Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တပ်မတော် အကူအညီ ယူရမည်ဟု သမ္မတမှ အမိန့်ထုတ်ပြီးနောက် ငြိမ်သက်သွားသည့် မိထ္ထီလာ အခြေအနေ

$
0
0

    ဓာတ်ပုံ- သေနတ်တစ်ဖက် ရေတစ်ခွက်ဖြင့် မီးငြိမ်းသတ်ပေးနေသော တပ်မတော်သား တစ်ဦး

ယမန်နေ့ ညနေပိုင်းတွင် တပ်မတော်၏ အကူအညီ ယူရမည် ဆိုသည့် သမ္မတအမိန့် ထုတ်ပြန်ပြီး နောက် ပိုင်း မိထ္ထီလာတွင် ဆူပူအကြမ်းဖက်မှုများ မရှိတော့ကြောင်း သိရသည်။

တပ်မတော်မှ အကူအညီ ပေးခြင်းနှင့် ပတ်သက်၍ အကောင်းမမြင်သည့် ဝေဖန်သူများကိုတော့ အံ့သြမိ သည်။ အများအားဖြင့် ပြည်ပတွင် နေထိုင်သည့် ဒုက္ခသည် အမည်ခံများ၊ ပြည်တွင်းမှ ပြည်တွင်းဆူပူမှုကို ဖန်တီးစေ သူများ ဖြစ်သော်လည်း ၄င်းတို့ကြောင့် တပ်မတော်နှင့်ပြည်သူ ကြည်ဖြူရမည့် အချိန်တွင် ပျက် စီး ရာ ပျက်စီးကြောင်း ဖြစ်စေသည်။ အချို့သတင်းများတွင် တပ်မတော် အရာရှိ တစ်ဦးမှ ပြောကြားဆိုကာ သတင်းမှားများ ထုတ်လွှင့်နေသည်။

အဓိကရုဏ်း စတင်ဖြစ်ပွားပြီးနောက် စိုးရိမ်ပူပန်သူ ရာပေါင်းများစွာကို နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ အ တွင်း ခိုလှုံခွင့် ပေးခဲ့သည်။ အထက်အဆင့်ဆင့်၏ လမ်းညွှန်ချက်ဖြင့် တပ်များမှ စေတနာ ထားကာ စောင့်ေ ရှာက်ခဲ့ ကြသည်။ အသွင်ကူးပြောင်းရေး ကာလတွင် နောက်ထပ် ပြဿနာမျိုး မဖြစ်လို၍သာ သမ္မတ၏ အမိန့် ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။

သမ္မတမှ ညွှန်ကြားချက်ထုတ်သည်နှင့် ညတွင်းချင်း မိထ္ထီလာသို့ အရောက်သွားခဲ့ကြသည်။ အ၀တ်တစ် ထည် ကိုယ်တစ်ခုဖြင့် တာဝန် ထမ်းဆောင်ပေးကြသည်။ မီးကြွင်းမီးကျန်များ ငြိမ်းသတ်သည်။ နောက်ထပ် ဆူ ပူ မှု မဖြစ်အောင် လှည့်လည် စောင့်ကြပ်ပေးသည်။ စစ်ဖိနပ်အောက် ပြန်ရောက်သွားမည်ဟု ပြောခဲ့ သူ များ ထိုနေရာ တွင် မရှိ။ မည်သည့် အကူအညီမှလည်း မပေးကြသေး။ ထိုအချိန်တွင် နေ့ရော၊ ညပါ စောင့် ကြပ် ကာကွယ်ပေး သည့် တပ်မတော်သားများကိုတော့ အလွန်ပင် ကျေးဇူးတင်လွန်းလှပါသည်။

 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>