Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါက်တာဆိတ်ဖွား စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကြားနာ

$
0
0
 
  အင်တာနက်စာမျက်နှာပေါ်မှ လွှတ်တော်အား ဝေဖန်ရေးသားခဲ့သော ဒေါက်တာ ဆိ တ်ဖွား ဆိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကြား နာေ ကြာင်း ထိုကြားနာမှုတွင် ပါဝင်သော The voice weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောသည်။
ဒေါက်တာဆိတ်ဖွား ကြားနာမှုအား ညနေ ၃ နာရီ ခန့်က စတင်ကာ ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး ဒေါက် တာ ဆိတ်ဖွား ဟုတ်မဟုတ်အား ကြားနာခံရသူများကို မေးမြန်းကြကြောင်း ဦးကျော်မင်းဆွေက ဆိုသည်။
“အဓိက ကတော့ ဆိတ်ဖွား ဘယ်သူလဲဆိုတာ မေးတာဘဲ။ ကျနော်တို့လည်း မသိပါဘူး။ တော်တော်များ များ လည်း မသိပါဘူး ပြောကြတယ်” ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။
ကြားနာမှုတွင် ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးမှုကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ် ဆယ့်ခုနှစ်ဦး ပါဝ င်ပြီး ကြားနာခံရသူများထဲတွင် တရားဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အခြား အထင်ကရပုဂ္ဂိုလ်များ ပါ ဝင်ြေ ကာင်း သိရသည်။
ထိုစုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းအား ဦးကျော်မင်းဆွေက “အခုပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ် တွေ ကို ဒီကိစ္စ တခုတည်းနဲ့အချိန်မကုန် စေချင်ဘူး” ဟု မှတ်ချက်ပြု ပြောကြားသည်။
အင်တာနက်စာမျက်နှာမှ လွှတ်တော်သည် ဥပဒေအထက်တွင် ရှိသလား သဘောရသည့် ဆောင်းပါးေ ကြာင့် ယင်းဝက်ဆိုက် ရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ယခု လွှတ်တော် အပြီးတွင် ဖော်ထုတ်နိုင် ရန် ကြိုးပမ်းသွားမည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲဝင် တဦးက မဇ္ဈိမ ဂျာနယ်နှင့် တွေဆုံစဉ်က ပြောကြား ခဲ့သည်။
ဒေါက်တာဆိတ်ဖွားအား သိရှိနိုင်သည်ဟု ထင်မှတ်၍ မေးမြန်းခံရသူများမှာ Eleven Media Group မန်နေ ဂျာ ဒေါက်တာသိန်းမြင့်၊ ဒေါက်တာဆိတ်ဖွား ဆောင်းပါးများကို ကူးယူဖော်ပြဖူးသည့် The Street View ဂျာနယ် အကြံပေး ခင်မောင်ညို (ဘောဂဗေဒ)၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင် တို့လည်း ပါ ဝင်ကြကြောင်း သိရသည်။
ဒေါက်တာ ဆိတ်ဖွားသည် “လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ”၊ “ဥပဒေအထက်တွင် လွှတ်တော်ရှိ သ လား” ဆိုသည့် လွှတ်တော် ဝေဖန်ရေး ဆောင်းပါးများကို ရေးသားခြင်းကြောင့် ထို ဒေါက်တာဆိတ်ဖွား စာ မျက်နှာ အား ရေးသားသူကို ဖော်ထုတ်ရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်မှ အဖွဲ့ဝင် ၁၇ ဦးပါ ကော်မရှင်ဖွဲ့ကာ စစ်ဆေး လျက်ရှိသည်။
 
From:ရန်ကုန်(မဇ္ဈိမ) 
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>