Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စုပြောသည့် လူ့အခွင့်အရေး နှင့် ဒေါ်စန္ဒာမင်း၏ ပြည်တန်ဆာလိုင်စင်

$
0
0
သိပ်မကြာသေးမီ အချိန်က တောရွာကလေးတစ်ရွာတွင် ဖြစ်ပွားခဲ့ပါသည်။ အိမ်တစ်အိမ်သည် အိမ်တက်မင်္ဂလာ အဖြစ်ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်လေးအား ဆွမ်းကျွေးပင့်ပြီး တရားပွဲ ပြုလုပ်ပါသည်။



၎င်းအိမ်ကလေးသည် ယနေ့ခေတ်တွင် လူ့အခွင့်ရေး အထူးလေးစားသော ပါတီမှ

ကျေးလက်ပါတီဌာနရုံးလေးနှင့် ကပ်လျှက် တည်ရှိပါသည်။ ၄င်းအိမ်တက် တရားပွဲသို့ ဘေးချင်းကပ်ရက် ပါတီဌာနရုံးမှ ပါတီဝင်များနှင့် ကျေးလက်ပါတီ ဦးဆောင်အမျိုးသမီးကြီးလည်း တရားနာလာရောက်ပါသည်။

ဆွမ်းဘုဉ်းပေးပြီးသောအခါ ဆရာတော်လေးသည် တရားပလ္လင်ပေါ်သို့ တက်ရောက်ကာ တရားဟောရန် ပြင်ပါတော့သည်။ တရားပွဲမစမီ အရင် ဆုံးငါးပါး သီလ ပေးပါသည်။



သူတစ်ပါး အသက်အား သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ အရှင်ဘုရား.

................................................................................

...................................................................................

...................................................................................

................................................................................



စသဖြင့် အစဆုံး ရွတ်ဆိုစဉ်မှာပင် လူ့အခွင့်ရေး အလေးထားသူ အမျိုးသမီးကြီးမှ မတ်တပ်ထရပ် လိုက်ပါလေတော့သည်။ အားလုံးလဲ ဘာရယ်မသိ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

အကြည့်အားလုံးက ထိုအမျိုးသမီး ကြီးထံ သို့ စုပြုံ ရောက်ရှိသွားစဉ်မှာပင် "ဘုန်းဘုန်း ဘုရား ဘုန်းဘုန်းရဲ့ ငါးပါးသီလ ထဲက တစ်ချို့ထဲသော အချက်လက်တွေကို တပည့်တော်မ ကန့်ကွက် ပါတယ်ဘုရား။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီလို့ပါ။"ဟု ပြောလိုက်လေ သည်။

လူအုပ်ကြီးမှ သက်ပြင်းချသံများ ထွက်ပေါ်လာပြီး ဘုန်းဘုန်းလဲ မျက်လုံးပြူးသွားရရှာသည်။ "ဟမ် . . . ဘာလို့လဲ ဒကာမကြီးရဲ့ ဘယ်အချက်လက်တွေကများ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီပါသလဲ။"

ဒီလိုပါ ဘုရား သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခိုင်းတယ် ဆိုရာမှာ နိုင်ငံတကာမှာက အရက်ဘီယာ အစရှိသည်တို့ကို အသက်(၁၈)နှစ်ပြည့်ရင် တရားဝင် သောက်သုံးခွင့်ပေးထားပါတယ်။

ဒီထဲမှာ ရှိနေတဲ့ သူတွေထဲမှာ အသက် (၁၈) နှစ်ပြည့်ပြီးသားတွေ အများကြီးပါပါတယ်။ ဒီတော့ ဒီလူတွေကို သေရည်သေရက် ရှောင်ကြဉ်ရမယ်လို့ ဘုန်းဘုန်း တားမြစ်နေတာက နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီပါဘူး ဘုရား။ သူတို့ သောက်သုံးချင်ရင် သောက်သုံးသင့်ပါတယ်။ ဘုန်းဘုန်းမတားသင့်ပါဘူး။

နောက်ပြီးတော့ ကာမေသု မိစ္ဆာ ဆိုတဲ့ နေရာမှာ ဘုန်းဘုန်းဆိုလိုတာက ကိုယ့်ဇနီးမယား မဟုတ်တဲ့သူတွေနဲ့ လိင်မဆက်ဆံရ သလို ဖြစ်နေပါတယ်။ အချို့ သော အမတ်မင်းများဟာ ဆိုရင်ဖြင့် ကိုယ့်ဇနီး မယားမဟုတ်တောင်မှ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် လိင်ဆက်ဆံလို့ရအောင် ပြည့်တန်ဆာ ဥပေဒေတွေတောင်မှ လွှတ်တော်မှာ တင်သွင်းနေပါတယ် ဘုရား။ နောက်ပြီးတော့ နိုင်ငံတကာမှာ တရားဝင် မယူဘဲနဲ့ living together အဖြစ်နဲ့ ကလေးတွေရသည်ထိ လိင်ဆက်ဆံ နေခွင့်ရှိပါတယ်။ ဒီတော့ ကိုယ့်ဇနီး မယား မဟုတ်ဘဲနဲ့ တခြားသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခိုင်းတာဟာ နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီဘူးပါဘူး ဘုရား . . .



ထို့နောက်...............................................

ထို့နောက်...............................................

ထို့နောက်...............................................

ထို အမျိုးသမီးကြီးကား အထက်ပါ ကဲ့သို့ ချက်နှင့် လက်နှင့် ပြည့်ပြည့်စုံစုံ ပြောပြပြီး ပြန်ထိုင်သွားလေတော့သည်။

ဆရာတော်လေးသည်ကား ငါးပါးသီလကို ဆက်ပေးရကောင်းနိုးနိုး၊ တရားပွဲကို ဆက်ဟောရ ကောင်းနိုးနိုးနှင့် တခွန်းသော စကားကို ရေရွတ်လိုက်ပါတော့သည်။

“ဒုက္ခပါပဲ ဒကာမကြီးရာ”



From: Wira Thu
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>