
ဂီဂီဟာ ပြီးခဲ့တဲ့ နှစ် နှစ် ကတည်း က အတူ နေ ချစ်သူ ရှောင်နဲ့ လက်ထပ်ထိမ်းမြား ထားတယ်လို့ သတင်း တွေ ထွက် ပေါ်နေပေ မယ့် ချာအို ကတော့ သူ့ရဲ့ကတိ အတိုင်း ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာဖြစ် လို့ လဲဆို တော့ ချာအိုရဲ့ သမီးဖြစ်သူ ဟာ ဆန့်ကျင်ဘက် လိင် ကို စိတ်မ၀င်စားဘဲ မိန်းမအချင်းချင်း စိတ်ဝင်သားနေ သူဖြစ်နေ လို့ပါ။ ဂီဂီ လက်ထပ် ပေးထား တဲ့ သူက လည်း မိန်းကလေး ဖြစ်နေ တာမို့ ချာအိုက သူ့ ရဲ့အမွေကို ဆက်ခံနိုင်ဖို့ ယောက်ျားတစ်ဦးနဲ့ လက်ထပ်ခိုင်းခဲ့ခြင်း ဖြစ် ပါတယ်။ ပထအကြိမ် ပေါင် သန်း ၄၀ ပေးမယ့် အစီအစဉ်တုန်းက ဂီဂီနဲ့ လက်ထပ်မယ်လို့ စာ ရင်းပေးသွင်းထားတဲ့ ယောက်ျားသားအရေ အတွက်က ၂၀၀၀၀ အထိ ရှိခဲ့ပါတယ်။ ဒါပေ မဲ့ ဂီဂီရဲ့စိတ်ကို ပြောင်းလဲသွားအောင် မပြုလုပ် နိုင်တာ မို့ ဆုကြေးကို နှစ်ဆ တိုးမြှင့်ခဲ့ခြင်း ဖြစ် ပါတယ်။ ချာအိုက သမီးဖြစ်သူကို ယောက်ျား ယူပြီး ကလေး တွေနဲ့ ပျော်ပျော် ရွှင်ရွှင်ဖြစ်တာ ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဂီဂီက ကျွန်မအဖေရဲ့ ပိုက်ဆံ တွေက ယော က်ျားတစ်ဦးကို ဆွဲ ဆောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မဟာ ပိုမို ကောင်းမွန်တဲ့၊ ဆွဲဆောင်မှု တစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်လို့ ပြော ဆိုသွားခဲ့ပါတယ်။ ဂီဂီကို ပေါင်းသင်းဖို့ လျှောက်လွှာ တင်ထား တဲ့သူတွေထဲမှာ အမေ ရိကန် စစ်ပြန်တွေ၊ အီသီယိုးပီးယား၊ တူရကီ၊ ပေါ်တူဂီနဲ့ တောင်အမေရိက ဒေသက လူတွေ လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
www.mmdailystar.com