Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

$
0
0



"အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်"

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိက ရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ စခန်းတွေ မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက RFA ကိုဒီ ကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲ အနီးအ နားမြို့တွေ က ဒေသခံ တွေပါဝင်တယ်လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို အဓိကရုဏ်း စတင်ဖြစ်ပွားရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင် ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂) ရဲစခန်းနယ်မြေအတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့ တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂) ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ညနေက ပြောပါတယ်။


မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

"မိတ္ထီလာမှာ အခြေအနေတွေ ငြိမ်သက်လို့ တပ်မ ၇၇ ပြန်လည်ထွက်ခွာ"

မတ်လ ၂၀ ရက်နေ့ကစပြီး မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာဒေသမှာ အခြေ အနေတွေ ငြိမ်သက်ပြီ ဖြစ်တဲ့အတွက် အင်းတကော်အခြေစိုက် တပ်မ ၇၇ ဌာနချုပ်က တပ်ရင်း သုံးရင်းဟာ ဒီကနေ့နေ့လည်က ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သမ္မတရဲ့ အရေးပေါ်အခြေအနေကြေညာထားတဲ့ မိတ္ထီလာ၊မလှိုင်၊သာစည်နဲ့ဝမ်းတွင်းမြို့တွေကို ယမန်နေ့ ညနေ က ရောက်ရှိလာတဲ့ အမှတ် (၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်ရင်း ၁၀ ရင်းကသာ တာဝန် ယူတော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေအတွင်းမှာ လူ ၁၁ ဦးသေဆုံးခဲ့ပြီး၊အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဒုက္ခသည် ၈၀၀၀ ကျော်ဟာ အမှတ်(၁)ရဲစခန်း၊ ခရိုင်အား ကစား ကွင်းနဲ့ အခြေခံပညာရေးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

 
From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>