ဆရာတော်ဦးဝီရသူကို လုပ်စားပြန်ပြီးလား။ TIME နဲ့ ဂျာနယ်တွေ၊ ဇွန်လနဲ့၊ ဇူလိုင်လဆန်းအတွင်းမှာ “ဒီမီဒီယာ”တွေ ရေးတာဖတ်ရပြန်ပါတယ်။ ထုံစံအတိုင်း အဆိုးမြင်ဝါဒ ဒီမီဒီယာနဲ့ အပြုသဘောဆောင် “မီဒီယာ” “ဖွ” “ဆွ” “ခွ” သမားတစ်ချို့လည်း ကလောင်ဓါးကိုင်ပြီး “ပိန်း” တောတွင်းမှာ “ဓါးက” တာမျိုး ဖတ်ရပါသေးတယ်။ ဘယ်သူတွေဘယ်လောက်ရေးရေး ဆရာတော်ဦးဝီရသူကတော့ ဗုဒ္ဓဘာသာရဟန်းသံဃာတစ်ပါး ပညာတက်ရဟန်းပီပီ၊ ဥာဏ်ပညာနဲ့ မီဒီယာတွေကို တုန့်ပြန်ပြောဆိုတာ ဖတ်ရလေတော့၊ ကျွန်တော်အစ္စလာမ်ဘာသာဝင် “ပိန်း”တောထဲမှတစ်ပင်က ထပြီး ဦးဝီရသူကို ထောက်ခံပါတယ်လို့လည်းဆိုရော FACE BOOK နဲ့ တမျိုး။ တကယ်လီဖုန်းနဲ့တစ်သွယ်၊ ဆဲကြ ကြိမ်းကြ ခြိမ်းခြောက်တာတွေ ရှိလာပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလိုလားသူတွေက ကျွန်တော့်ကို အားပေးကြပါတယ်။ ထပ်ပြီး “စုံစီနဖာ” ဟစ်သူတွေကို ရှင်းပြဖို့ ဖိတ်ခေါ်တာလဲမလာကြပြန်ပါဘူး။ သူတို့ ဆရာတော်ဦးဝီရသူကို မုန်းတီးအောင်ဖန်တီးသူတွေနဲ့ မုန်းတီးသူတွေဆိုတော့၊ ကျွန်တော်က ဆရာတော်ဦးဝီရသူနဲ့ အကြိမ်ကြိမ်ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ မှတ်တမ်းတွေနဲ့ ဖြေရှင်းပါရစေလို့ ဖိတ်ခေါ်တာပါ။ အခုကဒီလိုမဟုတ်ကြပါဘူး။ တစ်ဖက်က ဆရာတော်ဦးဝီရသူကို အစ္စလာမ်ဘာသာဝင်တွေ မုန်းတီးနေအောင်လုပ်မယ်၊ အစ္စလာမ်ဘာသာဝင်တွေက ဆရာတော်ဦးဝီရသူကို အစ္စလာမ်တွေရဲ့ ရာသက်ပန် ရန်သူဖြစ်အောင် ဖန်တီးကြမယ်။
အရမ်းချမ်းသာနေကြတဲ့ စီးပွားရေးသမားတွေ၊ အရမ်းပညာဥာဏ်ထက်မြတ်သူတွေ၊ နိုင်ငံရေး သမားကြီးတွေဟာ ဘာသာရေးကို မခွဲခြားဘဲဆက်ဆံနေကြပေမယ့်။ သူတို့ရဲ့ “ဂိမ်း” ကစားကွက်ထဲမှာ ဆင်းရဲသား ပညာဥာဏ်နိမ့်ပါးသူတွေကိုတော့၊ ဘာသာရေးမှိုင်းသွင်းဖို့ ထောက်ပံ့ကူညီနေတာကို၊ ဆရာတော်ဦးဝီရသူက အခြေခံလူတန်းစားတွေကို “သြ၀ါဒ” ပေးနေပါပြီ။ ဒါကြောင့် တရားမျှတပြီး မှန်မှန်ကန်ကန်ရေးနေကြတဲ့ မီဒီယာတစ်ချို့သာ ဆရာတော်ဦးဝီရသူ မိန့်တာကို မှန်မှန်နဲ့ မျှမျှတတရေးနေကြသလို၊ ဆရာတော်ဦးဝီရသူမမိန့်ဘဲနဲ့ လျှောက်ရေးနေတဲ့ ပြည်တွင်း ပြည်ပ မီဒီယာ “သိုးမဲ” တစ်ယောက် တစ်ဖွဲ့ တစ်စုကြောင့် ကျွန်တော်တို့တိုင်းပြည် မပြိုကွဲမပျက်စီးအောင် နိုင်ငံသားများက “မီဒီယာ” သတင်းဂျာနယ်တိုင်းမှာ ရေးတာကို မယုံကြပါနဲ့။ စုံစမ်းမေးမြန်းလေ့လာချင့်ချိန်ပြီးမှသာ ယုံကြည်ကြပါ။ ကျွန်တော် ဆရာတော်ဦးဝီရသူကို ဘာကြောင့် ငြိမ်းချမ်းရေး သံတမန်ဆိုပြီး ထောက်ခံနေသလဲဆိုတာကို သိချင်ရင် လာရောက် စုံစမ်းဆွေးနွေးနိုင်ပါတယ်။
ဒိုင်းမွန်းရွှေကြည်
09-73238176
www.mmdailystar.com