Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၅ တောင့်ထားကြမှ တန်ပေမည်

$
0
0

မကြာသေးခင်ကပဲ ဒီမိုဘိုးအေနိုင်ငံကြီးလို့ ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိတင်ထားတဲ့ အင်္ဂလန်အောက်လွှတ်တော်ကနေ မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ နားစွန်နားဖျား ကြားလိုက်ရတယ်ဗျာ။
ဘာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်မချင်း အကူအညီတွေမပေးကြဖို့ဆိုလား ဘာလားဗျာ။

သူတို့တင်ချင်တဲ့စစ်ကဲ နှစ်၂၀ကျော်လောက်(ကြိုးဆွဲ)လာတာတောင် အောင်လံမထူသေးတော့ နေမထိထိုင်
မသာနဲ့ မခံချိမခံသာတွေဖြစ်လာပြီး လိုက်ကာရှေ့ လူလုံးထွက်ပြလာတယ်ထင်ပါ့။ ပယောဂမှန်တော့ တုန်တက်လာတယ်ထင်ပါဗျာ။ဒီဘက်ကလည်း မျက်ကလူးဆန်ပြာ အသံထွက်လာပြီကို။ပြောတော့ မိုးလုံးဟိန်းချုံး။ကျုံးတော့ ချေးတုံးဆိုသလိုပဗျာ။
တစ်စိတ်လောက်ဗျ။အင်္ဂလန်ဆိုတာ ကုလသမဂ္ဂအဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီးမလားဗျ။ဒီလိုဆို ကုလအဖွဲ့ဝင်နိုင်ငံက ကုလရဲ့ ပဋိဥာဉ်စာတမ်းပါ အချက်လက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ ဘာသဘောလဲဗျ။

၁၉၈၁ခုနှစ်က ကုလဆုံးဖြတ်ချက်အမှတ်(၃၆/၁၀၃)မှာ မည်သည့်နိုင်ငံမျှ သို့မဟုတ် မည်သည့်နိုင်ငံအစုအဖွဲ့မျှ အခြားနိုင်ငံ၏ပြည်တွင်းရေးကိစ္စများတွင်ဖြစ်စေ၊နိုင်ငံရေးကိစ္စများတွင်ဖြစ်စေ ၊မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ၊မည်သည့်နည်းလမ်းမည်သည့်ပုံစံဖြင့်ဖြစ်စေ၀င်ရောက်စွက်ဖက်ခြင်း
မရှိစေရဆိုတာ ပါတယ်ဗျ။

နောက်ပြီး နိုင်ငံတိုင်း နိုင်ငံတိုင်းသည် နိုင်ငံများ၏ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် အလို့ငှာ လူ့အခွင့်ရေးပြဿနာကို မမှန်မကန်အသုံးချခြင်းကို ရှောင်ကြဉ်ရမည်။နိုင်ငံတိုင်းသည် နိုင်ငံအချင်းချင်း သို့မဟုတ် နိုင်ငံအစုအဖွဲ့အချင်းချင်း တည်ငြိမ်မှုပျက်ပြားအောင်၊ယုံကြည်မှု ပျက်ပြားအောင် အကျပ်ကိုင်လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရမည်ဆိုတာလည်း ပါတယ်ဗျ။

ဒီအချက်တွေ သိလျက်နဲ့လုပ်ဆောင်တာ ဒင်းတို့ရဲ့ ဇာတိရုပ်အမှန်ကို ပြတာဗျ။အပေါ်ယံ ဘယ်လောက်ဟန်ဆောင် ဟန်ဆောင် ၊သကာရည် ဘယ်လောက်ပဲဖုံးဖုံး ဒင်းတို့ရဲ့ အတွင်းစိတ်က အရင်အင်္ဂလိပ်ပဲဆိုတာ ဖုံးသမျှ ကုန်းမှ ပေါ်ပေါ်လာတယ်ဗျ။

သူတို့ရင်းခဲ့ရတာလည်း များသကိုး။သူတို့ကြိုးဆွဲရာကမယ့် အသုံးတော်ခံ ရွှေမင်းသမီးကလည်း မှုန်နံသာခြယ်ကာသလိုက်၊ စုံပုဝါဘယ် ညာချလိုက်နဲ့ ကြိုတင်ဇာတ်တိုက်ထားတာသမျှ ခုထိအံမကိုက်နိုင်ကြတော့ ရွှေပွဲလာတွေလိုပဲ ဒင်းတို့လည်း စိတ်မရှည်ရှာတော့ဘူးထင်ပါ့။အဲဒီတော့ ပတ်ကြမ်းစတုတ်တော့တာပေါ့ဗျာ။

ဖွဲ့စည်းပုံမပြင်သမျှ…အကူညီမပေးဘူးတဲ့လား။ဟားဟား…။ရယ်ချင်လိုက်တာဖတ်ဖတ်မော၊ရင်ဘတ်နောက်
က ကျောပါပဲ။

