Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာတွင် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်း အခြေအနေ

$
0
0

မိတ္ထီလာမြို့မှာ မနေ့ည ၉ နာရီနောက်ပိုင်းကစလို့ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်းမှာ ဒီကနေ့ မတ် ၂၁ က စလို့ အခြေအနေတွေ ငြိမ်ဖို့ ရှိတယ်၊ လူအုပ်နဲ့ အနိုင်ကျင့်လို့ ရမှာ မဟုတ်တော့ဘူးလို့ မိတ္ထီလာအမတ် ဦးဝင်းထိန်က ညဥ့်သ န်းခေါင်ကျော် အချိန်မှာပဲ ဘီဘီစီကို ပြောပါတယ်။

အခြေအနေတွေကို ပြေလည်အောင် ကြိုးစားရမယ်၊ မိတ္ထီလာမြို့ဟာ နဂိုကထဲက မြန်မာမွတ်ဆလင်တွေ အများကြီး နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး အားလုံး ပြေပြေလည်လည် ရှိကြတယ်၊ အခုမှ ရုတ်တရက် ထဖြစ်တာပါလို့ သူက သုံးသပ်ပါတယ်။

ညတွင်းချင်း အနီးပတ်ဝန်းကျင် ရွာတွေက ကားတွေနဲ့ တုတ်တွေ၊ ဓားတွေ ကိုင်ပြီး တက်လာကြလို့ တားခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဦးဝင်းထိန်က ပြောပါတယ်။

တောကြောင်တွေလို့ခေါ်တဲ့ ပြဿနာပေါ်မှာ အမြတ်ထုတ်သူတွေ ရှိတယ်၊ ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ ကဲ့လာသူတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

အာဏာပိုင်တွေဟာ ဒီလိုကိစ္စတွေကို မကြုံဘူးတော့ စနစ်တကျ ကိုင်တွယ် ဆောင်ရွက်တာကို မလုပ်နိုင်ကြ ဘူး။ ညမှောင်မိုက်တဲ့ အချိန်လည်း ဖြစ်၊ လူအုပ်ကလည်း ကြီးမားလွန်းတော့ ခပ်လှမ်းလှမ်း ကသာ ထိန်းသိမ်းဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း လုံခြုံရေးဝန်ကြီးကိုယ်တိုင် ဆင်းချလာပြီး အခြေအနေတွေကို ကွပ်ကဲ ဆောင်ရွက်နေသလို တပ်ကို မသုံးဘဲ ရဲတပ်ဖွဲ့ အင်အားနဲ့သာ ထိန်းသိမ်း ဆောင်ရွက်ခဲ့လို့ အထိုက်အလျောက်ပဲ ထိရောက် စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ တပ်အရာရှိဟောင်းတဦးလည်းဖြစ်တဲ့ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၀ မနက်ပိုင်းက မိတ္ထီလာမြို့၊ ရွှေဆိုင်တဆိုင်မှာ ရွှေလာရောင်းရာက နှစ်ဘက် အချေအတင်ဖြစ်ပြီး ဆိုင်ပိုင် ရှင် မွတ်ဆလင်က ရွှေလာရောင်းတဲ့ ဇနီးမောင်နှံအနက် ယောက်ျားလုပ်သူကို ရိုက်နှက်ခဲ့ရာ ကနေ နောက်ဆက်တွဲ လူအုပ်နဲ့ ဆိုင်နဲ့ အိမ်တွေ ဖျက်စီး၊ ဘာသာရေးစာသင်ကျောင်းနဲ့ ဗလီတွေ ဖျက်စီး/ မီးရှို့တွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
From:BBC

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>