Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

$
0
0


နေပြည်တော် ဇူလိုင် ၎

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Honourable Murray Mc Cully ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နှစ်နိုင်ငံ နိုင်ငံအကြီးအကဲများ အပြန်အလှန် အလည်အပတ်ရောက်ရှိခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း၊ အဆွေတော်၏ ယခုခရီးစဉ် သည်လည်း မြန်မာနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် ခရီးစဉ် တစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ရှေ့ဆက်၍လည်း ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေးတို့နှင့်ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးက  မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဆက်လက်အားပေးကူညီသွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် ကူညီပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ယမန်နေ့က ရခိုင်ပြည်နယ်သို့ မိမိရောက်ရှိခဲ့ပါကြောင်း၊ အဆိုပါခရီးစဉ်အတွင်း မိမိသိရှိ၊ မြင်တွေ့ခဲ့မှုများအရ မြန်မာနိုင်ငံအစိုးရ ရင်ဆိုင်ကျော်လွှားနေရသော စိန်ခေါ်မှုများကို မျက်မြင်တွေ့ရှိခဲ့ပါကြောင်း၊ ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ မြန်မာနိုင်ငံနှင့်အတူ နယူးဇီလန်နိုင်ငံက ပူးပေါင်း ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတို့သည် ရခိုင်ပြည်နယ် ရှိ ဒုက္ခသည်များအား နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ စေတနာရှင်နိုင်ငံများ ပူးပေါင်းကူညီဆောင်ရွက်နေမှု၊ စားဝတ်နေရေး၊ လုံခြုံရေး၊ နေထိုင်ရေးတို့အတွက် ဆောင်ရွက်ပေးနေမှု၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများအား ပြန်လည် တည်ဆောက်ပေးနေမှု၊ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးလုပ်ငန်း အထောက်အကူပြု အလုပ်အကိုင်ရရှိရေး ကိစ္စရပ်များတွင် အကူအညီများ လိုအပ်နေမှု၊ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် အခြားနိုင်ငံများက စာသင်ကျောင်း များ ဆောက်လုပ်ရေး အတွက် ကူညီနေမှု၊ နို့စားနွားနှင့် အသားစားနွားများ မွေးမြူရေးအတွက် နည်းပညာ လိုအပ်မှု၊ မြန်မာနိုင်ငံ၌ နယူးဇီလန်နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေး တို့နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။

နယူးဇီလန်နိုင်ငံမှ နို့စားနွားမွေးမြူရေးနှင့် ပတ်သက်သည့် ပညာရှင်များ  မြန်မာနိုင်ငံသို့ မကြာမီလာရောက်မည် ဖြစ်ပါကြောင်း၊ နယူးဇီလန်နိုင်ငံ၏ နွားမွေးမြူရေးနည်းပညာများ ဖြန့်ဖြူးပေးရန်အတွက် မြန်မာနိုင်ငံတွင် စံပြမွေးမြူရေးစခန်း ထူထောင်ရန် စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့်လည်း နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ​မောင်လွင်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony Lynch  နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

From:သမ္မတရုံး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>