Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အခြေအနေ ဆိုးရွားလျှက်ရှိသော မိထ္ထီလာ၏ နောက်ဆုံး အခြေ အနေ

$
0
0





မိထ္ထီလာ အခြေအနေ ဆိုးရွားလျှက် ရှိသည်။မိတ္ထီလာမြို့ဈေးတောင်ဘက် တွင် မီးသတ်ကားတွေ ပါရောာက် လာပြီ။ လူအင်အားထောင်ဂဏန်းခန့်က နိုင်ငံတော် သီချင်း များ သီဆိုပြီး ကုလားတိုက် အိမ်(၅)လုံးခန့်အားဖြိုလျှက်ရှိသည်။ရဲတပ်ဖွဲ့ဝင်များမထိန်းနိုင်တော့သဖြင့်လက်ပိုက်ကြည့်နေ
ရသည်။ ၀ိုင်းဝန်းကြည့်နေသူလူထု သောင်းဂဏန်းခန့်ရှိကြောင်းသိရသည်။

==============================
ဒါက ပေါ်ပြူလာက  ဖော်ပြသည့် ဖြစ်စဉ် သတင်း

ယနေ့နက်နံ ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မိထ္ထီလာမြို့ တောင်ဘက် ရှိ ရွှေဆိုင်တစ်တွင် ရွှေထည် လာရောက် ရောင်းချ သူတစ်ဦးနှင့် လက်ခံဝယ်ယူ သူတို့ကြားတွင် အခန့်မသင့်၍ ခိုက်ရန် ဖြစ်ရာမှ ရိုက်နှက်မှု ဖြစ်ပွားသွားကြောင်း ဒေသ အာဏာပိုင်များထံမှ သတင်းရရှိသည်။

"ကျွန်တော်တို့ စခန်းကို အမှု လာဖွင့်ထားတယ်၊ခုလောလောဆယ်မှာ စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ် ၊ရွှေထည်ရောင်း တာမှာ မှတ်ကျောက်တင်ရင်းကေ ရွှထည် ပျက်စီးသွားလို့ အချင်းများရာ ကနေဖြစ်သွား တာ ပါ၊ စကားများတာကနေ ဆက်ပြီး ရိုက်မှု ဖြစ်တာပါ" ဟု မိထ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
...................................................

မိထ္တီလာမြို့ မြို့မဈေးတောင်ဘက် ကိုထွန်းထွန်း+မမြင့်မြင့်အေး(၇၈၆)ပိုင်
ဝိန့်စိန်အမည်ခံရွှေဆိုင်တွင် မြန်မာအမျိုးသမီးကြီးတစ်ဦးမှ ရွှေဆံထိုးသွား
ရောင်းရာ ဆိုင်ရှင်မှ (၁၈၀၀၀၀)ကျပ်မေးမည်ဟုပြောကာ ဆံထိုးကိုချိုး၍
မှတ်ကျောက်တိုက်ကြည့်သည်။မှတ်ကျောက်တိုက်ပြီး ငါးသောင်းပဲပေးမည်
ဟုပြောရာမှ ရောင်းသူနှင့်စတင်စကားများကြသည်။ဆိုင်ဝန်ထမ်းများမှ
ရောင်းချသူအမျိုးသမီးအားချုပ်ပေးပြီးဆိုင်ရှင်ဒေါ်မြင့်မြင့်အေးမှရိုက်နက် သည်ဟုသိရသည်။သက်ဆိုင်ရာသို့သွားရောက်တိုင်ကြားရာ ဆိုင်ကိုပိတ်
ခိုင်းပြီးအပြင်လူမ၀င်ရန်တားမြစ်ရာမှ လူထုနှင့်စတင်ပြသနာတက်ကြောင်း
သိရသည်။မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများနှင့် မြို့ခံနိုင်ငံရေးပါတီများမှ
ဝိုင်းဝန်းညှိနှိုင်းပေးနေကြောင်းသိရသည်။

.......................................................
ယခု အခါ လူထုမှာ အဖြည်းဖြည်းချင်း ငြိမ်သက်နေပါသည်။မိတ္ထီလာ ဈေးကြီး တစ်ခုလုံးကတော့ ပိတ်ထား လိုက် ရပါသည်။အမှုအား ရဲ တပ်ဖွဲ့ မှ ဆက်လက် စုံးစမ်းဆဲဖြစ်ကြောင်းနှင့် အရိုက်နှက်ခံရသူ အမယ်အို မှာ ဈေးရုံတွင် သေဆုံးသွားသည်ဟု ထပ်မံသိရပါသည်

အခင်ဖြစ်ပွားရာ အဆောက်အဦး ရှေ့ တွင် မိတ္ထီလာ အမျိုးသားဒီမိုကရေစီ အဖွဲ့ မှ အဖွဲ့ ဝင် များလည်း ရောက်ရှိနေပြီး လူအုပ်အားဖျောင့်ဖျပြော ဆိုနေသောကြောင့် အခြေအနေမှာ အတော့ ပင်ကောင်းမွန်နေ ပါပြီ.။

မြို့ တွင်းနေ မွတ်ဆင် ဆိုင်များမှာ အားလုံးလိုလို ပိတ်ထားပြီး ဗမာဆိုင် အနည်းငယ်မှာလည်း ပိတ်ထား ပါသည်။
 

 ...........................................

မိတ္ထီလာမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခ များကို ညှိနှိုင်းဖြေရှင်းပေးရန် မိတ္ထီလာမြို့ နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်သည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် မှ မိတ္ထီလာ မြို့သို့ သွားရောက်လျက် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် များထံမှ သိရသည်။
 


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>