Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး ဖွင့်ပြောလာတဲ့ ဂန္တ၀င်

$
0
0
လတ်တလော အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် ပရိသတ်တွေရော၊ အနုပညာအသိုင်းအ၀ိုင်းကပါ အားလုံးပွက်လောရိုက်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဂန္တ၀င်ကတော့ ‘အခုချိန်မှာအနုပညာအလုပ်တွေ ကိုအကောင်းဆုံးလုပ် ကိုင်ပြီးရပ် တည်နေတဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် အတိတ်ကို တွေးတောမနေပဲလက် ရှိ အနာဂတ် ပစ္စုပ္ပန်ကိုသာစဉ်းစားပါတယ်’လို့ ပြောပြခဲ့ပါတယ်။

ဂန္တ၀င်ဟာ သြစတြေးလျမှာ တစ်လကြာသွားရောက် သီဆိုဖျော်ဖြေခဲ့တာမို့ သြစတြေးလျ မှာတွေ့ကြုံလာခဲ့ရ တဲ့ အမှတ်တရတွေနဲ့အတူ သူ့ရဲ့ခံစားချက်အချို့ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါမှာတော့ ‘အစ်မက သြစတြေးလျကိုတစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ တစ်လကြာသွားရောက်ဖျော်ဖြေရတဲ့ အတွက်လည်း အရမ်းပျော်ပါတယ်။ ဂုဏ်လည်းယူမိပါတယ်။ သြစတြေးလျမှာရှိတဲ့ နေရာတော်တော် များများကိုလျှောက်လည် ဖြစ်ခဲ့တယ်။ အဲဒီလိုလျှောက်လည်ခဲ့ တုန်းကဆို ကိုယ့်ကိုယ်ကိုယ် ပင်ပန်းလို့ ပင်ပန်းရမှန်း၊ အချိန်တွေကုန် သွားမှန်းတောင် မသိခဲ့ပါဘူး။ သြစတြေးလျမှာ အစ်မရဲ့ ပရိသတ်တွေ နဲ့လည်းတွေ့ခဲ့ရပါတယ်။ အစ်မက သင်္ကြန်၊ ခရစ္စမတ်၊ နယူးရီးယားရောက်တိုင်း သီချင်းနဲ့ ဖျော်ဖြေ ဖြစ်တယ်။ အဆိုဘက်ကို ၀ါသနာပါပါတယ်။ စီးရီးထုတ်ဖို့လည်း စိတ်ကူးရှိပါတယ်။

ဒါပေမဲ့ အကောင်အထည် ဖော်ဖို့က လိုပါသေးတယ်။ အတွဲအခွေ တွေလောက်ပဲ ပါဝင် သီဆိုသွားဖြစ်မှာပါ။ အဆိုနဲ့ ပတ်သက်တဲ့ လေ့လာမှု ကတော့ အိမ်မှာသီချင်းနားထောင်ဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားသီ ချင်းခွေတွေ ကြည့်ပြီးနားထောင် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သီဆိုဖျော် ဖြေမှု တွေကို ပရိသတ်တွေက လက်ခံအားပေးကြ ပါတာတွေ့ရလို့ အရမ်းပီတိ ဖြစ်ရပါတယ်။ ရှေ့ဆက်ပြီး အနုကညာလောကမှာ သီချင်းဆိုဖို့ နဲ့ သရုပ်ဆောင် နှစ်မျိုးလုံးလုပ်ကိုင်သွားဖို့ဆိုတာ ချိန်ရအုံးမှာပါ။ အရင်ကတည်းက ကိုယ်ကသ ရုပ်ဆောင် အလုပ်လုပ်လာခဲ့တဲ့သူဆိုတော့ နှစ်မျိုးလုံးလုပ်ဖို့ ကျတော့ ပိုပြီးတာဝန်ကြီးတယ်လို့ အစ်မအနေနဲ့ ထင်ပါတယ်။’လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
From: Trend Myanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...