Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်လျှို့ဝှက်ချက် နဲ့ ဆက်စပ်နေမလား

$
0
0

ဒါက .....DVB သတင်း ...ဖတ်ကြည့်ပါဦး...

(မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမတ် ၈ ယောက် အကြိတ်အနယ် ဆွေးနွေးပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
နည်းဥပဒေ မှာပါတဲ့ တားမြစ် ကန့်သတ်ထားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူဇ။် ပါဝင်မှုသည် ၈၀ ရာခိုင်နှုန်းထက် မကျော်စေရ ဆိုပြီး အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ နည်းဥပဒေ ပါ အချက်အတိုင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ ဥပဒေကြမ်း
ပူးပေါင်းကော်မတီ တို့ကတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ၄၉
ရာခိုင်နှုန်းထက် မကျော်စေရ လို့ ပြင်ဆင်လိုခဲ့ပါတယ်။ အဲဒီ အတွက်
အမျိုးသားလွှတ်တော်နဲ့ သဘောကွဲလွဲမှု ရှိခဲ့တာကြောင့် ပြည်ထောင်စု
လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားတွေကို ၈၀
ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့အချက်ကို အတည်ပြုခဲ့တာ
ဖြစ်ပါတယ်။)

ဒါက စိုးမင်း မှတ်ချက်...ဖတ်ကြည့်ပါဦး...

(ကျနော်နားမလည်တဲ့အထဲမှာ အဲဒါပါတယ်။ တကယ်ဆိုရင် ပြည်သူ့လွှတ်တော်က လူအများစုမဟုတ် လား။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှ ပြည်ထောင် စုလွှတ်တော်။ အဲဒီတော့ ပြည်သု့လွှတ်တော် က ဖြစ်စေချင်တဲ့အတိုင်း ပြည်ထောင် စုလွှတ်တော်မှာ ဖြစ်မှာပဲ မဟုတ်လား။ သူတို့က အများစုလေ။ အခုပြည်သူ့လွှတ်တော်က ဖြစ်စေချင်တဲ့အတိုင်းမဖြစ်ဘဲ အမျိုးသားလွှတ်တော်က ဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားတာဆိုတော့ ပြည်သူ့လွှတ်တော်မှာ နဂိုရ် ဆန္ဒပေးခဲ့တဲ့ အချို့သူတွေက ပြောင်းပြီးပေးလို့ပေါ့။ အများစုထဲက သဘောထားပြောင်းသွားလို့ပေါ့ ။ ဒါဆိုရင်အဲဒီသူတွေက ပြည်သူ့လွှတ်တော်မှာတုန်းက ဘာဖြစ်လို့ သူ့မူရင်းဆန္ဒအတိုင်း မပြောခဲ့ကြပါသလဲ။ အမျိုးသားလွှတ်တော်က ရှင်းပြလိုက်လို့ သဘောပေါက်သွားတာလား။ ပြည်သူ့လွှတ်တော်မှာတုန်းက မပြောရဲ၊ မပေးရဲခဲ့ တာလား။ နောက်မှ အမှန်သိသွားတာလား။ ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း၊ ဖြစ်သင့် တဲ့အတိုင်းဖြစ်သွားတာတော့ ၀မ်းသာပါတယ်။ နားမလည်တာတစ်ခုပါပဲ။ သိနားလည်သူများ ရှင်းပြကြပါကုန်....။)

ပလေတို မှတ်ချက်...ဖတ်ကြည့်ပါဦး....

(လူများစုဖြစ်တဲ့ အောက်လွှတ်တော်မှာ ထောက်ခံခဲ့တဲ့ အမတ်တွေက...
ပြည်ထောင်စုမှာ ရပ်တည်ချက် ပြောင်းပြီး ပေးတယ်.....ဒါကြောင့် ....ပြည်ထောင်စုမှာ အထက် လွှတ်တော်ပြင်ဆင်ချက်..အနိုင်ရတယ်...

ဒါဆိုရင် အစကတည်းက ဘာဖြစ်လို့.....မှန်တဲ့ဘက်ကို မရပ်ခဲ့ကြတာလဲ...

နိုင်ငံတော်လျှို့ဝှက်ချက်ကြီးကလည်း ပေါက်ကြားလို့ မရ ဆိုတော့...
From:ပလေတို ဒီမို

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>