မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံ ၃ ဦး မှ လက်ပံတောင်းတောင် အရေးနှင့် ပတ် သတ်၍ နိုင်ငံတော် သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဆားလင်းကြီးမြို့နယ် တရား ရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့  နေ့လည် ၁ နာရီ ၂၀ ၀န်းကျင်တွင် လက်ပံတောင်းတောင် အနီးရှိ ကျေးရွာများမှ ရွာသူ ရွာသား ၃၅ ဦးသည် လက်ရှိသပိတ်စခန်းနှင့် ၇ မိုင်ခန့်ဝေးကွာသော ဆားလင်းကြီးမြို့ နယ် တရားရုံးသို့ ရောက် လာကာ ဖောင်းကတာအုပ်စု ဆည်တည်းကျေးရွာနေ မ၀င်းဝင်းဌေးနှင့် မရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာနေ ကိုဇော်နိုင်တို့  ၃ ဦး မှ တရားလို ပြုလုပ်ကာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား လက်ပံတောင်းတောင်အရေး ဖြိုခွဲမှုတွင် တာဝန်အရှိဆုံး အဖြစ် အကြောင်းပြချက် ၃ ချက် နှင့်တကွ တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နေ့ပိုင်း ၂ နာရီလောက်မှာ ဆားလင်းကြီးမြို့နယ် တရားရုံးမြို့ နယ် တရားသူကြီး ဒေါ်ခင်ခင်ဆွေက အမှုကို လက်ခံ လိုက်ပြီး ဒီအမှုဟာ ထူးခြားတဲ့ အမှုဖြစ်လို့  အထက်က ရုံးတွေကို တင်ပြရမှာဖြစ်ပြီး လာမယ့် ရုံးချိန်း ရက် ကို မတ်လ ၁၁ ရက်နေ့မှာ ချိန်းလိုက်ပါတယ်” ဟု လာရောက်တရား စွဲဆိုရာတွင် ပါဝင်သူ လက် ပံတောင်းတောင်ေ ဒသခံတစ်ဦးက ပြောပြခဲ့သည်။
“လက်ပံတောင်းတောင်အရေး ဖြိုခွင်းနှိမ်နင်းရာမှာ ရေပက်တ၊ မီးလောင်ဗုံးသုံးတာ၊ နံပါတ်တုတ်နဲ့ ရိုက် တာ၊ ကြိမ်းမောင်းတာတွေ လုပ်တာတွေနဲ့ ပတ်သတ်ပြီး ဘယ်သူ တာဝန်အရှိဆုံးလဲ စဉ်းစားတော့ ပြစ်မှု ဆိုင် ရာ ကျင့်ထုံး ဥပဒေ ၁၃၂ အရ ဒီလိုကျူးလွန်သူတွေကို နိုင်ငံတော်သမ္မတရဲ့ အခွင့်အမိန့် မရဘဲ တရား စွဲ ဆိုခွင့် မရှိလို့ ဆိုထားလို့ အကြမ်းဖက် ဖြိုခွင်းမှုအတွက် တာဝန်အရှိဆုံးက သမ္မတဖြစ်လို့ သမ္မတကို တရား စွဲဆိုတာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
သမ္မတက သွားပြီး ဖြောင့်ချက်ပေးရမှာလား။ တရားရုံးက ဆင့်ခေါ်တိုင်း သွားရမှာလား။ ပြီးတော့ ဒါဟာ ဒီမို ကရေ စီလား ဆိုပြီး မေးရမယ့် အခြေအနေတွေ ဖြစ်လာပါပြီ။ မြှောက်ပေး တဲ့သူရှိနေပြီ နားမလည်တဲ့ သူတွေကလဲ ကလိုက်ကြတာ စိန်ဗေဒါတောင် အရှုံးပေးရမဲ့ ကိန်းဖြစ်နေပြီ ....
From:EMG