Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ

$
0
0

“တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ”


တရုတ်နိုင်ငံတွင် ‎China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထား သည့် ရုပ်ရှင်တစ်ခုကို လူစည်ကားသည့် နေရာမှ ‎LED ‎Screen ကြီးပေါ်တွင် ပြသမိခဲ့ကြောင်း သိရှိရသည်။ အများပြည်သူ သွားလာနေသော နေရာတွင် ထောင်ထားသည့် ကြီးမားလှသည့် LED Screenကြီးပေါ်တွင် ဆိုးဆိုးရွားရွား အပြာပုံရိပ်များ ထွက်ပေါ်လာခြင်းကြောင့် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။

ဂျီလင်းခရိုင်ရှိ ရင်ပြင်တစ်ခုတွင် စိုက်ထူထားသော LED Screenကြီး၌ ‎The ‎Forbidden ‎Legend: ‎Sex and ‎Chopsticks ဇာတ်ကားသည် (၁၀)မိနစ်မျှ ပြသနေခဲ့ရာ ဖြတ်သွားဖြတ်လာများ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။ ယင်းသည် LED Screenတွင် ထုတ်လွှင့် ပြသမှုများကို တာဝန်ယူထားသည့် ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး၏ အမှားကြောင့် ဖြစ်သည်။

နည်းပညာ ကျွမ်းကျင်သူ တစ်ဦးသည် ၎င်း၏ ကွန်ပျူတာဖြင့် ယင်းဇာတ်ကားကို ကြည့်ရှုနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ပျူတာသည် LED Screenတွင် ပြသမှုကို တိုက်ရိုက် ချိတ်ဆက်ထားသည်ကို သတိမမူမိဘဲ ရှိနေခဲ့ခြင်းဟု သိရသည်။ ယွမ်မူဆိုသော အဆိုပါ ဝန်ထမ်းသည် ၎င်း၏ အမှားကို သတိပြုမိချိန်တွင် ကွန်ပျူတာကို ပိတ်သိမ်းပြီး ရုပ်ရှင်ဇာတ်ကား ကူးယူထားသည့် DVDကိုလည်း ပြန်ထုတ်ထားလိုက်သည်။

သို့သော်လည်း ယင်းမတော်တဆ ဖြစ်ရပ်အကြောင်း လျင်မြန်စွာ လူသိခဲ့ပြီး ဂျီလင်း ဘူတာအနီးတွင် လူအများက LED Screenကြီးကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေသော်လည်း အများစုကမူ ယင်းကို ဟာသအနေဖြင့်သာ သဘောထားကြကြောင်း သိရသည်။ ယင်းဇာတ်ကားသည် (၁၇)ရာစုနှစ် တရုတ်ဝတ္ထုရှည် The ‎Plum ‎in the ‎Gloden ‎Vase ကို အခြေခံ ရိုက်ကူးထားခြင်းဟုလည်း သတင်းများက ဖော်ပြခဲ့သည်။



From: ‎PlanetMyanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...