Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျွန်ုပ်သိသော ဦးဝီရသူ

$
0
0


           Time မဂ္ဂဇင်း၏ ဘုန်းကြီးဦးဝီရသူအပေါ် Terror ဟု ရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး ဤသို့ စောဒက တက်ချင်သည်။ ခေတ်နောက်ကျတယ်ပြောပြော Time မဂ္ဂဇင်းကို တစ်ခါမှ မဖတ်ဖူးပါ။ ကြားတော့ ကြားဖူးသည်။ ဘယ်ကမှန်းလည်း မသိပါ။ ဘယ်မဂ္ဂဇင်းမှလည်း စွဲစွဲမြဲမြဲမဖတ်ပါ။ ဘာရယ်မဟုတ်ပေ။ ဘယ်မီဒီမှ ထာဝရမမှန်သောကြောင့် (သို့) ဘက်လိုက်ပြီး မိမိလိုရာ ရေးသားတတ်သောကြောင့် အစွဲ အမြဲမဖတ်ပါ။ ယခုမီဒီယာမပြောနဲ့ သမိုင်းသုတေသီများတောင် သဘောအမျိုးမျိုး အယူအဆအမျိုးမျိုးရှိတတ်တာကြောင့် ကွဲလွဲချက်အမျိုးမျိုး စာအုပ်အမျိုး မူအမျိုးမျိုးနဲ့ ဘာကို အတိအကျမှတ်သားရမည်မသိ သိချင်လွန်းလို့သာ လိုက်ဖတ်ရသည် အကုန်ဖတ်ပြီးလျှင် ယောင်ချာချာဖြင့် နဂိုသိပြီးသားတောင် ဘယ်ရောက်ကုန်ပြီ မသိတော့ပေ။ သိပ္ပံတွေ့ရှိချက်များလည်း ထိုနည်း၎င်း။ ဆေးဂျာနယ်များမှာလည်း အမျိုးမျိုးပြောင်းလဲတတ်သည်။ ယနေ့ ရေသောက်တာကောင်းသည် တော်ကြာသောက်လျှင် ဘာဖြစ်တတ်သည် ညာဖြစ်တတ်သည် ဖြစ်ပြန်ပါရော။ ထို့ကြောင့် ဘာကိုမျှ အယုံအကြည် အစွဲအလမ်းမထားတော့ပါ။

                                            "ကလေးတစ်ယောာက်၏ စိန်ခေါ်သံ"
         ယခု Time မဂ္ဂဇင်းက ဦးဝီရသူအား Terror တဲ့။ သူတို့၏မဂ္ဂဇင်း ကမ္ဘာပေါ်တွင် တွင်ကျယ်နိုင်မှု၊ ငွေကြေးတတ်နိုင်မှုကို အသုံးချပြီး အချိန်ကိုက် နှိမ့်ချလိုက်သည် ဟု ပဲ မြင်ပါသည်။ ဦးဝီရသူ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို မြန်မာများက Time မဂ္ဂဇင်းထက် ပိုသိပါသည်။ မိမိပိုသိပြီးသား ရင်းနီးကျွမ်းဝင်ပြီးသား လူတစ်ယောက်၏လုပ်ဆောင်ချက်များကို အခြားအဝေးတစ်နေရာမှ ကြားလူတစ်ယောက်ဝင်ပြောပြတာကို အလေးထားနေစရာမလိုပေ။ ဦးဝီရသူအကြောင်းကို တိုင်းမ်မဂ္ဂဇင်းနှင့် ကျွန်ုပ် ဘယ်သူကပိုသိသည်ကို အချိန်မရွေး နေရာမရွေး Pubblic ရှေ့တွင် ပြောကြေးလုပ်မလားဟု ကလေးဆန်ဆန် စိန်ခေါ်လိုက်ချင်သည်။ ပြိုင်ချင်ရင်အချိန်မရွေး Time ရေ ဝဲလ်ကမ်း…။

