အာဆီယံနိုင်ငံတွေကိုပဲကြည့်ကြည့် အနောက်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ပို့လို့တောင်ဆိုးသေး တယ်။ နိုင်ငံတိုင်းမှာ သူ့နိုင်ငံ သူ့ဘာသာကို ကာကွယ်ထားတဲ့ ဥပဒေဆိုတာ ရှိတယ်။ ထိုင်း၊ မလေးရှား၊ စသည့်နိုင်ငံတွေရဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေတွေကို လေ့လာပါ။ ဒီမိုကရေစီ စနစ်ကိုကျမကြိုက် တယ် ထောက် ခံတယ်။ ဒါပေမဲ့ ဒီမိုကရေစီရပြီဆိုရင် မြန်မာ အမျိုးသမီးတွေ ဘောင် ဘီအတိုနဲက ရွှေတိဂုံ ဘုရားပေါ်တက်ဖူးတာ တစ်ခြားစီပါ။ ဒီမိုကရေစီကိုထောက်ခံပေမယ့် နိုင်ငံတော်နှင့် လူမျိုးရေးစောင့်သိရမယ် ဘာသာတရား နှင့်ယဉ်ကျေးမှုကို စည်းကမ်းဖောက်လို့မရဘူးလေ။ ကျမတို့မြန်မာတွေ ဘိုးဘေးဘီဘင် လက်ထက်ကတည်း ယဉ်ကျေးမှုရှိတဲ့နိုင်ငံတစ်ခုပါ ။
မြန်မာအမျိုးသမီးတွေဆို တိုင်းတပါးသားငေးရအောင်လှတဲ့ ဇာတိမျိုးနွယ်တွေပါ။ ဒါကြောင့် အမျိုးစောင့်တဲ့ ဥပဒေကို လူ့အခွင့်အရေးဆိုတဲ့ ပေတံနဲ့လည်း မတိုင်းပါနဲ့။ တိုင်းချင်လည်း လူ့အခွင့်အရေး ဆိုတဲ့ဘာသာ ရပ် ကို ကျွမ်းကျင်ဖို့လိုပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မထွန်းအိန္ဒြာဗိုလ်က အမျိုးစောင့် ဥပဒေကို ကန့်ကွက်တယ်ဆိုတော့် စိတ်မကောင်းပါဘူး။ ကိုယ့်အနေနဲ့ လူထုကန်ပိန်း တစ်ခုကို ကန့် ကွက် တော့်မယ်ဆိုရင် ဒီဘာသာရပ်တွေရဲ့ အတိမ်နက်ကို သိဖို့လိုပါတယ်။
အမေစုကန့်ကွက်တာနဲက ငါလိုက်ကန့်ကွက်မယ် မလုပ်ပါနဲ့ သေချာလေ့လာပါ။ အမျိုးစောင့်ဥပဒေ သည် မိမိနိုင်ငံအတွက် မရှိမဖြစ်လိုတယ်ဆိုတယ် နားလည်ပါ။ နိုင်ငံ တကာဖွဲ့စည်းပုံအခြေခံ ဥပဒေ တွေ လေ့လာ ပါဦးလို့ ပြောချင်ပါတယ်။ အကယ်ဒမီဟာ ပြည်သူတွေကပေးထားတာပါ ။ အမေစုပေး ထားတာ မဟုတ်ပါဘူး။ ပြည်သူကျေးဇူး သိတတ်ဖို့လိုပါတယ်။ မထွန်းအိန္ဒြာဗိုလ်နိုင်ငံရေး လုပ်ချင်ရင်တော် ဆက်လေ့လာဖို့လိုပါလိမ့်မယ်။ ကျမ သူများဘာသာကို ထိခိုက်ပြီးလည်း မဝေဖန်ချင်ဘူး။ ဒါကြောင့် သူများယောင်လို့ယောင် မယ်တောင် မှန်းမြောက်မှန်းမသိ မလုပ်ပါနဲ့။ နမ်မည်ကြီး ရုပ်ရှင်မင်းသမီးကြီးဆိုပြီး ပြည်ပြေးသစ္စာဖောက်တွေရဲ့ ချဉ်းကပ်ပြောဆိုစည်းရုံးမှုကို နားမယောင်ပဲ နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေတွေလေ့လာပါလို့ တိုက်တွန်းချင်ပါတယ် ရှင်------------
www.mmdailystar.com