ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲတစ်ခု တုံကျေးရွာတွင် မကြာမီပြုလုပ် သွား မည်ဖြစ်ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
မတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ်စခန်းသို့ လာရောက်စဉ် ကြမ်းတမ်း စွာ ပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာနာမည်ပျက်မည်ကို စိုးရိမ်သဖြင့်ပြုလုပ် ရခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။
“မကြာမီ နှစ်ရက်၊ သုံးရက်အတွင်းလုပ်ဖို့ စီစဉ်နေတယ်။ လူနည်းစု တစ်စုကြောင့် နာမည်ပျက်မှာစိုးလို့ပါ” ဟု တုံရွာဒေသခံတစ်ဦးကပြောသည်။
www.mmdailystar.com