                                          "နှလုံးသားနှင့် ရင်းခဲ့ရသော ခံစားချက်များ"
         ဘာကြောင့်အချိန်ကိုက် နှိမ့်ချသလဲ စော်ကားသလဲ ဆက်လက်ပြီး ဝေဘန်ပါဦးမည်။ ယခုအချိန်တွင် ဦးဝီရသူသည် မြန်မာပြည်မှာ မျိုးစောင့်ဥပဒေ ပေါ်ပေါက်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ကြိုက်/မကြိုက် သူများ၏ ချီးကျူးသံများ ဆဲသံများ မိုးမွှန်နေချိန်ဖြစ်သည်။ ဥပဒေ၏ အကြမ်းဖျင်း အနှစ်သာရမှာလဲ ဗုဒ္ဓဘာသာအမျိုးသမီးများ အခြားဘာသာများနှင့် လက်ထပ်လျှင် ဘယ်လိုလက်ထပ်ရမည်ဟူ၍ဖြစ်သည်။ အချို့အမျိုးသမီးများက ဒို့တာဝန်ဒို့သိသည်။ ဒါလူ့အခွင့်အရေး ချိုးဖောက်တာ၊ ဒီမိုကရေစီနဲ့ မညီဟု လက်တွေ့မကျသော စကားလုံးများဖြင့် ကန့်ကွက်ကြတာလည်းတွေ့ရသည်။ ဦးဝီရသူ မှာကား နှလုံးသားနဲ့ရင်းပြီး  ခံစားခဲ့ရသော အတွေ့အကြုံများစွာရှိပါသည်။ မြန်မာနှင့် ကုလား လက်ထပ်ပြီး ဒုက္ခရောက်ခဲ့ရသော အမျိုးသမီးများ၏ ဝေဒနာများ၊ ကုလားနှင့် မြန်မာအမှုခင်းဖြစ်ပြီး တရားရင်ဆိုင်ရသောအခါ မြန်မာဘက်က မှန်နေပါလျှက် ငွေဖြင့်အနိုင်ယူခံလိုက်ရရှာသော မိမိလူမျိုးများ၏ မျက်ရည်များ၊ ပြောပြ၍မဆုံးနိုင်လောက်အောင် နှိပ်စက်အနိုင်ကျင့် ခံရသူများ၏ ဝေဒနာများကို ရင်နှင့်အမျှ နားထောင်ခဲ့ရပါသည်။ ကူညီခဲ့ရပါသည်။ ဖြေရှင်းပေးခဲ့ရပါသည်။ တစ်စတစ်စ ဤအရာ များနှင့်ပတ်သက်လာလျှင် ဤဘုန်းကြီးလေးက ကူညီသတဲ့ဟုအဆင့်ဆင့် သိကြသောအခါ ဤကဲ့သို့သော ပြဿနာကြုံလေတိုင်း အကူအညီတောင်းကြတော့သည်။
သို့ဖြင့် နောင်တစ်ချိန် ဒို့အမျိုးသားများ ဒီဒုက္ခမျိုးမှ ကင်းဝေးကြပါစေတော့ဟု နှလုံးပိုက်ပြီး လက်တွေ့ဖြစ်ပျက်ပုံပြင်များရော အတိတ်ပုံပြင်များပါ ဆောင်ပြီး ဟောပြောရတဲ့အဆင့်ရောက်ခဲ့ရသည်။ ဟေရုံတင်မလုံလောက်မှန်းသိရသောအခါ ရေးရလေတော့သည်။ လူ့အခွင့်အရေးချိုးဖောက်တာပဲဟု တစာစာအော်နေသော ပုဂ္ဂိုလ်များ ဤလိုဝေဒနာများ ဘယ်နှစ်ကြိမ်ကြားဖူးကြသနည်း ဘယ်နှစ်ကြိမ်ဖြေရှင်းပေးဖူးကြသနည်း ၎င်းလူ့အခွင့်အရေးသမားဆိုသူများ မသိရှိ မခံစားဖူးသည်ကို အပြစ်မဆိုချင်ပေ။ လူဆိုသည်မှာ ကိုယ့်ဝေဒနာနဲ့ကိုယ် ကိုယ်သန်ရာသန်ရာ ထူးချွှန်တတ်ကြသော သတ္တဝါများဖြစ်သည်။ ခက်နေသည်မှာ ဤကဲ့သို့ ကုလားနဲ့မြန်မာ ဖြစ်ပွားခဲ့ကြသော ပြဿနာ အသေးအကြီးများကို လက်တစ်ဖက်ပြည့်အောင် မကြားဖူးကြပါပဲလျက် အမြဲတမ်း လေ့လာဖြေရှင်း ကူညီနေသူကို အပြစ်ပြောတာကိုပဲ ဖြစ်သည်။

                                          "သံမဏိစိတ်ဓါတ်ပိုင်ရှင်များ ဖြစ်စေဖို့"
         ထိုလူ့အခွင့်အရေးသမားများ အခြားနေရာမှာ တော်ကြတတ်ကြပါလိမ့်မည်။ ဤနေရာမျိုးတွင် သုတေသီ တစ်ဦးသဖွယ် လေ့လာလိုက်စားထားသော ဦးဝီရသူကို မယှဉ်သင့်ဟုပင် ပြောချင်ပါသည်။ ကိုယ်တိုင်ခံစားဖူးမှ နားလည်ပါလိမ့်မည်။ စီးပွားရေးအားဖြင့် အလွန်နိမ့်ကျလျက်ရှိသော မိမိလူမျိုးများမှာ ထိုအားနည်းချက်ကို အကြောင်းပြုပြီး အနိုင်ကျင့်ခံရမှုများ အနှိပ်စက်ခံရမှုများ များစွာဖြစ်ခဲ့ရပါသည်။ ဆင်းရဲသောကြောင့် သူများဆီမှာ အောက်ကျနောက်ကျ အလုပ်လုပ်ကြရသည်။ ထိုအခါ အနှိမ်ခံရသည်။ အနိုင်ကျင့်ခံရသည်။ ထိုပြဿနာများအတွက် ဦးဝီရသူဖြေရှင်းပေးနိုင်သောအရာမှာ စည်းကမ်းရှိအောင်နေဖို့ စိတ်ဓာတ်မြင့်မားဖို့ ကိုယ့်အမျိုးစောင့်ဖို့ဤစိတ်ဓာတ်များသာပေးနိုင်သည်။ ထိုကဲ့သို့သော သံမဏိစိတ်ဓာတ်ပိုင်ရှင်များ ဖြစ်လာကြလျှင်ကား အတော်သက်သာပါဦးမည်။

