Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

“ဗလီအဖြစ် တရားမ၀င် အသုံးပြုနေခြင်းကို ဓာတ်ပုံရိုက်ကူးသူ ဗုဒ္ဓဘာသာဝင်နှစ်ဦးအား မွတ်စလင်ကုလားများက ၀ိုင်းဝန်းရိုက်နှက်ခြင်း”

$
0
0
မီဒီယာ စာနယ်ဇင်းတွေမှာ မပါတဲ့ တောင်ဒဂုံဗလီပြဿနာ ဖြစ်စဉ်အမှန်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၅၆-ရပ်ကွက်၊ ရတနာ့ထိပ်ခေါင်(၁)လမ်း၊ အမှတ် ( ၉၂၇/၉၂၈ ) နေအိမ်ကို မွတ်စလင်ကုလား ဦးသောင်းစိန်က ဗလီအဖြစ်အသုံးပြုပြီး သောကြာနေ့တိုင်း လူစုလူဝေးဖြင့် ဗလီတက်နေသဖြင့် (၅၊၇၊၂၀၁၃၊ သောကြာနေ့) မွန်းလွဲ (၁း၀၀) နာရီခန့်တွင် ၅၆-ရပ်ကွက် ဆုပြည့်ရတနာ ၂ လမ်းနေ၊ ဗုဒ္ဓဘာသာဝင် ဦးဌေးလှိုင်နှင့် ဦးခင်မောင်မြင့်တို့ နှစ်ဦးက ဗလီတက်နေပုံကို အထောက်အထားဖြင့် တင်ပြနိုင်ရန် ဓာတ်ပုံရိုက်ကူးရာ အိမ်ရှင်ဦးသောင်းစိန်ပါ မွတ်စလင်ကုလားများက ၀ိုင်းဝန်းရိုက်နှက်ကြပါသည်။ ထိုသို့ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဦးဌေးလှိုင်နှင့် ဦးခင်မောင်မြင့်တို့ နှစ်ဦးမှာ ဒဏ်ရာအနာတရ ရရှိပြိး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် တက်ရောက်ကုသနေရပါသည်။ ဦးဌေးလှိုင်၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရပါသည်။ ၀ိုင်းဝန်းရိုက်နှက်သူ မွတ်စလင်ကုလား ဦးသောင်းစိန်နှင့် ၅-ယောက်ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရပါသည်။

နေအိမ်ကို ဗလီအဖြစ် တရားမ၀င် အသုံးပြုနေခြင်းမှာ ယခင် ရ၀တ ရယက အာဏာပိုင်များမှ စ၍ ယခု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်း အထိ ဖြစ်၍ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါသည်။ ယင်းကဲ့သို့ တိတ်တိတ်ပုန်း ဗလီအဖြစ် အချိန်ကြာမြင့်စွာ ရှိနေနိုင်ခြင်းမှာ အဆက်ဆက်သော အာဏာပိုင်များကို ငွေကြေးဖြင့် သိမ်းသွင်းထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆရာတော်သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များက ဖွင့်ဟ ပြောဆိုလာလျှင် အာဏာပိုင်များက “မဟုတ်ပါဘူး၊ သူတို့လည်း စောင့်ကြည့်နေပါတယ်” ဆိုပြီး မွတ်စလင်ကုလားများဘက်က ကာကွယ်ပြောဆိုခဲ့ကြပါသည်။

ယင်းသို့ ရပ်ကွက်အတွင်း တရားမ၀င် ဗလီတည်ရှိနေခြင်းနှင့် ရပ်ကွက်အာဏာပိုင်များကလည်း လစ်လျူရှုနေခြင်းကြောင့် ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလ တတိယပါတ်လောက်တွင် (ယမန်နေ့က ကုလားများ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသူ) ဦးဌေးလှိုင်နှင့် ဗုဒ္ဓဘာသာဝင်များက အထက်အာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြတိုင်းကြားခဲ့ပါသေးသည်။

အထက်အာဏာပိုင်အဖွဲ့အစည်းများကလည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရပ်ကွက်သံဃနာယကအဖွဲ့သို့ ဓာတ်ပုံအထောက်အထားများနှင့်တကွ တင်ပြလျှောက်ထားလာရာ ရပ်ကွက်သံဃနာယကအဖွဲ့ဆရာတော်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ယူပြီး ပြဿနာ မကြီးထွာခွင် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ မေတ္တာရပ်ခံခဲ့ကြပါသည်။ ထိုသို့ မေတ္တာရပ်ခံပြီး နှစ်ရက် သုံးရက်လောက် အကြာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက မွတ်စလင်ကုလားဦးသောင်းစိန်အား ခေါ်ယူပြီး ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းခြင်းနှင့် လူနေအိမ်ကို ဗလီအဖြစ် အသုံးမပြုနိုင်ရန် ရာအိမ်မှူး ဆယ်အိမ်မှူးစသူတို့အား စောင့်ကြည့်ခိုင်းခြင်းများ ပြုလုပ်ထားပြီ ဖြစ်ကြောင်း စာရွက်စာတမ်းများနှင့်တကွ ဆရာတော်များအား ပြန်လည်လျှောက်ထားရာ ဆရာတော်များကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လျှောက်ထားချက်အပေါ် ယုံကြည်ခဲ့ကြပါသည်။ သို့သော် နောက်တစ်လခန့်အကြာအတွင် ယခင်လိုပဲ သောကြာနေ့တိုင်း ဗလီအဖြစ် တရားမ၀င် ပြန်လည် အသုံးပြုလာကြကြောင်း ဦးဌေးလှိုင်နှင့် ဗုဒ္ဓဘာသာဝင်များ ထပ်မံတင်ပြသော ဓာတ်ပုံအထောက်အထားများအရ သိလာရပါသည်။

မနေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ သာမန်ခိုက်ရန်ဖြစ်မှု မဟုတ်ပါ။ တရားမ၀င် ဗလီအဖြစ်အသုံပြုနေခြင်းကို ပိုမို ခိုင်မာသော မှတ်တမ်းရရှိအောင် ဦးဌေးလှိုင်နှင့် ဦးခင်မောင်မြင့်တို့က သွားရောက်ရိုက်ကူးခြင်းအပေါ် မွတ်စလင်ကုလားများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ဖြစ်စဉ်အမှန် ပေါ်ပေါက်လာလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများ၏ မရိုးသောသော လုပ်ရပ်များ ပေါ်လွင်လာမည်ဖြစ်၍ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ပြီး သာမန်ရန်ဖြစ်မှုကို ပုံကြီးချဲ့မှုအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းက အထက်အဖွဲ့အစည်းသို့ လိမ်ညာ အစီအရင်ခံခဲ့ခြင်းသာ ဖြစ်ပါသည်။ မီဒီယာသတင်းများတွင်လည်း ဖြစ်စဉ်အမှန်ကို မဖော်ထုတ်နိုင်ဘဲ ဦးကျော်စိန်ထွန်း လိမ်ညာထားသည့်အတိုင်း သတင်းတင်ပြထားကြသည်ကို စိတ်မကောင်းစွာ ဖတ်ရှုနေရပါသည်။

နောက်ဆုံးအနေအထားအရ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းက တစ်စုံတစ်ရာ ပဋိပက္ခမဖြစ်ပွားဘဲ ရပ်ကွက်အတွင်း တရားမ၀င် တည်ရှိနေသော ဗလီအဆောက်အအုံကို ချိတ်ပိတ်ပေးရန်ကိုသာ လိုလားကြပါသည်။ ယင်းလိုလားချက်အတိုင်း အေးချမ်းစွာ ပြဿနာ ဖြေရှင်းနိုင်ရန် ရပ်ကွက်သံဃနာယကဆရာတော်များက မနေ့က ညနေ (၄း၀၀) နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ယူပြီး ပြောဆိုခဲ့ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အထက်သို့ တင်ပြပေးမည်ဟုသာ ပြန်လည် လျှောက်ထားခဲ့ပါသည်။ ဤအတိုင်း ဆက်သွားလျှင် တအုံ့နွေးနွေး ဖြစ်နေသော မကျေနပ်မှုများသည် ပေါက်ကွဲထွက်လာနိုင်ဖွယ်ရာ ရှိနေပါသည်။

တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ပေးရမည့် အုပ်ချုပ်ရေးအဖွဲ့အစည်းကိုယ်တိုင်က တရားဥပဒေမဲ့ ဗလီတည်ရှိနေခြင်းကို ခွင့်ပြုထားခြင်း၊ ပြဿနာဖြစ်လာနိုင်၍ ဆရာတော်များက အချိန်မီ သတိပေးပြောဆိုခဲ့သော်လည်း တိတိကျကျ အရေးယူ ဆောင်ရွက်မှု မပြုခြင်း၊ ပြဿနာပေါ်လာသောအခါတွင် အမှုမှန်ကို ဖုံးကွယ်ခြင်းများကြောင့် ဗုဒ္ဓဘာသာဝင်များ၏ မကျေနပ်ချက်များ ဒီရေအလား တိုးပွားနေပါသည်။

(ဤသတင်းကို မရေးလိုသေးပါ။ သို့သော် မီဒီယာတွင် မမှန်မကန် ဖော်ပြထားသဖြင့် သိသင့်သလောက် အမှန်အတိုင်း သိနိုင်အောင် ရေးသားခြင်း ဖြစ်ပါသည်။ စာရွက်စာတန်း၊ ဓာတ်ပုံအထောက်အထား အားလုံး ရှိပါသည်။ လိုအပ်ရင် လိုအပ်သလို တင်ပြပေးပါမည်။ အဓိကတာဝန်ရှိသူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာမှူး ဆယ်မှူးများသာဖြစ်ပါသည်။ သူတို့တွေ၏ မရိုးသားမှုကြောင့် ပြဿနာပေါ်ရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုပါသည်။)


From: Maha Thumana

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>