Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လွှတ်တော်တွင် တပ်မတော်ပါဝင်မှု တဖြည်းဖြည်းချင်းလျှော့မည်ဟု သမ္မတပြောကြား

$
0
0

လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း (လေးပုံ တပုံ) နေရာရယူထားခြင်းဟာ လွှတ်ေ တ်ာမှာ ဝိုင်းကူညီပေးဖို့ ဖြစ်ပြီး တဖြည်းဖြည်းချင်း လျှော့ချသွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါ တယ်။
ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီလ ၁ ရက်နေ့က ဖင်လန်သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်း လင်းပွဲမှာဖြေကြား ခဲ့တာဖြစ်ပြီး ဒီလိုနေရာယူထားတာကလည်း လတ် တေ လာ အခြေအနေအရ တိုင်းပြည်ရဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါ တယ်။
တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံ ကာကွယ်ဖို့ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သူခန့် အပ်တာပါ လို့လည်း သမ္မတက ပြောပါတယ်။
မြန်မာနိုင်ငံ အခြေအနေအရ၊ သမိုင်းကြောင်းနောက်ခံအရ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်ထားလို့ မရ ဘူး လို့ ဆိုပါတယ်။
လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုကိုလည်း တဖြည်းဖြည်းေ လျှာ့ချ သွား မယ်လို့ သမ္မတက ဖြေဆိုပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ တပ်မတော်သားကိုယ်စားလှယ် ရှိပါဦး မလား ဆိုတဲ့ေ မးခွန်းကိုတော့ ဖြေဆိုဖို့ ခက်ခဲကြောင်းနဲ့ တိုင်းပြည်ရဲ့အခြေအနေ၊ လွှတ်တော်ရဲ့ အခြေအနေနဲ့ ပြည် သူ လူထုရဲ့ သဘောထားတွေအပေါ်မှာ မူတည်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ဖြေဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲံ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်ဆိုင်းထားလို့ မရသလို နောက်ပြန်လှည်လို့လည်း မရကြောင်း နဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်လည်း ရလာပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြ ပင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်တာရှိသလို အခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေ တယ် လို့ သမ္မတက ပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေမှာ ဖင်လန်နိုင်ငံနဲ့ လက်တွဲဆောင်ရွက် လိုကြောင်း သမ္မတ က ပြောဆိုပြီး ဖင်လန်ကုမ္ပဏီတြွေ မန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဖင်လန်သမ္မတက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် များကို အားပေးကူညီသွားမယ်လို့ ကတိပြုခဲ့ပြီး ၂ဝ၁၄-၂ဝ၁၆ ခုနှစ်အတွင်းမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို ၆ ဒဿမ ၅ သန်း ကူညီေ ထာက်ပံ့ဖို့ လျာထားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုတွေ ကိုလည်း ဖယ်ရှားပေးဖို့ အ တွက် ကြိုးစားသွားမယ်လို့ ရှင်းလင်းပြောဆိုခဲ့ ပါတယ်။
ဖင်လန်နိုင်ငံဟာ မြန်မာနိုင်ငံကို သတ္တုတွင်းထွက်နဲ့ ပတ်သက်ပြီး မိမိတို့မှာ ရှိတဲ့ ကျွမ်းကျင်သူတွေကို ကူညီပေးသွားမယ်လို့ ဖင်လန်သမ္မတက ပြောဆို ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေကကျန်အမတ်တွေလိုရွေးကောက် တင်မြှောက် ခံစ ရာ မလိုဘဲ လွှတ်တော်အမတ်နေရာရဲ့ လေးပုံ တပုံကို ကိုယ်စားပြုတက်ရောက်ပါတယ်။
From:DVB TV News
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>