                                                  "အသက်ဆက် ဥပဒေ"
         သို့သော် မြန်မာများသည် မြန်မာများထုံးစံအတိုင်း ခလုတ်ထိမှ အမိတချင်သည်။ ကျောချမှ ဓားပြမှန်းသိချင်သည်။ မြန်မာပီပီ ဥပဒေကိုကြောက်သည်။ စည်းတွေကမ်းတွေ ကလနားတွေ မလိုချင်ပေ။ စာချုပ်စာတမ်းတွေဆို မုန်းသည်။ ဤစိတ်ဓာတ်များဖြင့် ခရီးဆက်လျှင်မူကား မကြာမီ ဒို့လူမျိုး၊ ဒို့ဘာသာ၊ ဒို့သာသနာတော့ အသက်ဆိုး ရှည်ဖို့မလွယ် ဟု မြင်သော ဦးဝီရသူက မျိုးစောင့်ဥပဒေဖြင့် အသက်ဆက်ထားရန် ကြိုးပမ်းပါသည်။ ဒါကိုပင် အားလုံးသိကြသည့်အတိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုသလို ထိန်းသိမ်းရခက်သော သမီးကြီးများက ပြန်အော်ကြသည်။ ခက်လိုက်တဲ့သမီးတို့ရေ ဟုပင် ညည်းတွားချင်ပါတော့သည်။
အခြားဘာသာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက မိမိတို့ဘာသာသည် အမျိုးသမီးများအပေါ် ချုပ်ချယ်ကန့်သတ် ထားသည်မှာ မဆိုစလောက်လေးသာ ရှိပါသည်။ ဘုရားပေါ်မတက်ခိုင်းတာတို့ ခေါင်းရင်းမှာ မအိပ်ခိုင်းတာတို့လောက်သာ ရှိပါသည်။ ဒါလဲ သူတို့တောင်းဆိုရင် ခွင့်ပြုရန် ကျွန်ုပ်တစ်ဦးသဘော ပြောရလျှင် ဝန်မလေးပေ။

                                                "သဒ္ဓါလို့ပေး ခွေးကျွေကျွေး အရေးမစိုက်နိုင်"
         မွတ်ဆလင်များဆိုလျှင်၊ ဟိန္ဒူများဆိုလျှင်၊ ဘယ်လောက်ထိချုပ်ချယ်ထားကြလေသနည်း။ ထိုအမျိုးသမီးတို့၏ အခွင့်အရေုးကို အပြည့်အဝရအောင် ကျုပ်တို့မြန်မာလူ့အခွင့်အရေး အမျိုးသမီးများ ကြိုးပမ်းပေးကြပါ ဟုပင် ပြောချင်ပါသည်။ ယခု အမျိုးစောင့်ဥပဒေကို ချုပ်ချယ်မှု ဟုမြင်သော မြန်မာအမျိုးသမီးများကို အလွန်စိုးရိမ်ပါသည်။ ဥပဒေကြမ်းတွင် အခြားဘာသာကိုလက်ထပ်လိုသော ဗုဒ္ဓဘာသာအမျိုးသမီးသည် ဘာသာပြောင်းရမည်၊ ပြောင်းလိုကြောင်း ဖော်ပြရမည် စသည့်အချက်များ ပါရှိပါသည်။ အဘယ့်ကြောင့် ဤအချက်များ ထည့်ရသနည်း။ ဥပမာ မွတ်ဆလင်ဘာသာဝင်နှင့် လက်ထပ်မည် ဖြစ်သော ဗုဒ္ဓဘာသာ အမျိုးသမီးများမှာ ၎င်းတို့ ဘာသာဥပဒေအရ မွတ်ဆလင်ဘာသို့ မဖြစ်မနေ ကူးပြောင်းရမည်။ သို့မှသာ လက်ထပ်ခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထား၍ ဖြစ်သည်။
သို့ဆိုလျှင် ဦးဝီရသူက အမြင်ကပ်၍ အတင်းပြောင်း ခိုင်းနေသည် မဟုတ်တာတော့ သေချာသည်။ သူမ ဘာကြောင့် ဤဘာသာကို စွန့်ခွာပြီး အခြားဘာသာဝင် လက်ထပ်သည့်အကြောင်း အတိအကျ သိချင်၍ဖြစ်သည်။ မိမိအမျိုးဘာသာ ကိုတောင် စွန့်ခွာပြီး အခြားဘာသာဝင်ကို  လက်ထပ်မည့် အလုပ်သည် နည်းနည်းနောနော ကိစ္စမဟုတ်ပေ။ အလွန်ကြီးမားသော ကိစ္စဖြစ်၍ အတိအကျ သိထားလျှင် ကောင်းသည်။ မိမိတို့မှာ အားနည်းချက်ရှိလျှင် ပြင်နိုင်ပေသည်ဟု နှလုံးထား၍သာ ဤအချက်ကို ထည့်ထားခြင်းဖြစ်ဟန်တူပါသည်။ အတိအကျပြောရလျှင် သူတစ်ပါး ဘာသာထဲသို့ ဗုဒ္ဓ၏ သမီးတော်များ တစ်ယောက်မှ မရောက်စေချင်၍ ခြံစည်းရိုး မြင့်မြင့်ကာထားသည့်သဘောပင်ဖြစ်သည်။

                                                         "ဝိသာခါ နှလုံးသား"
         ဤနေရာတွင် ဘုရားလက်ထက်က ဝိသာခါအမျိုးသမီးကို ညွန်ပြပြီး သူလဲ ဘာသာခြားကို လက်ထပ်တာပဲ ဟု ထောက်ပြနိုင်ပါသည်။ မှန်ပါသည်။ ယခု ကျွန်ုပ်တို့ခေတ်တွင် ဝိသာခါကဲ့သို့ ပုံပြင်များ ကြားဖူးကြပါသလား။ ရှိကြပါသလား ဟုပင် ပြန်မေးရပေလိမ့်မည်။
ဝိသာခါကား လင်ရော ယောက္ခမပါ မိမိ၏ ဗုဒ္ဓအဆုံးအမများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ သူတစ်ပါးကို မိမိဘာသာသို့ သွတ်သွင်းနိုင်ပါမှ အမျိုးသားတာဝန်ကျေသည်ဟု ပြောခြင်း လုံးဝ မဟုတ်ပေ။ သူတစ်ပါး မိမိ၏ဘာသာကူးလာခြင်း မလာခြင်းသည် အဓိကမဟုတ်ပေ။ အဓိကမှာ မည်သို့ပင်ခေါင်းစဉ်တပ်စေကာမူ မြတ်ဗုဒ္ဓ၏ လွန်စွာမှ ငြိမ်းချမ်းလှသော နှစ်သက်ဖွယ်အတိဖြစ်သော တရားတော်များကို ကမ္ဘာပေါ်မှ လျှင်စွာ မပျောက်ကွယ်ရေးပင် ဖြစ်သည်။ ထိုတရားတော်များ ရေရှည်တည်တံ့အောင် ကိုယ်တိုင်လည်း ကျင့်သုံးပြီး အခြားသူများကိုလည်း သိရှိနားလည် လက်ခံလာအောင် ဖြန့်ဝေနေခြင်းသည်ပင် သာသနာပြုနေခြင်းဟု ခေါ်ရပေမည်။

