအောင် ပိတ်ပင်ပစ်ရမယ်။ ဥပဒေအရ နိုင်ငံသား မဟုတ်တဲ့သူတွေ ကို စေတနာထားပါတယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံကို ပို့ပေးရမယ်။ စေတနာရှိလှပါတယ် ဆိုတဲ့ UN တို့ OIC တို့ကို သူတို့ရဲ့ အဖွဲ့ဝင် နိုင်ငံတွေမှာ ထားပေးဖို့ ပြောကြည့်ရမယ်။ အဲဒီအခါမှ သူတို့စေတနာပေါ်လာမှာ” ဟု ကိုအေးနေဝင်းက ပြောသည်။

အစ္စရေးနိုင်ငံမှ ဥပမာတစ်ခုဖြစ်သော ပါလက်စတိုင်းလူမျိုးကိစ္စကိုပြတ်သားစွာမကိုင်တွယ်ဘဲလိုက်လျော မှု ကြောင့် တစ်မြေတည်း နှစ်နိုင်ငံ Two States Solution ဖြစ်လာခဲ့ကြောင်း ထောက်ပြပြောဆိုသည်။

“သမ္မတကြီးကိုယ်တိုင်က ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ပြောထားတယ်။ ဒီလိုပြောကြားချက်ကို တစ်တိုင်းပြည် လုံး က အငြင်းပွားဖွယ်မရှိဘဲ ရပ်တည်ပေးဖို့ လိုတယ်။ သမ္မတတစ်ဦးကို ထောက်ခံသူ ကန့်ကွက် သူဆိုတာ ရှိမှာပါပဲ။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ ရပ်တည်ချက်ကို ကျွန်တော်တို့ တစ်မျိုး သားလုံး ဝိဝါဒမကွဲ ဘဲ ညီညီညွတ်ညွတ် လက်ခံပေးရမယ်လို့ ယုံကြည်တယ်” ဟု ၄င်းကဆက်လက် ပြောကြားသည်။
 
From: Wria Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>