Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ

$
0
0

ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာ အုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း ဘင်္ဂါလီများ အများ အပြား ရောက်ရှိနေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးရာတွင် ဘင်္ဂါလီ (၅၃) ဦးအား လည်းကောင်း၊ နေ့လည်ပိုင်းတွင် စန္ဒ၀တ်ကျေးရွာအုပ်စု ကျွဲကူးရွာ မြေပေါ် လွန်းကျင်းတွင် ဘင်္ဂါလီ (၁၀) ဦးခန့်အား လည်းကောင်း၊ အခြား နေရာများမှ (၈) ဦး စုစုပေါင်း (၇၁) ဦးအား ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးချက်အရ ဘင်္ဂါလီများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် ခရိုင် မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ ) ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြိတ်မြို့နယ်အတွင်း လိုက်လုံ ရှာဖွေ ခဲ့ကြရာ မတ်လ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်တွင် မြိတ်မြို့ မဇော ကျေးရွာအုပ်စု ရှမ်းထိန်ကျေးရွာ အနီး ချောင်းကမ်းစပ် ဓနိတောများ အတွင်းမှ ဘင်္ဂါလီ အမျိုးသမီး (၈) ဦးအား လည်းကောင်း၊ ၄င်းတို့ စီးနင်း အသုံးပြုခဲ့သည့် အလျား (၅၀) ပေ ၊ အနံ (၁၂) ပေ အရွယ်ရှိ သစ်သားလှေ တစ်စီးအား မြင်းကောင်ရေ (၂၅) ကောင် တရုတ်အင်ဂျင်စက် (၂) လုံး တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ဖမ်းဆီးရမိပြီးနောက် စစ်ဆေးချက်များ အရ ထပ်မံ ကျန်ရှိသေးကြောင်း သတင်းရသဖြင့် တာဝန်ရှိသူများက ရှာဖွေ ဖမ်းဆီး လျက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ကလည်း မြိတ်မြို့သို့ ခိုးဝင် လာသည့် ဘင်္ဂါလီ လူမျိုး (၆၅) ဦးခန့်အား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင်
ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေ ပေးပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်အတွက် သွားရောက်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် မြိတ်မြို့သို့ ရောက်ရှိ လာခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - zaw zaw myeik
ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်


From:မြိတ်ပုလဲမြေ


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