                                                "စည်းရိုးမလုံတာ ရွှေးမြန်မာ"
         ကျွန်ုပ်တို့ မြန်မာအမျိုးသမီး အချို့က သူတို့၏ အခွင့်အရေးကို ပိတ်သည် ဟုမြင်ကာ အမျိုးသမီးများ ဘက်က နာပြီး ဝေဖန်ကြသည်မှာ သဘာဝကျပါသည်။ သို့ဆိုလျှင် ကျွန်ုပ်လဲ မြန်မာဗုဒ္ဓဘာသာ အမျိုးသားတစ်ယောက် အနေဖြင့် ရိုးရိုးသားသား နာကျည်းချက် တစ်ခုတင်ပြပါမည်။ ထိုအချက်မှာ မွတ်ဆလင် နဲ့မြန်မာ ညားကြသည်ရှိသော် အများစု ၈၅% ၉၀%လောက်မှာ မွတ်ဆလင်က အထီးဖြစ်ပြီး ဗုဒ္ဓဘာသာက အမဖြစ်နေသည်ကို မကျေနပ်နိုင်ပေ။ အလွန်နာကျည်းပါသည်။ မွတ်ဆလင်များ၏ ၎င်းတို့အမျိုးသမီးများကို အခြားဘာသာဝင်များနှင့် မနီးစပ်ရလေအောင် ထိန်းသိမ်းထားပုံ/ထားနည်းကိုသိပါသည်။ ကျွန်ုပ်တို့မှာ သူတို့လိုလည်း မထိန်းနိုင် ကိုယ့်နှမ၊ ကိုယ့်အစ်မ၊ ကိုယ့်အမျိုးသမီးများလည်း မထိန်းသိမ်းကြနှင့် ဤအချက်ကို တွေးမိလျှင် ဗုဒ္ဓဘာသာ အမျိုးသားတစ်ယောက်အနေဖြင့် ဗုဒ္ဓဘာသာ အမျိုးသမီးကို အလွန်ပင် နှမျှောမိပါသည်။ ဦးဝီရသူအနေဖြင့် သူအတတ်နိုင်ဆုံးနည်းကို ကြိုးစားပြီး ဖော်ထုတ်နေခြင်းသာဖြစ်ပါသည်။

                                                  "မျှတသော အတွေး"
         နောက်တစ်ချက် အနေဖြင့်လည်း ဤသို့တွေးမိပါသည်။ အခြားဘာသာဝင်များမှာ လက်ထပ်ဥပဒေ ထင်ထင်ရှားရှားရှိလျှင် ကျွန်ုပ်တို့လည်း ရှိချင်ပါသည်။ သူတို့ရှိမှတော့ ကိုယ်ရှိချင်တာ သဘာဝကြပါသည်။ ဒါမှသာ တရားမျှတပါမည်။ သို့မဟုတ်လျှင်လည်း ဘာသာဝင်မတူဘဲ လက်ထပ်လိုသူများ အတွက် သီးခြားလက်ထပ် ဥပဒေတစ်မျိုး ရှိသင့်ပါသည်။ ကွာရှင်းကြသော အခါအတွင်လည်း ထိုသီးခြားဥပဒေ ဖြင့်သာ ကွာရှင်းကြလျှင် နှစ်ဦးနှစ်ဖတ် သာသည်နာသည် ပြောစရာမလိုတော့ပေ။ တစ်ဖက်သတ်ဥပဒေဖြင့် လက်ထပ်ခဲ့လျှင် ကွာရှင်းကြသောအခါ ထိုတစ်ဖက်သတ်ဥပဒေဖြင့်သာ အတည်ပြု ဆုံးဖြတ်မည်ဖြစ်သောကြောင့် အခြားတစ်ဦးမှာ လွန်စွာ နစ်နာပါသည်။ ထို့ကြောင့် သူတို့ရှိ၍သာ ကျွန်ုပ်တို့်ရှိချင်တာဖြစ်လို့ တရားမျှတပါသည်။ အကယ်၍ ကျွန်ုပ်တို့ထံတွင် ဤကဲ့သို့သောဥပဒေ မရှိစေချင်လျှင်လည်း အသင်တို့၏ ဥပဒေများအား ဖျက်ဆီးကြပါကုန်ဟုသာ ပြောချင်ပါသည်။ စီးပွားရေးချွတ်ချုံကျသောကြောင့် ဤပြဿနာများ ဖြစ်ကြရသည်ဟု ယူဆသောမြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးများကိုလည်း ----သို့ဆိုလျှင်….

