Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိုးကုတ်ဓားပြမှု ကျူးလွန်သူများ ပိတ်ဆို့ရှာဖွေစဉ် မူးယစ်ဆေး သယ်ဆောင်သူများ ကိုသာ ဆက်တိုက်ဖမ်းမိနေ

$
0
0


Sunday, January 26, 2014

မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်အား ဖော်ထုတ်ရန် ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း ယခုလ ၂၃ ရက်က ကျပ်သိန်းနှစ်ရာနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမှုသုံးမှု ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းနယ်မြေရဲကင်းစခန်း၊ တွင်းငယ်ရဲကင်းစခန်းနှင့် သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်မှ တရားခံဖြစ်သူများအား ဖမ်းမိနိုင်ရေးအတွက် တွင်းငယ်- မိုးမိတ်ကားလမ်းပေါ်ရှိ သစ်ခွဲပင် သစ်ထုတ်လုပ်ရေးစခန်းအနီးတွင် ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေစဉ် ဇန်န၀ါရီ ၂၃ ရက် ညပိုင်းက ငွေကျပ် ၁၉၂ သိန်းကျော်ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူ၊ ဘိန်းမည်းနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်သုံးစီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုအရေးယူခံထားရသည့်သူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ထွက်ဆိုခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင်နေသည့် ဆက်စပ်သူများကိုလည်း ဆက်လက်ဖမ်းဆီးရေး ဆောင်ရွက်နေကြောင်း သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ဇန်န၀ါရီ ၂၁ ရက်က မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြမှုအား ဖော်ထုတ်နိုင်ရေးအတွက် အဆိုပါညမှစတင်ပြီး ယင်လမ်းပိုင်းနေရာတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများအား ရက်ဆက်ပြုလုပ်ခဲ့ရာ ၂၂ ရက်နေ့ ည ၈ နာရီ အချိန်ကလည်း ငွေကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား မိုးမိတ်မြို့ဘက်မှ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

From: 7day Daily

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>