Quantcast
Viewing all articles
Browse latest Browse all 4837

မဆင်မခြင်ပြောမိတဲ့ စကားလေးတစ်ခွန်းကြောင့် ဘ၀ပေါင်း တစ်သောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသူ

အမ္ဗပါလိသည် ဝေသာလီပြည်၌ အလှဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားသော ပြည့်တန်ဆာမ တစ်ဦး ဖြစ်ခဲ့သည်။

သူမသည်သိခီဘုရားရှင်လက်ထက်၌ ရဟန်းမပြုခဲ့ပြီး မိခင်ဝမ်း၌ ပဋိသန္ဓေနေရသည်ကို စက်ဆုပ်သဖြင့် ဥပပတ်ပဋိ သန္ဓေနေရန် ဆုတောင်းခဲ့သော ကုသိုလ်ကြောင့် ယခုဂေါတမဘုရားရှင် လက်ထက်ဝယ် ဝေသာလီပြည် မင်းဥယျာဉ်အတွင်းရှိ သရက်ပင် ခွကြား၌ ဥပပါတ်ပဋိသန္ဓေ ( ခန္ဓာကိုယ် အထင်အရှားဖြင့်) လူဖြစ်လာသူဖြစ်သည်။သူမသည် ဖုဿဘုရားရှင် လက်ထက်က ဘုရားရှင်၏နှမတော်ခဲ့သူဖြစ်ပြီး ရုပ်အဆင်းလှပစေရန် ဆုတောင်းခဲ့သောကြောင့် ယခုဘ၀တွင် တုနှိုင်းမမှီ အလှရှင်ဖြစ်ခဲ့ရသည်။

သရက်ပင် ခွကြားတွင်လူဖြစ်ခဲ့ရသောကြောင့် အမ္ဗပါလိ ဟု အမည်တွင်ခဲ့သည်။

အမ္ဗပါလိ၏ အလှသည် အလွန်ကြည့်မ၀ ရှုမ၀ဖြစ်ခဲ့ရ၍ ဝေသာလီရှိ လိစ္ဆ၀ီမင်းသားတို့ သူရထိုက်သည်ငါရထိုက်သည် အငြင်းအခုံဖြစ်ကြလေသည်။ ထိုအခါဝေသာလီခေါင်းဆောင် တို့က ထိုငြင်းခုံ ခိုက်ရန်ငြိမ်းအေးစေရန် အမ္ဗပါလိသည် မင်းသားအားလုံးတို့နှင့်
ဆိုင်စေဟု အမိန့်ချကာ အများဆိုင်ပြည်တန်ဆာမ ပြုလုပ်စေသည်။

သူမနှင့်တစ်ခါသွားပျော်ပါးလိုပါက အသပြာငါးဆယ်ပေး၍ သွားလာရန်လည်း သတ်မှတ်ထားသည်။အမ္ဗပါလိသည်ရာဇဂြိုလ်ပြည် ဘုရင်ဗိမ္ဗိသာရမင်းသားနှင့် တိတ်တိတ်ပုန်းချစ်ကြိုက်ခဲ့၍ သားတော်တစ်ယောက်မွေးဖွားခဲ့သည်။

ထိုသားတော်လည်း နောင်အခါ ဘုရားသာသနာ၌ ၀ိမလကောဏ္ဍည မထေရ်ဟု ထင်ရှားခဲ့သည်။ အမ္ဗပါလိသည် ပြည်တန်ဆာ အဖြစ်နေလာခဲ့ရာမှ အသက်အရွယ် အိုမင်းလာသော် ဘုရားရှင်နှင့် ဖူးတွေ့ရပြီး ဘုရားရှင်ကိုဆွမ်းကျွေးကာ တရားနာခဲ့သည်။ မိမိဥယျာဉ်၌ လည်းကျောင်းဆောက်၍ ဘုရားအမှူးရှိသော သံဃာကိုလှူဒါန်းသည်။ မိမိ၏သားတော် အရှင်ကောဏ္ဍည မထေရ်ထံမှ တရားနာပြီး ရဟန်းမ ပြုခဲ့သည်။

သူမသည် အိုမင်းလာသော မိမိခန္ဓာကိုယ်ကိုယှဉ်ကြည့်၍၀ိပဿနာတရား အားထုတ်ရာမကြာခင် ဆဠာဘိညာ ပဋိသမ္ဘိဒါပတ္တရ ဟန္တာမ ဖြစ်ရလေသည်။ သူမသည် ရဟန္တာမ ဖြစ်ပြီးနောက် မိမိဘ၀ပြည့်တန်ဆာမ ဖြစ်ရသည့် အကုသိုလ်အပြစ်ကို ပြန်လည် မိန့်ကြားခဲ့သည်။

သိခီဘုရားရှင်လက်ထက်ကဖြစ်သည်။ အမျိုးကောင်းသမီးတစ်ဦးသည် သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန်းမပြုခဲ့သည်။ ထိုရဟန်းမသည် တစ်နေ့တွင် အဖော် ရဟန်းမများနှင့်အတူ စေတီကိုရှိခိုး၍ လက်ယာရစ် လှည့်လည် ပူဇော်စဉ်ရှေ့ဆုံးမှ သွားနှင့်သော ရဟန္တာထေရီမ တစ်ပါးသည် နှာချေသဖြင့် နှာရေပေါက်သည်စေတီရင်ပြင်ပေါ်၌ အမှတ်တမဲ့ ကျသွားလေသည်။

ထိုနှာရေပေါက်ကိုမြင်လျှင် ရဟန်းမသည် ဒေါသဖြစ်လျှက် ``ဘယ်ကပြည်တန်ဆာမ ဒီမှာတံတွေးထွေးခဲ့ပါသလဲ``ဟုဆဲရေးတိုင်းထွာခဲ့သည်။

ဤနှုတ်ထွက်ကြမ်းသော စကားကြောင့် သူမသည် ငရဲ၌နှစ်ပေါင်း များစွာကျင်လည် ခဲ့ရပြီး ငရဲမှ လွတ်ပြီးနောက် ဘ၀ပေါင်း တစ်သောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။
ယခုနောက်ဆုံး ဘ၀၀ယ် ထိုအကုသိုလ်ကံ ၀ဋ်ကျွေးက လိုက်လာပြီး ပြည့်တန်ဆာမ ဖြစ်ခဲ့ ရပြန်သည်။ ဆဠဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာမလောင်းကြီး ပင်လျှင်တစ်ချက်မှားသော ၀စီနှုတ်ထွက်စကားကြောင့် ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘ၀သို့ ရောက်ခဲ့ရသည်။

နှုတ်ထွက်ဝစီကြမ်း ဘေးဘျမ်းများသည်ကို သတိပြုကြပါလော့။


( တစ်စက္ကန့်ဒေါသစကား ပေးဆပ်ရသည်ကအလွန်များစာအုပ်မှ )
From: တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ၊ ဘီအေ)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...