                                             "သံဃာမှိုင်းတဲ့လား မမရယ်"
         ဦးဝီရသူက စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းလာအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါသည်။ အသင်တို့ကလည်း မြန်မာတိုင်းရင်းသားများ မြန်မြန်ကြီးပွားတိုးတက်လာအောင် အမြန်လုပ်ပေးကြပါ ဟုသာပြောချင်ပါသည်။ အမြန်လုပ်ပေးကြပါ ဒေါ်မျိုးချစ်တို့ဟု ဟစ်တိုင်တွင်တက်အော်ပစ်လိုက် ချင်ပါသည်။ ယခုလည်းဒီဥပဒေကို နိုင်ငံ့ရှေ့ဆောင်ဖြစ်သော အမေစုကိုယ်တိုင်က လက်မခံချင်သလို ဖြစ်နေသည်။ ပြီးတော့ အခြားအမျိုးသမီးများလည်း သံယောင်လိုက်ကုန်ကြတော့သည်။ အမျိုးသမီးများဖြစ်ကြလေတော့ နှုတ်သီးကောင်း လျှာပါးပြောတတ်ကြသည်။
          သံဃာမှိုင်းတိုက်နေတာတဲ့
          သံဃာအလုပ်မဟုတ်ဘူးတဲ့
          ရဟန်းကောင်းမဟုတ်ဘူးတဲ့

                                      "ဘုရားနှင့် စစ်ပွဲ ဘာဆိုင်လဲ ပြောကြပါဦး အရပ်ကတို့ရယ်"
         ဤစကားများ အရင်အစိုးရလက်ထက်ကလည်း ကြားဖူးခဲ့ပါပြီ။ မြန်မာနိုင်ငံ၏ ဘယ်အရေးမှာမဆို ဒီဘုန်းကြီးတွေမပါပဲ ကြောင့်ကျမဲ့ နေခဲ့တာရှိသလား ဟုပင်မေးချင်ပါတော့သည်။ သက်တော်ထင်ရှား မြတ်စွာဘုရားသော်မှ မိမိအမျိုးများစစ်ပွဲဖြစ်ပြီး အချည်းနှီးဖြစ်တော့မည့်ဘေးကို ကာကွယ်ရန် သုံးကြိမ်တိုင်တိုင် စစ်ပွဲကြားရောက်ခဲ့သည်ကို သတိရစေချင်ပါသည်။ ဘုရားနှင့် စစ်ပွဲ ဆိုင်သလောဟု စောကြောကြပါကုန် ဒေါ်မျိုးချစ်တို့။

                                               "အမျိုးပျောက်မှာ စိုးကြောက်သူ"
         လောကမှာအရာအားလုံး ဆက်စပ်နေသည်ကို မသိလေသလား မပြောတတ်ပေ။ ဘယ်လိုမှခွဲခြားထားလို့ မရပေ။ အထူးပြောချင်သည်မှာ ဦးဝီရသူဟာ သာမန်ရဟန်းမျှသာဖြစ်ပါသည်။ ရဟန္တာမဟုတ်ပေ ပုထုဇဉ်ပီပီ ကိုယ့်အမျိုးဆိုသော အတ္တမာနရှိပါသည်။ ပုထုဇဉ်ရဟန်းကို ပုထုဇဉ်လိုပဲ မြင်စေချင်ပါသည်။ ပုထုဇဉ်ရဟန်းမှာ စိုးရိမ်ကြောင့်ကြ ဗျာပါဒနှင့်မကင်းပေ။
ဘုရားဝိနည်းတော်လာ အတတ်နိုင်ဆုံးထိန်းသိမ်းကျင့်ကြံနေတာကိုပင် ကြည်ညိုရမည်သာဖြစ်သည်။ ဦးဝီရသူ၏ အဓိကစိုးရိမ်မှုမှာ မိမိအမျိုးဘာသာ သာသနာ ကွယ်ပျောက်သွားမှာကို ဖြစ်သည်။
ထိုသို့ အမြန်ဆုံးကွယ်ပျောက်သွားရလေအောင် အခြားဘာသာဝင်များ၏ အားထုတ်မှုမှာ နည်းမျိုးစုံဖြစ်သည်ကို အားလုံးအသိဖြစ်သည်။
ငွေရေးကြေးရေးဖြင့်လည်း အနိုင်ယူမည်။ နောက်ဆုံး ဘယ်လိုမှလုပ်လို့မရလျှင် သွေးခြင်းနှောပြီး လူမျိုးကိုဖျောက်ပစ်မည်ဖြစ်သည်။ ငွေကိုငွေဖြင့်သာ ပြန်ခုခံနိုင်မည်ဖြစ်သည်။ ယ္ခုအချိန်တွင် ကိုယ့်မှာငွေမရှိ၍ မကင်းနိုင်ပေ။ သွေးခြင်းမနှောမိအောင်သာ ထိန်းသိမ်းရပေမည်။ မိမိတို့တတ်နိုင်သည်မှာ ဒီအချက်လေးသာဖြစ်၍ မိမိတို့လူမျိုး မပျောက်ရလေအောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေခြင်းသာဖြစ်ပါသည်။ ဒီတက်နိုင်တာလေးတစ်ခုကို လုပ်ကြဖို့ ယ္ခုတိုက်တွန်းသောအခါ ပွစိပွစိဖြစ်ကုန်ကြတော့သည်။

