Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Oxford တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် ပညာရပ်ဆိုင်ရာ ပူးပေါင်းမည်

$
0
0
အဆင့်မြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများ အတွက် အထောက်အကူ ဖြစ်စေရန် ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် တို့အကြား သင်ကြားရေးနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းမှုများကို လာမည့် မတ်လတွင် စတင်တော့မည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ရှိ နည်းပြဆရာနှင့် ပါမောက္ခများကို Oxford တက္ကသိုလ်တွင် သင်ရိုးညွှန်းတမ်း ဆိုင်ရာ သုံးပတ်သင်တန်း သင်ကြားရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ဥပဒေရေးရာ စာကြည့်တိုက်အတွက် ဥပဒေစာအုပ် ခြောက်ထောင် ပံ့ပိုးရန်လည်း သဘောတူညီခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယင်းပူးပေါင်း အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မြင့်တို့၏ ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပသော ကမ္ဘာ့ပညာရေး ဖိုရမ် ခရီးစဉ်တွင် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

“တခြားကျောင်းတွေ အတွက်လည်း ဆက်ဆွေးနွေးဦးမယ်။ အခုတော့ ရန်ကုန်တက္ကသိုလ်နဲ့ အရင် စထားတာပါ” ဟု ဒေါက်တာဇော်မြင့်က ပြောဆိုသည်။

အဆိုပါ တက္ကသိုလ်နှစ်ခုအကြား ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများ နှင့် အင်္ဂလိပ်ဘာသာ သင်ကြားရေး အစီအစဉ်များ ညှိနှိုင်းခဲ့သော်လည်း နားလည်မှု စာချွန်လွှာ ရေးထိုးရန်အတွက်မူ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ Oxford တက္ကသိုလ် ခရီးစဉ်တွင် ရန်ကုန်တက္ကသိုလ်ရှိ သင်ကြားရေးဆရာ ၁၅ ဦးကို Oxford တက္ကသိုလ်၌ သုံးပတ် သင်တန်းပေးခြင်း၊ ရန်ကုန်တက္ကသိုလ် ဥပဒေရေးရာ စာကြည့်တိုက်အတွက် ဥပဒေစာအုပ် ခြောက်ထောင် ပံ့ပိုးခြင်း၊ Oxford တက္ကသိုလ် ပါမောက္ခတစ်ဦးက ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ဌာနအတွက် ဆေးဝါးဆိုင်ရာ ဓာတုဗေဒ ဘာသာရပ် လာရောက် ပို့ချခြင်းနှင့် Oxford တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ငါးဦးက အင်္ဂလိပ် ဘာသာစကား လာရောက် သင်ကြားပေးခြင်းတို့ သဘောတူခဲ့ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

From: The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...