Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကုလား တိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ

$
0
0

ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာချ သူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက်ခဲ့ကြသောကြောင့်   ကျောက်တော်မြို့    ဆေးရုံ သို့ ရောက်နေကြရာ ထိုနှစ်ယောက်အနက် ဆေးရုံတင်ခါစတွင် သတိမရသေး သည့် ကျောင်း ဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည်လာပြီဖြစ်သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)

ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက်တိုက်ခိုက်ခံရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခြင်းခံ ခဲ့ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူလာစဉ်ကလည်း အတွင်းခံဘောင်း ဘီ အပြည့်အစုံနှင့်တွေ့ရခြင်းဖြစ်သည် ဟု ဆိုသည်။

ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူတစ်ဦးက ပြောကြားသည်။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်း စပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့် ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်းတို့ပြုခဲ့ကြသည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက်သူ များကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်း တို့ကြောင့် ဖြစ်ဖြစ်ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံမတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။

ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ်ခံရသောကြောင့် နားရွက်များ ပဲ့နေ သည်။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

From: (Coral Arakan News)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>