                                                     "ဆေးခါးကြီး နည်းဗျူဟာ"
         အသေအချာတွေးကြည့်လျှင် ဤသို့ဖြစ်ရပါလိမ့်မည်။ သန်းထောင်ချီရှိသော လူမျိုးကြီးနှစ်စုတို့၏ အကြားတွင် သန်းဆယ်ဂဏန်းမျှသာရှိသော မိမိတို့ အမျိုးအဖို့ နှစ်ပေါင်းများစွာတည်ရှိဖို့ အတော်ခဲယဉ်းပါသည်။
          ဗုဒ္ဓဒေသနာတော်အရ ဖြစ်လျှင်ပျက်မြဲဓမ္မတာမို့ တစ်နေ့ပျောက်ပျက်ရမည်မှာလည်း မုချပင်။ ယ္ခု အခြားဘာသာဝင်များကို လက်မထပ်ရ၍ ပူပင်နေသော ဒေါ်မျိုးချစ်များ နောင်နှစ်ပေါင်းတစ်ရာကြာမှ လူပြန်ဖြစ်လာလျှင် ဗုဒ္ဓဘာသာဝင်အမျိုးသားကိုမှ လက်ထပ်ချင်ပါတယ်လို့ဆိုပြီး ထမင်းထုပ် ထမ်းရှာသော်လည်း တွေ့ဖို့ခဲယဉ်းပါလိမ့်မည်ဟု ဟောကိန်းထုတ်ချင်ပါတယ်။
          ဓမ္မတာအရ ပျောက်ပျက်တတ်သည်မှာ မှန်သော်လည်း  မသေသေးခင် ဆေးကုရသကဲ့သို့ ဦးဝီရသူ ဆေးကုနေခြင်းသာ ဖြစ်ပါသည်။
          ငှက်ဖျားဝေဒနာခံစားနေရသူအဖို့ ငှက်ဖျားဆေးများ အလွန်ခါးသောကြောင့် မသောက်ချင်သော်လည်း အတင်းပါးစပ်ဖြဲပြီး ထည့်ရသလို တို့အမျိုးသမီးများကိုလည်း ရောဂါဝေဒနာ တိုးမည်စိုး၍ ဦးဝီရသူက ဆေးခါးကြီးတိုက်နေပါသည်။ ကြိတ်မှိတ်ပြီး မျိုချလိုက်ပါ ဒေါ်မျိုးချစ်တို့ရေ။

                                                       "ပုထုဇဉ်ပီပီ အမြင်မကြည်နိုင်"
         နောက်တစ်ချက်လည်း စဉ်းစားမိပြန်ပါသေးသည်။ ကမ္ဘာမှာ အကောင်းဆုံးဘာသာဆု ရရှိထားသော ကျုပ်တို့ဘာသာထဲကို ဘယ်သူတွေများ လူသိရှင်ကြား ကူးပြောင်းခဲ့ကြပါသနည်း။ ဘယ်လောက်များ ယူငင်ကျင့်သုံးခဲ့ကြပါသနည်း။
          နှစ်စဉ် ဗုဒ္ဓဘာသာဦးရေ မည်မျှတိုပွားလာပါသနည်း။ အားလုံးက ၀ိုင်းပြောကြတော့လည်း အကောင်းဆုံးဘာသာတဲ့ ဒါဆို ဘာလို့ ဒီဘာသာကို အကောင်းဆုံးမှန်းသိရက်နဲ့ မကူးပြောင်းခဲ့ကြသနည်း။
          အဖြေမှာကား ပုထုဇဉ်ပီသ၍ဟုသာ အကျဉ်းချုံးပြောရပါမည်။ ပုထုဇဉ်သည် သူ့အမျိုး သူ့ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းဖို့ရာ အစွဲအလမ်းကြောင့် အတော်ဝန်လေးတတ်ကြသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိတို့ ရိုးရာကို ကျော်လွန်ပြီး လုပ်ဆောင်ဖို့ အတော်ဝန်လေးတတ်ကြပါသည်။

                                            "အကောင်းဆုံးဘာသာကိုမှ အဆိုးဆုံးနာမည်သုံးရော့သလား"
         မိမိတို့အမျိုးသမီးများလည်း ၀န်လေးကြပါသည်။ သို့ဆိုလျှင် ပူပင်ကြောင်းကြနေစရာမလိုပေ။ ယ္ခုကား ထိုသို့မဟုတ် ချစ်ခြင်းအကြောင်းပြုပြီး အဓမ္မနည်းဖြင့် ရိုးရာကိုစွန့်ခွါခိုင်းတတ်သော  အဓမ္မနည်းများအား မကြိုက်၍သာ မိမိအမျိုးကို ကာကွယ်နိုင်ရန် စဉ်းစားနေမိခြင်းဖြစ်ပါသည်။ ယ္ခုလည်း TIME က လုပ်ချလိုက်ပြန်ပြီး နောက်ကွယ်က ပယောဂ ပါပါလိမ့်မည်။ အချိန်ကိုက် လုပ်ခြင်း ဖြစ်ပါလိမ့်မည်။
သူတို့က ငွေအားတတ်နိုင်သည်။ သူတို့လူဦးရေက ကမ္ဘာအနှံ့။ မိမိတို့မှာကား ငွေအားနတ္ထိ။ လူဦးရေက နည်းနည်း။ အတော်သတိကြီးရပေလိမ့်မည်။ ဗုဒ္ဓဘာသာကို အကောင်းဆုံးဘာသာဟု ၀ိုင်းပြောခဲ့ကြပြီး အခု အကောင်းဆုံးဘာသာ မြန်မြန်ပပျောက်အောင် ထိန်းသိမ်းကြသူတွေကို Terror တဲ့။
ဘာသဘောလည်းဟု ခက်ရိုင်းရိုင်းမေးရမလိုဖြစ်နေပြီ။ အကောင်းဆုံးဗုဒ္ဓဘာသာကို မပျောက်စေချင်လျှင် မြန်မာလူမျိုးရှိမှဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ဤလူမျိုးများလက်မှာသာ ဤဘာသာ ရှိသောကြောင့်ဖြစ်သည်။
          ဟိုး ယခင်က  အိန္ဒိယလူမျိုးများ ထိန်းသိမ်းခဲ့ကြသည်။ လူသာကျန်ပြီး ဘာသာပျောက်ခဲ့ရသည်။ ယ္ခုကား ဘာသာနှင့်လူမျိုး ဘယ်လိုမှ ခွဲမရမှန်းသိလေတော့ လူဘာဖျောက်ဖို့ တစ်နည်း သွေးနှောပစ်ဖို့ကြံသည်။
          ထို့ကြောင့် ဤဘာသာ ဤသာသနာ ဤလူမျိုး မပျောက်ပျက်ရအောင် ထိန်းသိမ်းပေးနေသော ဦးဝီရသူကို TIME က Terror တဲ့။ နောက်ကွယ်က ဘယ်လိုတွန်းအားတွေကြောင့် ဤလိုရေးသည်မှာ ရှင်းနေပြီဖြစ်သည်။ 

