Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မတ်လ ၂၁ ရက် နံနက်ပိုင်း မိတ္ထီလာမြို့ အခြေအနေ

$
0
0

မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ဖြစ်ပွားနေသော ပဋိပက္ခများကို ပြေငြိမ်း ရန် ရွှေည၀ါ ဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ ကျောင်း သားခေါင်းဆောင် များက ယနေ့နံနက်ပိုင်း တွင် မိတ္ထီလာမြို့အတွင်း ကားများဖြင့် လှည့်လည်ပြီး အသံချဲ့စက်များမှတစ်ဆင့် မြို့ခံပြည်သူလူ ထု ကို ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် မေတ္တာရပ်ခံ၍ လှည့်လည်တ ရားဟောနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ထိုသို့ ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းနေသလို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသအာဏာပိုင်များကလည်း အခြေအနေကို တည်ငြိမ်ရန် ကြိုးပမ်းနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။ မတ်လ ၂၁ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ဈေးနှင့် ဈေးဆိုင်များ ပိတ်ထားကြောင်း သတင်းရရှိသည်။

ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ဈေးအရှေ့ပြင်ရပ်ရှိ "နယူးဝိန့်စိန်" ရွှေဆိုင်၌ ရွှေအရောင်းအ ၀ယ်ပြုလုပ်ရာ မှတစ်ဆင့် အချင်းများပြီး လာရောင်းသူ သုံးဦးအား ရွှေဆိုင်ရှင်၏ သမက်နှင့် လုပ်သားတို့က လက်သီးဖြင့်ထိုး၊ တုတ်နှင့်ရိုက်ရာ ရွှေလာရောင်းသူ ဒဏ်ရာရ၍ ဆေးရုံတင်ပို့ရကာ ၎င်း၏ ဇနီးက လက်ရောက်ကျူးလွန်မှုများကို ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ဆိုင်ရှင်သမက်နှင့် ဆိုင်လုပ်သားတို့ကို ဖမ်းဆီးအ မှုဖွင့် အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုဖြစ်စဉ်ကို ကြားသိ ရသော ဒေသခံလူ ၂၀၀ ခန့်က ယမန်နေ့မွန်းလွဲ ၂ နာရီကျော်မှစတင်ကာ အဆိုပါရွှေဆိုင်နှင့် အနီးဝန်းကျ င်ရှိ ရွှေဆိုင်အချို့ကို စတင်ဖျက်ဆီးရာမှ ပဋိပက္ခမှာ ပိုမို ကြီးထွားလာသည်။ ထို့ကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သည်။

အဆိုပါပဋိပက္ခကြောင့် ယမန်နေ့ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မိတ္ထီလာဆေးရုံသို့ ဒဏ်ရာရရှိသော သံဃာတစ် ပါးနှင့် အမျိုးသား ငါးဦး ရောက်ရှိလာကာ ဆေးဝါးကုသမှုခံယူနေပြီး ည ၈ နာရီ ၅၅ မိနစ်အချိန် တွင် ဆေးရုံ တက်ရောက် ကုသနေသော သံဃာတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ် ရာ များဖြင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>