မျိုးစောင့် ဥပဒေ အား ယခု လက်ရှိ ကျင်းပ ဆဲ ပထမ အကြိမ် (န၀မ) ပုံမှန် အမျိုးသား လွှတ်တော် အစည်း အဝေး သို့ အဆိုတင် သွင်း သွားမည်ဖြစ် ကြောင်း အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဒေါ်ခင်ဝိုင်း ကြည် က The Messenger သတင်းစာ သို့ ပြောသည်။
အဲဒီဥပဒေနဲ့ ပတ်သက်ပြီး သူတို့ ဆီ က အတိုင်း မဟုတ်ဘဲ တကယ် နားလည် တတ် ကျွမ်းတဲ့ ဥပဒေ ပညာရှင်တွေနဲ့ ချိတ်ပြီးတော့ မှ အစွန်းလွတ်တဲ့၊ နောက်ပြီး သူတစ်ပါးကို မထိခိုက်တဲ့ Fair ဖြစ် တဲ့ ဥပဒေ လုပ် ပြီး တော့ တင်ပေးပါလို့ တာဝန်ပေးလာတယ်။ အဲဒါကို ဒီအပတ်မှာ တင်ပေးဖို့ လုပ် နေ တယ်။ ဒီဟာ ကို တင်ဖို့ အ တွက် အခြေအနေ အချိန်အခါကို ကြည့်ပြီးတင်ဖို့ တိုင်ပင်ဆွေးနွေးနေပါတယ်။ သို့သော် လည်း ဒီအပတ်မှာ ဖြစ်အောင် တင် မယ်””ဟု ၎င်း က The Messenger သတင်း စာသို့ ပြောသည်။
မျိုးစောင့် ဥပဒေအား ယခု ကျင်း ပဆဲ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း မည်ဖြစ်ပြီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မှ ခွင့်ပြုပေးရန် အရေးကြီးဆုံးဖြစ်နေကြောင်း၊ ယင်းအပြင် ၁၉၅၄ ခုနှစ်ကတည်းက အမျိုး သမီးများ အထူးထိမ်းမြား လက်ထပ် မှုနှင့် အမွေဆက်ခံမှု ဥပဒေရှိကြောင်း၊ ယင်းဥပဒေ သည် ယခု အချိန်ထိ အသက်ဝင် နေဆဲဖြစ် သော်လည်း အ ဆိုပါ ဥပဒေတွင် လိုအပ်ချက် များရှိနေကြောင်း ၎င်းင်းက ဆိုသည်။ မျိုးစောင့် ဥပဒေ မှာ အဆိုပါ လိုအပ် ချက် များ အား ထပ်မံ ဖြည့်စွက်ထားသည့် ပုံစံမျိုးသာဖြစ်ကြောင်း၊ ယနေ့ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ် မည့် အနေအထားမျိုး ဖြစ်နေကြောင်း၊ နိုင်ငံတကာတွင်လည်း အမျိုးသမီး များအား စောင့်ရှောက်သည့် ဥပဒေမျိုး ရှိကြောင်း မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများအတွက် စနစ်တကျ ပြဋ္ဌာန်း ထားခြင်း မျိုးဖြစ်ကြောင်း အဆိုပါ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဒေါ်ခင်ဝိုင်းကြည် က ရှင်းပြသည်။
မျိုးစောင့်ဥပဒေ ကို အဆိုတင် သွင်း ဖို့ အတွက် NDF ပါတီ က အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က တင် ပေးမှာပါ။ ပြီးရင် ဥပဒေမူကြမ်း ရေးဆွဲတဲ့ ပညာရှင်တွေနဲ့ တွေ့ ဆုံပြီး ကောင်းသည် ထက် ကောင်းအောင် ချောသည်ထက်ချောအောင် ပြု ပြင်ပြီး လွှတ်တော်မှာ အဆို တင်သွင်းမှာ ပါ။ရာနှုန်းပြည့် အောင်မြင် မယ်လို့လည်းယုံကြည် ထားပါတယ် ဟု ဆရာတော် ဦးဝီရသူက The Messenger သတင်းစာသို့ မိန့်ကြား သည်။ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ပြည် သူများ၏ ထောက်ခံမဲ လိုက်လံကောက်ခံရာ ထောက်ခံမဲ လေးသန်းကျော် ရရှိပြီး ဖြစ် ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြား ခဲ့သည်။ အဆိုပါ မျိုးစောင့် ဥပဒေ အား ထောက်ခံ မဲလိုက်လံ ကောက်ခံရာ တွင် ထောက်ခံ သူများ ရှိ သကဲ့သို့ ကန့်ကွက်ဝေဖန်သူ အများအပြား လည်း ရှိခဲ့သည်။