                                                       "သူမ၏နောက်ကွယ်မှာ"
         ပုထုဇဉ်တို့ လုပ်ဆောင်ချက်အများစုမှာ လောဘ၊ ဒေါသ၊ မောဟ မကင်းသဖြင့် မှားတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။
          TIME က သက်ဆိုင်သူအားလုံး လောဘကြောင့် ယ္ခုလိုအမှားလုပ်သည်။ ဒေါသကြောင့် ယ္ခုလို အမှားလုပ်သည်။ မောဟကြောင့် ယ္ခုလို အမှားလုပ်သည်။ ကျွနုပ်လည်း ပုထုဇဉ်မို့ အမှားများ ပြောမိပါလိမ့်မည်။
          TIME နှင့် ကျွနုပ်မတူသည့်အချက်မှာ ကျွနုပ်က အကောင်းဆုံး ဟု သတ်မှတ်ခံထားရသော ဗုဒ္ဓဘာသာ၏ အဆုံးအမများနှင့် အရိုးစွဲပြီး နေခဲ့ရခြင်းဖြစ်၍ TIME မှာ မူကား အကောင်းဆုံးဘာသာ၏ အဆုံးအမများနှင့် ဝေးကွာပြီး အသက်ရှင်နေရခြင်းပင်ဖြစ်သည်။

                                                "ဧည့်ဆိုးအပေါ်လည်း ကြင်နာခဲ့သူ"
         နောက်တစ်ချက်လည်း ထပ်တွေးမိပြန်ပါသည်။ ဤမြေ ဤရေသည် ဟိုးယခင်ကတည်းကလိုပင် မြန်မာတိုင်းရင်းသားများ အစဉ်အဆက်နေခဲ့ကြသော ရေမြေဖြစ်သည်။ သို့သော် ဘေးနှစ်ဖက်ညှပ်နေသော လူမျိုးကြီးများနှင့် ရင်ဆိုင်လျှင် အမြဲတမ်းအရှုံးနှင့် ရင်ဆိုင်ရသည်။
          ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ်ပေါ်မှာနေပါလျှက် ဧည့်သည်ကို ကြောက်နေရသည်။ အိမ်ရှင်နှင့်ဧည့်သည် နှစ်ဦးတွင် ဧည့်သည်က အိမ်ရှင်ကို လေးစားသင့်သည်။ အနည်းဆုံး တည်ခိုခွင့်ပေးသော အိမ်ရှင်ကို မစော်ကားသင့်ပေ။
          ဤသည် ကျွနုပ်တို့ တိုင်းရင်းသားများ၏ မူရင်းစိတ်ဓာတ်ပင်ဖြစ်သည်။ ယ္ခုသော်ကား အိမ်ရှင်ဖြစ်သူမှာ အဘက်ဘက်က ချို့တဲ့သောကြောင့် ဧည့်သည်၏ လူလည်ကျခြင်းကို ခံနေရသည်ဟု ခံစားမိပါသည်။ တရားမျှတပါသည်ဟု ကမ္ဘာကလက်ခံထားသော အားကစားပွဲများ၌ပင်လျှင် အိမ်ကွင်း အဝေးကွင်းရှိကြသေးသည်။ အိမ်ကွင်း အဝေးကွင်းဆိုသည်မှာ တရားမမျှတ တာလား ဟု မေးချင်လာသည်။
          မြန်မာ့ရေမြေကို မြန်မာတိုင်းရင်းသားများသာ ပိုင်ဆိုင်စေချင်ပါသည်။ လွှမ်းမိုးစေချင်ပါသည်။ ဒါကိုပင် တရားမမျှတဘူးဟု ပြောကြဦးမည်လားမသိပေ။
          ဒေါ်မျိုးချစ်ကြီးများ သတိပြုစေချင်ပါသည်။

                                          "ကိုယ့်နိုင်ငံ၊ ကိုယ့်အကျိုး၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ"
         ယ္ခုမှာမူကား ကျွနုပ်တို့နိုင်ငံမှာ အမျိုးမျိုးအနိုင်ကျင့်ခံရသည်။ ချော့တစ်ခါ ချောက်တစ်လှည့်ဖြင့် အနိုင်ယူကြသည်။ ကမ္ဘာမှာကော ဘယ်တိုင်းပြည် ဘယ်လူမျိုးများ သူတို့နိုင်ငံ သူတို့အကျိုးစီးပွားမပါဘဲ သူတစ်ပါးအကျိုးလာလုပ်ပေးသည်ဟု တိတိကျကျပြောစရာရှိပါသလား စဉ်းစားစေချင်သည်။
          ထို့ကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် အမျိုးမျိုးသောနည်းလမ်းတို့ဖြင့် ဆောင်ရွက်သော ပုဂ္ဂိုလ်များကို အားပေးကြပါဟု တိုက်တွန်းလိုပါသည်။