နှစ်တစ်ရာလောက် ကျွန်ပြုခဲ့တာ အကူညီလား။

ဆရာစံ၊ဦးဥတ္တမ၊ဗိုလ်အောင်ကျော် စတဲ့အာဇာနည်တွေကို ပုဒ်မမျိုးစုံထုတ်၊သူပုန်တံဆိပ်ကပ် ကွပ်ညှပ်သုတ်သင်ခဲ့တာ အကူညီလား။

မြန်မာ့ သယံဇာတတွေ ထောင်းလမောင်းကျေအောင် ထုတ်ယူသုံးစွဲ ထင်တိုင်းကျဲခဲ့တာ အကူညီလား။

ဂျပန်အ၀င်မှာ မြန်မာ့သယံဇာတတွေကို တစ်ပြည်လုံးမြေလှန်စနစ်နဲ့ ဖျက်ဆီးပစ်ခဲ့တာ အကူအညီလား။

ပြည်တွင်းစစ်နှစ်ရှည်အောင် တောင်ပေါ်မြေပြန့် သွေးခွဲသပ်လျှိုခဲ့တာ အကူညီလား။
ဗိုလ်ချုပ်ကို လုပ်ကြံဖို့ ဘရင်းဂန်းတွေ တစ်ဘက်လှည့်ထုတ်ပေးခဲ့တာ အကူညီလား။
မြန်မာပြည်အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကပ်သုံးပါးဆိုက်အောင် ဘက်စုံစစ်ပွဲနွှဲခဲ့တာ အကူညီလား။

သူတို့လိုရာ ကြိုးကိုင်နိုင်မယ့် စစ်ကဲတစ်ယောက် စင်ပေါ်မရောက်မချင်း ပြောင်ပြောင်တင်းတင်းစွက်ဖက်နေတာ အကူအညီလား။

ဒီနေ့ဂျပန်တွေကြည့် ။စစ်တွင်းက ဘယ်လောက်ရက်စက်ခဲ့တယ်ပြောပြော သူတို့ဘိုးဘေးတွေရဲ့ အကြွေးကို ပြန်ပေးဆပ်နေတယ်။မြန်မာပြည်ကို ထိရောက်တဲ့ အကူအညီတွေ အစဉ်တစ်စိုက်ပေးနေတယ်။အစိုးရပိုင်းကိုရော ပြည်သူလူထုတွင်းကိုပါ စိမ့်ဝင်ပံ့ပိုးပေးနေတယ်။အပြောမဟုတ်ဘူး။လက်တွေ့။ဒါသုံးလေးနှစ်ပဲ အုပ်ချုပ်ခဲ့တာ။

နှစ်တစ်ရာအုပ်ချုပ်ပြီး ဂုတ်သွေးစုပ်ခဲ့တဲ့ အမျိုးယုတ်တွေက ဘာအကူညီမှမပေးခဲ့ကြတဲ့အပြင် ရေနစ်တဲ့သူ ၀ါးကူထိုးဖို့၊အကူညီဆိုတဲ့ မတန်မရာစကားလုံးသုံးပြီး ဖိနပ်ကြားက နတ်စကားထွက်တာ ရွံဖို့ကောင်းလိုက်တာဗျာ။

ခင်ဗျားတို့ ကူညီမှ ကျုပ်တို့ ၀မ်းခါးလှတာ မဟုတ်ဘူး။
ခင်ဗျားတို့ တင်တဲ့ရွှေမင်းသမီးမှ ပွဲကတတ်တာမဟုတ်ဘူး။
မီးစာတစ်ဘက် ရေတစ်စက်နဲ့ သပ်လျှိုနယ်ချဲ့တဲ့ လှည့်ကွက်အောက် ကျုပ်တို့ ထပ်မရောက်စေရဘူး။

ခင်ဗျားတို့အရပ်၊ခင်ဗျားတို့ဇာတ်ခင်းပြီး ခင်ဗျားတို့ ကုမ္ပဏီကြီးတွေ ခြေရှုပ်ဖို့ ခြေကုပ်ယူတာ မလိုလားဘူး။
ထာဝရမိတ်ဆွေ၊ထာဝရ ရန်သူဆိုတာ မရှိဘူးဆိုပေမယ့် ခုထိစိတ်ရင်းမမှန်သေးတဲ့ ကိုလိုနီနယ်ချဲ့ကျားကို ထာဝရအကျိုးစီးပွားတွက် ဘယ်လိုယုံစားရမလဲ။
မိတ်ဆွေများခင်ဗျာ..လူတွင်ပါလို့ နွားကျားကိုက်တယ် ဆိုတဲ့စကားရှိပါတယ်။
ပါတဲ့လူက ဘယ်သူ…ကျားက ဘယ်ဝါဆိုတာ တွေးဆချင့်ချိန်ကြပါစို့။

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ကြရမည်။၂၀၁၅ တောင့်ထားကြမှ တန်ပေမည်။ ........
From: အောင်ဇေ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>