Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကုလားရှိသည့်နေရာ ပြသနာရှိသည်

$
0
0


စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု...

စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ်အချိန်က ဖြစ်ပွားခဲ့သောကားမတော်တဆ တိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူ လှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ အကြမ်းဖက်သောဆူပူသူဦးရေဟာခန့်မှန်းခြေ အားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။

ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။ အနည်းဆုံး စင်္ကာပူ ရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိ ရသည်။ LI riot ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမား တစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီး ရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက်ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ် အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက ထိုအ ကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့အများသူ ငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။ အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာ ပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။

From:စင်္ကာပူဖီး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>