                                                       "မြန်မာတွေ ဈေးပေါသည်"
         နောက်တစ်ခု စဉ်းစားမိသည်မှာလည်း ဤသို့ဖြစ်သည်။ ဆရာတော်ဦးဝီရသူတို့ ဝိုင်းဝန်းဖော်ဆောင်နေသော ဥပဒေသာ အတည်ဖြစ်ခဲ့လျှင် ထို TIME အဖွဲ့သားများနှင့် ဘာသာခြားအမျိုးသားများအနေဖြင့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို ယခုလောက်ဈေးပေါပေါဖြင့် မရနိုင်တော့၍ ဖြစ်သည်ဟု မြင်ပါသည်။ ယခင်ကာလက ဈေးပေါပေါဖြင့် မြန်မာအမျိုးသမီးများကို နယ်စပ်ဒေသများတွင် ရှာဖွေကြသည်။ မဖြစ်စလောက်ငွေလေးဖြင့် ပြည်တွင်းမှ နှိုက်ထုတ်ကြသည်။ ဤဥပဒေသာ အတည်ပြုခဲ့လျှင် ၎င်းတို့အဖို့ မလွယ်တော့မှန်းသိ၍ ရလည်းအမြတ် မရလည်း သရေပဲဟု သဘောထားကာ ဦးဝီရသူကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း ဖြစ်ဟန်တူသည်။

                                                     "အမှောင်ထဲက မိန်းကလေး"
         ကာမအမှောင်တွင်းမှ လူသားများ၏ လုပ်ဆောင်ချက်များသည် အဆိပ်ခပ်ထားသည့်ပျားရည်ပမာ လွန်စွာမာယာများကြောင်းကို ထပ်လောင်းသိစေချင်ပါသည်။ အင်မတန်မှ ကောက်ကျစ်စဉ်းလဲသော တိုက်ကကွက်တစ်ခုဖြစ်၍ အားလုံး သတိရှိကြရန် လိုပေသည်။

                                                       "ဘကြီးမှိုင်းကို လွမ်းမိသည်"
         လွတ်လပ်ရေးရပြီး ဗိုလ်ချုပ်မရှိတော့သည့်နောက်ပိုင်း လွတ်လပ်ရေးရရန် ဝိုင်းဝန်းကြိုးပမ်းကြသူများ သဘောထားကွဲခဲ့ကြသည်။ ရန်ဖြစ်ခဲ့ကြသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည် ဆိုသောစကားကို ဖောင်ဖောင်ရွတ်ပြီး ပြောချင်ရာ ပြောကြသည်။
          သဘောထားကွဲလွဲနေရုံဖြင့် ဘာမှဖြစ်လာမည်မဟုတ်ပေ။ ကွဲလွဲနေသော အမြင်များကို ဝိုင်းဝန်းအဖြေရှာပြီး တူညီလာသည်အထိ ကြိုးပမ်းရပေမည်။
          ဗုဒ္ဓအဆုံးအမအောက်တွင် နေထိုင်ကြသူများမှန်လျှင် ဒိဋ္ဌိ၊ သီလ၊ သာမည တူညီရပေလိမ့်မည်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်မရှိပေ။
          ယခုလည်း ဒီိမိုကရေစီရရှိအောင်ကြိုးပမ်းနေကြစဉ်အခါက လက်တွဲညီခဲ့ကြပါလျက် ဒီမိုကရေစီရရှိလာသောအခါ သဘောထားကွဲလွဲကြပြန်လေပြီ။
          ဒို့လူမျိုးကပဲ ဒီမိုကရေစီနဲ့ မထိုက်တန်တာလားဟု တွေးမိပြန်ပါသည်။
          ယခင်က ဆုံးမမည့် ဘကြီးမှိုင်းရှိခဲ့ပါသည်။ ယခုကား … ဘကြီးမှိုင်းလည်း မရှိတော့ပေ။
          သြော်… အတော်ရင်လေးစရာကောင်းတော့သည်။
          ငါတို့ကံကြမ္မာပါပေတကား…ဟု သံဝေဂများ သောကများ ဖြင့် မိခင် မြန်မာပြည်ကို သနားမိပါတော့သည်။
          ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုချစ်သော မည်သူ့ကိုမဆို ကြိုဆိုပါမည်။ အားပေးပါမည်။
          ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုဖျက်ဆီးမည်ကြံသော မည်သူ့ကိုမဆို မကြိုဆိုပါ အားမပေးပါ။
          တို့နိုင်ငံ တို့လူမျိုးကလည်း အခြားလူမျိုး အခြားနိုင်ငံကို မစော်ကားပါ။
တို့ကို စော်ကားလာလျှင်လည်း လုံးဝလက်မခံပါ။
          ယ္ခု တို့အမျိုးဘာသာ သာသနာ အတွက် အားသွန်ခွန်စိုက် ကြိုးပန်းနေသော ဦးဝီရသူအား စော်ကားသော TIME မဂ္ဂဇင်းအား ဤဆောင်းပါးဖြင့် ရက်အကန့်အသတ်မရှိ ရှုတ်ချပါသည်။
         လူအချင်းချင်း လှည့်ပတ်လိမ်ညာခြင်း၊ အပုပ်ချစော်ကားခြင်း၊ အဓမ္မ ဘာသာသွတ်သွင်းခြင်း၊ တရားမဲ့ အနိုင်ကျင့်ခြင်းမှ ကင်းဝေးကြပါစေ…
                                                                                          မိုးဦး (ကနီ)
From:Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>