Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

White Card ကိုင်ဆောင်သူများကို ရွေးကောက်ပွဲ ဝင်ခွင့်၊ မဲပေးခွင့် မပေးရန် ဆန္ဒပြမည်

$
0
0
ရွေးကောက်ပွဲတွင် ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူများကို ရွေးကောက်ပွဲဝင်ခွင့်၊ ဆန္ဒမဲပေးခွင့် မပြုဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီ အစိုးရက တရားဝင် ထုတ်ပြန်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အစီအစဉ်ကို ဦးဆောင်သူ ဒေါ်ညိုအေးက ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲတွင် White Card ကိစ္စအပြင် ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့များကို ခေတ်မီလက်နက် တပ်ဆင်ပေးကာ အရေးပေါ် အခြေအနေများတွင် အထက် အမိန့် စောင့်နေစရာမလိုပဲ ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့် လွှတ်တော်အချင်းချင်း ဆွေးနွေးပြီး အမြန်ဆုံး အကောင်အထည် ဖော်ရန်ဟူသည့် အချက်သုံးချက်ကို တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆန္ဒပြရန် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားဝင် ခွင့်ပြုချက်ပေးထားပြီ ဖြစ်ပြီး လူဦးရေ ၅၀၀ ဦး ပါဝင်မည် ဖြစ်ကြောင်း ဒေါ်ညိုအေးက ပြောဆိုသည်။

“White Card တွေကို မဲပေးခွင့် ပေးလိုက်ရင် တိုင်းပြည် ကမောက်ကမ ဖြစ်မယ်။ မောင်တောဘက်ကနေ စီးဝင်လာတဲ့သူတွေ များနေပြီ” ဟု ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံနေရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက် တပ်ဆင်ရေးနှင့် လုပ်ပိုင်ခွင့် ပေးရေးအတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ဒေါ်ညိုအေးက ဆက်လက်ပြောကြားသည်။

စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ White Card ကိုင်ဆောင်ထားသူ ဦးမောင်မောင်ခင်ကမူ “၂၀၁၀ တုန်းကလည်း မဲပေးခဲ့တယ်။ အစိုးရ ကိုယ်တိုင်က White Card တွေ ထုတ်ပေးနေတာလေ၊ ကျွန်တော်တို့က မဲပေးဖို့ ဆန္ဒရှိတယ်။ ဟိုကိစ္စတွေ (လူမျိုးရေး) ကို လျစ်လျူရှုထားပါတယ်” ဟု ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ ယာယီ သက်သေခံကတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပြုပါက ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်မည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ခေါင်းဆောင် ဆရာတော် အရှင်ဝီရသူကလည်း မိန့်ကြားထားသည်။

မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်သူ ခြောက်သိန်းခန့် ရှိပြီး White Card ကို မည်သည့် နိုင်ငံသားဟု ခွဲခြားမရသူများကို ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ အက်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င) အရ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

သို့သော်လည်း White Card ကိုင်ဆောင်သူများ ရွေးကောက်ပွဲဝင်ခွင့်၊ မဲပေးခွင့်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ပြောဆိုထားသည်။

White Card နှင့် ပတ်သက်၍ လွှတ်တော်တွင် ဥပဒေများ ပြင်ဆင်ရန် ရှိနေပြီး လွှတ်တော်က ဆုံးဖြတ်ပြီးလျှင် သက်ဆိုင်ရာ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောဆိုထားသည်။
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...