Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ သမ္မတော်အိမ်တော်ရဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်အချို့

$
0
0
အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တခါတလေမှာ အိမ်ဖြူတော်ထဲမှာ လှည့်လည်သွားလာနေတဲ့ အဖြူရောင်အရိပ်သဏ္ဍာန်တွေ တွေ့ ရတယ်လို့ နာမည်ကြီးပါတယ်။ သူသေမှာကို ကြိုသိမြင်ခဲ့တယ်ဆိုတဲ့ အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်း ရဲ့ ၀ိဥာဉ်ကို ခဏခဏ တွေ့ ရှိရတယ်လို့  ဆိုပါတယ်။ တစ်ချို့ လူတွေအပြောအရ လင်ကွန်းရဲ့ ၀ိဥာဉ်ဟာ အမေရိကန်နိုင်ငံအတွက်အရေးကြီးတဲ့အချိန် ဆိုရင် ပင်မခန်းမကြီးနဲ့ လင်ကွန်းအိပ်ခန်းတစ်လျှောက်မှာ တွေ့ ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီ့အိပ်ခန်းဟာ လင်ကွန်းသမ္မတသက်တမ်းတစ်လျှောက်လုံး သူ့ ရုံးခန်းအဖြစ်ပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ လင်ကွန်းအိပ်ခန်းမှာ ခေတ္တတည်းခိုခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီ ကိုယ်တိုင် လင်ကွန်း ၀ိဥာဉ်ကို မြင်တွေ့ ခဲ့ရတယ်လို့  ၀န်ခံခဲ့ပါတယ်။ ချာချီဟာ ညတစ်ညမှာ လင်ကွန်းဝိဥာဉ်ကို မြင်ခဲ့ရပြီး နောက် အဲဒီ့အိပ်ခန်းမှာ ဆက်နေဖို့ ငြင်းဆန်ခဲ့ပါတယ်။

နောက်ထပ် ၀ိဥာဉ်တစ်ခုကတော့ အိမ်ဖြူတော်မှာ ပထမဆုံးနေထိုင်ခွင့်ရခဲ့တဲ့ အမျိုးသမီး အဘီဂယ်လ် အဒမ် ရဲ့ ၀ိဥာဉ်ဖြစ်ပါတယ်။ သူမစတင်ပြောင်းရွှေ့ လာတဲ့အချိန်မှာ အိမ်ဖြူတော်ဟာ အပြီးသတ်ဆောက်လုပ်ရခြင်း မရှိသေးလို့  သူမဟာ ဆောက်လုပ်ဆဲ အရှေ့ ဘက်ခန်းမဆောင် မှာ နေထိုင်ခဲ့ရပါတယ်။ မကြာခဏဆိုသလို သူမရဲ့ ၀ိဥာဉ်ကို အရှေ့ ဘက်ခန်းမဆောင် ဘက်မှာ လျှောက်သွားနေတာကို မြင်တွေ့ ကြပြီး သူမရဲ့ လက်ထဲမှာလည်း အ၀တ်လျှော်ဖို့ အတွက် အ၀တ်ဟောင်းတွေကို ပွေ့ ပိုက်ထားတယ်လို့  သူမ၀ိဥာဉ်ကို မြင်တွေ့ ခဲ့ကြသူတိုင်းက တညီတညွတ်တည်းဆိုပါတယ်။

ဒီအဖြစ်အပျက်တွေတင်မက နောက်ထပ် ၀ိဥာဉ်ပေါင်းများစွာလည်း အိမ်ဖြူတော်မှာ ရှိနေတယ်လို့  လူအများက ယုံကြည်ထားကြပါတယ်။ မကြာခဏမြင်တွေ့ ရတယ်ဆိုတဲ့ ၀ိဥာဉ်တွေထဲမှာ Annie Surratt ဆိုတဲ့ မိန်းမ၀ိဥာဉ်ကလည်း နာမည်ကြီးပါတယ်။ လင်ကွန်းသေဆုံးမှုမှာ ပါဝင် ပတ်သတ်တယ်လို့ စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတဲ့ သူမရဲ့ အမေကို ပြန်လွှတ်ပေးဖို့ အတွက် တစ်ချို့ ညတွေမှာ အိမ်ဖြူတော်တံခါးမကြီးကို လာခေါက်နေတယ်လို့ မြင်တွေ့ လိုက်ရသူတွေက ပြန်ပြောကြပါတယ်။ ဒီအဖြစ်အပျက်တွေ တကယ်ဟုတ်သလား မဟုတ်သလားဆိုတာကတော့ ဘယ်သူမှ သက်သေမပြနိုင်ကြသေးဘဲ အင်္ဂလန်ဝန်ကြီးချုပ် ၀င်စတန်ချာချီလို ပုဂ္ဂိုလ်မျိုးက အတည်ပြုပြောကြားခဲ့တယ်ဆိုတော့လည်း ၀ိဥာဉ်တွေခြောက်လှန့် တဲ့နေရာတွေထဲမှာ နာမည်အကြီးဆုံး နေရာတစ်ခု အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

From: Trend Myanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>