Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာအဓိကရုဏ်းကြောင့် သံဃာတစ်ပါးနဲ့လူတစ်ဦးသေဆုံးပြီး၊မြို့ခံ ၂၀ ဆေးရုံရောက်

$
0
0

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့မှာ ဒီကနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေ ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအဝင် မြို့ခံတစ်ဦးသေဆုံးခဲ့ပြီး၊မြို့ခံအယောက် ၂၀ ကျော်ကိုလည်း မိတ္ထီလာဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ တင်ပို့ထားရတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ယနေ့နေ့လည်က မိတ္ထီလာမြို့မဈေး ရွှေဆိုင်မှာ ရွှေလာရောင်းသူနဲ့ ရွှေဆိုင်ပိုင်ရှင်တို့ကြား စတင် ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခကြောင့် မိတ္ထီလာမြို့မဈေးအတွင်းက ဈေးဆိုင်တစ်ချို့နဲ့ဆိုင်ခန်းတစ်ချို့အပြင် အစ္စလာမ် ဘာသာဝင်တို့ ဝတ်ပြုရာ ဗလီတစ်ခု ဖျက်စီးခံခဲ့ရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ဖြေရှင်းဖို့အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်   ခေါင်းဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့ကို ဒီကနေ့ ညနေကရောက်ရှိလာပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရှေ့တန်းစခန်းဖွင့်လှစ်ထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဒီကနေ့ မနက်ပိုင်းမှာ RFA ကိုအတည်ပြုပြောကြားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး လူမှုကွန်ယက်ဖြစ်တဲ့ "ရဲဇာနည်"ဖေစ့်ဘုတ်စာမျ က်နှာမှာ လည်း ဒီ ကနေ့နေ့လယ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ည ၈ နာရီကျော်က မိတ္ထီလာဆေးရုံကြီးကို တက်ရောက်ဆေး ကုသခံယူနေရတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးနဲ့ မိတ္ထီလာမြို့ခံ ဦးသန်းမြင့်နိုင်တို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၀ ရက်ည ၁၀ နာရီခန့်မှာတော့ မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။
From:rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>