Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံခြားသားကို ယူထားသော ဒေါ်စု ကန့်ကွက်သော်နေသော်လည်း မန္တလေး NDF ပါတီ အမျိုးစောင့် ဥပဒေပေါ်ထွက်ရေး လှုပ်ရှားမှု ပြုလုပ်

$
0
0


မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေးအဆိုကို ထောက်ခံသည့် လှုပ်ရှားမှုတစ်ခု မန္တလေးခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရှိရသည်။
“ကျွန်တော်တို့ မန္တလေး လေးမြို့နယ်မှာ မျိုးစောင့်ဥပဒေကို ထောက်ခံခြင်းနဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign လုပ်ပါတယ်။ ထောက်ခံကြောင်းနဲ့ ဆန့်ကျင်ရှုတ်ချကြောင်းပါတဲ့ စာရွက်တစ်သောင်းခန့် ဝေပါတယ်။”ဟု ယင်းပါတီ ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး လူငယ်တာဝန်ခံ ဦးစည်သူအောင်က The voice သို့ ပြောကြားသည်။

ယင်းပါတီမှ အဖွဲ့ဝင် အင်အား (၅၀)ခန့် ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ချမ်းမြသာစည်မြို့နယ်တို့ရှိ ဈေးနှင့် လူစည်ကားသည့် နေရာများတွင် ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ၄င်းကဆိုသည်။
တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခိုင်မြဲလာသော မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေသည့် ဘာသာပေါင်းစုံညီညွှတ်ရေးအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေမှုကို ထိခိုက်စေခြင်း၊ ဖြူစင်သန့်ရှင်း လွတ်လပ်ပွင့်လင်းသည့် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းသော ဘာသာတရားကို အကြမ်းဖက်ဝါဒီအဖြစ် အရုပ်ဆိုး အကျည်းတန်အောင် ရေးသားချက်များအားလုံးကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရဲဝံ့ပြတ်သားစွာ ရှုတ်ချကန့်ကွက်ကြောင်းနှင့် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးသို့ တင်ပြ၍ သဘောထား ကြေညာချက်တစ်ရပ် အမြန်ထုတ်ပေးရန် တင်ပြသွားမည့်အဆိုကို ကြိုဆိုပါကြောင်း ယင်းပါတီက ပြုလုပ်သည့် လှုပ်ရှားမှုတွင် ဖြန့်ဝေသောစာ၌ ဖော်ပြပါရှိသည်။
From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>