Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆီးဂိမ်းအတွက် အရေးပေါ်ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များထားရှိ

$
0
0
ဆီးဂိမ်းအတွင်း သတင်းအချက်အလက်များ ဆက်သွယ်နိုင်ရန် Call Center ဖွင့်လှစ်ထားရှိပြီး ဖြစ်သကဲ့သို့ အရေးပေါ် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကိုလည်း ထားရှိပြီးဖြစ်ကြောင်းလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အရေးပေါ်လူနာတင်ယာဉ်နှင့် ကုသရေးဌာနအတွက် တယ်လီဖုန်းနံပါတ် ၁၉၂ ကို နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံတွင်လည်းကောင်း၊ မီးသတ်အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁ ကို နေပြည်တော် ဗဟိုမီးသတ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၉ ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးတွင် လည်းကောင်း၊    နေပြည်တော်ကောင် စီ အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၃ ကို နေပြည်တော်ကောင်စီတွင် လည်းကောင်း တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တယ်လီဖုန်းနံပါတ်များကို နေပြည်တော် ကောင်စီနယ်မြေရှိ GSM မိုဘိုင်းဖုန်း များနှင့် အော်တိုတယ်လီဖုန်းများမှ ဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ် ငန်း နေပြည်တော် ကောင်စီနယ်မြေ အထွေထွေမန်နေဂျာ ဦးသိန်းဟုတ်က နိုင်ငံပိုင်သတင်း စာနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။ ဆီးဂိမ်း သတင်းအချက်အလက်များကို ဆက်သွယ်မေးမြန်းနိုင်ရန် အတွက်ကို လည်း Call Center ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း 1876 Call Center မှ တာဝန်ရှိသူတစ်ဦး က ပြော သည်။ ယင်း Call Center က မြန်မာ၊ အင်္ဂလိပ် နှစ်ဘာ သာဖြင့် ဖြေကြားပေးသွားမည်ဟု သိရပြီး ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဂျပန် ဘာသာစကားဖြင့် မေးမြန်းလိုပါက ရန်ကုန် Call Center နှင့် ချိတ်ဆက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 IBC (International Broadcasting Center) တွင်လည်း Broadcaster Booth ၂၀ ရှိပြီး Booth တစ်ခုတွင် တယ်လီဖုန်းလိုင်း နှစ်လိုင်း၊ Data တစ်လိုင်း တပ်ဆင်ပေးထားကြောင်း ဦးသိန်းဟုတ်၏ ပြောကြားချက်အရ သိရသည်။ Booth အနေဖြင့် တယ်လီဖုန်းကို ယာယီတယ်လီဖုန်း တပ်ဆင်ခ နှစ်သောင်း၊ တစ်ရက်လျှင် သုံးထောင်နှုန်းဖြင့် ဆောင်ရွက်ပေး ထားကြောင်း၊   နေပြည်တော် ကောင်စီနယ်မြေအတွင်း ကြိုက်သလောက် ပြောနိုင်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး နယ်ဝေးခေါ်ဆိုပါက သီးခြားခေါ်ဆိုခ ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားသို့ ခေါ်ဆိုပါကလည်း သီးခြားခေါ်ဆိုခ ပေးရမည်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ကရဝေး စိုက်ပျိုးနည်း


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>