Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သို့...ဂျီးစု ဒီနေ့စာတိုတိုပဲရေးလိုက်မယ်.....

$
0
0
သို့ ….
ဂျီးစု ….

စာရှည်ရှည်တွေ ရေးရတာမောလို့  …
ဒီနေ့ တိုတိုပဲ ရေးခဲ့တယ်…
နည်းလမ်းနှစ်ခု ရှိတယ် …

၁။ ၅၉ စလုံး ကို လွှတ်တော်ထဲက ပြင်မရ …
၂၀၁၅ ဒီအတိုင်း ရွေးကောက်ပွဲဝင် …
ကိုယ့်ပါတီ အနိုင်ရ …အစိုးရအဖွဲ့ ဖွဲ့ …
ကိုယ်က လွှတ်တော်ဥက္ကဌ လုပ် ….
လွှတ်တော်ထဲမှာ ကိုယ့်ပါတီက အမတ်အများစု …
အစိုးရအဖွဲ့ မှာ ကိုယ့်ပါတီက ၀န်ကြီးအများစု ….
ဖွတ်က လမ်းဘေးရောက် …
အဲဒီအခါမှ ခြေဥကို စိတ်ကြိုက်ပြင် …
တိုင်းပြည် တိုးတက်ဖို့  တလစပ် အလုပ်လုပ် ...
ဒါက ပထမ နည်းလမ်း….

၂။ ဖွတ် နဲ့  တပ် က ….
၅၉ စလုံး ပြင်တာတော့ လက်မခံ ….
ဖွတ် နဲ့  တိုင်းရင်းသားတွေ ညှိနိုင်း …
တိုင်းရင်းသားတွေ သဘောခွေ့ မယ့် ပုဒ်မမျိုးတွေ ပြင်ပေးမယ်လို့  …
တိုင်းရင်းသားအင်အားစုတွေကို ကမ်းလှမ်း…
တိုင်းရင်းသား အုပ်စုတွေနဲ့ မဟာမိတ်လုပ် …

သမ္မတ ဖြစ်ခွင့်မရတော့လို့  ...
ဒေါင်းတစ်ကောင်တည်း စားမာန်ခုတ်ပြီး ….
လူထုတိုက်ပွဲ လုပ် …
ရန်ကုန် ShutDown မန်းလေး ShutDown လုပ်…
နိုင်ငံတကာက ၀ိုင်းအော် ….
လိုအပ်ရင် ပြန်ပြီး စီးပွားရေးပိတ်ဆို့ …

အစိုးရက အရေးပေါ်အခြေအနေကြေငြာ….
တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး ခေါင်းစဉ်တပ် …
တပ်မတော်ကို အကူအညီတောင်း …
တပ်တွေ မြို့ ထဲဝင်လာ …
ShutDown ကို ဆော်ပလော်တီးပြီး ….
ShutUp ဖြစ်အောင်ပြန်လုပ်….

၂၀၁၅ ရွေးကောက်ပွဲကို ဖြစ်အောင်ဆက်လုပ်…
ဖွတ်နဲ့ တိုင်းရင်းသားပါတီ၊ အခြားပါတီတွေဝင်ပြိုင် …
အားလုံး နေရာအတော်အတန်စီ အနိုင်ရ …
အရပ်သား အစိုးရ စစ်စစ်တက်လာ…
ဒေါင်းက ဗုံမဟုတ် ပတ်မဟုတ် နဲ့  …
ဖင်ဟောင်းလောင်း ဂျွမ်း ဆယ်ပတ်ပြစ်…
ဒါ က ဒုတိယနည်း…..

နေပါအုန်းဗျ….
ဘယ်နည်းက ကိုယ့်အတွက် အခွင့်သာမယ်…
တိုင်းပြည် အတွက် အကျိုးရှိမယ် ထင်သတုန်း….
ဖွတ်တွေကလဲ …
ဘယ်နည်းကို ပိုကြိုက်မယ် ….
ပိုဖြစ်စေချင်မယ် ထင်သတုန်း…

ဟီးဟီး…..
တတလင်းဂျိတ် နဲ့  တုံးပြီး …
ဒုတိယနည်းကို ကြိုက်တယ်ဆိုရင်…

ဟိုဓာတ်ရှင်ထဲကလို …
ဖွတ်တွေက ….
ဒေါင်းပါတီမှာ ရေရှည် မြုပ်နှံထားတဲ့  သူလျိုက
ဂျီးစု များ ဖြစ်နေမလားဟင် ….

စိတ်မဆိုးရဘူးနော် …
တားက မြင်တာလေးပြောတာ…
လစ်ပြီ….၀ှစ် ……


( တန်ပြန်သူလျို ရဲမိုး )



From:Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


တာချီလိတ်မြို့တွင် MPT ဆင်းကဒ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်...


ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) နဲ့ NLD &အောင်-စု-တင် ပြိုကွဲခြင်း


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


နောက်ထပ်ခြေလှမ်းသာ ဖြစ်စေချင်ပါတယ်


မောင်တူး - သက်ရှိပန်းချီ - အပိုင်း (၁၉)


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


TTA Oreo Gapp Installer


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားဟော မုဒြာဟန်ပန်များထဲမှ မုဒြာ(၉)မျိုး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ထက်ထက်မိုးဦးရဲ့ခင်ပွန်းဇူးထက်မြတ်ရဲ့ ပေါက်ကွဲထွက်လာတဲ့စာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>