From: The Messengerအဲဒီဥပဒေနဲ့ ပတ်သက်ပြီး သူတို့ ဆီ က အတိုင်း မဟုတ်ဘဲ တကယ် နားလည် တတ် ကျွမ်းတဲ့ ဥပဒေ ပညာရှင်တွေနဲ့ ချိတ်ပြီးတော့ မှ အစွန်းလွတ်တဲ့၊ နောက်ပြီး သူတစ်ပါးကို မထိခိုက်တဲ့ Fair ဖြစ် တဲ့ ဥပဒေ လုပ် ပြီး တော့ တင်ပေးပါလို့ တာဝန်ပေးလာတယ်။ အဲဒါကို ဒီအပတ်မှာ တင်ပေးဖို့ လုပ် နေ တယ်။ ဒီဟာ ကို တင်ဖို့ အ တွက် အခြေအနေ အချိန်အခါကို ကြည့်ပြီးတင်ဖို့ တိုင်ပင်ဆွေးနွေးနေပါတယ်။ သို့သော် လည်း ဒီအပတ်မှာ ဖြစ်အောင် တင် မယ်””ဟု ၎င်း က The Messenger သတင်း စာသို့ ပြောသည်။
မျိုးစောင့် ဥပဒေအား ယခု ကျင်း ပဆဲ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း မည်ဖြစ်ပြီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မှ ခွင့်ပြုပေးရန် အရေးကြီးဆုံးဖြစ်နေကြောင်း၊ ယင်းအပြင် ၁၉၅၄ ခုနှစ်ကတည်းက အမျိုး သမီးများ အထူးထိမ်းမြား လက်ထပ် မှုနှင့် အမွေဆက်ခံမှု ဥပဒေရှိကြောင်း၊ ယင်းဥပဒေ သည် ယခု အချိန်ထိ အသက်ဝင် နေဆဲဖြစ် သော်လည်း အ ဆိုပါ ဥပဒေတွင် လိုအပ်ချက် များရှိနေကြောင်း ၎င်းင်းက ဆိုသည်။ မျိုးစောင့် ဥပဒေ မှာ အဆိုပါ လိုအပ် ချက် များ အား ထပ်မံ ဖြည့်စွက်ထားသည့် ပုံစံမျိုးသာဖြစ်ကြောင်း၊ ယနေ့ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ် မည့် အနေအထားမျိုး ဖြစ်နေကြောင်း၊ နိုင်ငံတကာတွင်လည်း အမျိုးသမီး များအား စောင့်ရှောက်သည့် ဥပဒေမျိုး ရှိကြောင်း မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများအတွက် စနစ်တကျ ပြဋ္ဌာန်း ထားခြင်း မျိုးဖြစ်ကြောင်း အဆိုပါ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဒေါ်ခင်ဝိုင်းကြည် က ရှင်းပြသည်။
မျိုးစောင့်ဥပဒေ ကို အဆိုတင် သွင်း ဖို့ အတွက် NDF ပါတီ က အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က တင် ပေးမှာပါ။ ပြီးရင် ဥပဒေမူကြမ်း ရေးဆွဲတဲ့ ပညာရှင်တွေနဲ့ တွေ့ ဆုံပြီး ကောင်းသည် ထက် ကောင်းအောင် ချောသည်ထက်ချောအောင် ပြု ပြင်ပြီး လွှတ်တော်မှာ အဆို တင်သွင်းမှာ ပါ။ရာနှုန်းပြည့် အောင်မြင် မယ်လို့လည်းယုံကြည် ထားပါတယ် ဟု ဆရာတော် ဦးဝီရသူက The Messenger သတင်းစာသို့ မိန့်ကြား သည်။ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ပြည် သူများ၏ ထောက်ခံမဲ လိုက်လံကောက်ခံရာ ထောက်ခံမဲ လေးသန်းကျော် ရရှိပြီး ဖြစ် ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြား ခဲ့သည်။ အဆိုပါ မျိုးစောင့် ဥပဒေ အား ထောက်ခံ မဲလိုက်လံ ကောက်ခံရာ တွင် ထောက်ခံ သူများ ရှိ သကဲ့သို့ ကန့်ကွက်ဝေဖန်သူ အများအပြား လည်း ရှိခဲ့သည်။
www.mmdailystar.com