Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

$
0
0





မိတ္ထီလာ အဓိကရုဏ်းကိုထိန်းသိမ်းဖို့ တပ်ရင်း ၁၀ ရင်းထပ်မံရောက်ရှိ

သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နယ်နဲ့မလှိုင်၊ဝမ်းတွင်းနဲ့သာစည်မြို့ရဲ့ အခြေ အနေကို ထိန်းသိမ်းဖို့အတွက် ရန်ကုန်အခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်   ခံ တပ်ရင်း ၁၀ ရင်းဟာ မနေ့ညက မိတ္ထီလာမြို့ကို ရောက်ရှိလာပါတယ်။

ဒီတပ်ရင်းတွေ ဟာ ကြိုတင်ရောက်ရှိနေတဲ့ တပ်မ ၇၇ ရဲ့တပ်ရင်းသုံးရင်းနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေ အနေကြေညာထားတဲ့ မြို့နယ်လေးမြို့နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေတည်ငြိမ်ရေးကို ဦး စားပေးဆောင် ရွက်မယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြော ပါတယ်။

"မိတ္တီလာမှာ တပ်မ ၇၇ကသုံးရင်းနဲ့စကခက ၆ ရင်း တပ်စွဲထားမယ်"လို့ အဲဒီအရာရှိက ဆက်လက် ဆိုပါတယ်။

ယမန်နေ့ညက စပြီး မိတ္ထီလာမြို့အတွင်းမှာ စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး အခြေအနေ တည်ငြိမ်အောင်   ဆောင်ရွက်နေတာတွေရှိပေမယ့် ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းတာတွေ မရှိသေးဘူးလို့ သိရပါ တယ်။

အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ အခြေခံစားသောက်ကုန်ကြီးမြင့်နေတယ်လို့ မိတ္ထီလာမြို့ခံ ဦးသိန်းဝင်း က RFA ကို အခုလို ပြောပါတယ်။

"ကြက်ဥတစ်လုံးကို ၃၀၀ လောက်ဖြစ်နေတယ်။ကြက်သား၊ဝက်သားတစ်ပိဿာကို ၇ ထောင်လောက်   ဖြစ်နေ တယ်၊ပိုက်ဆံရှိတာတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး"ကိုပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း မိတ္ထီလာမြို့မှာ ကုန်ဈေးနှုန်းတွေကျဆင်းဖို့အတွက် မန္တလေးမြို့ ကနေ ကြက်ဥနဲ့အသားတွေကို တီအီးကားလေးစီးစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>